Saturday 19 May 2012

ထိုင်းနိုင်ငံထဲ ခိုးဝင်လာသူ မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ

ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ(ဓာတ်ပုံ thairath)
မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲမှာ လာရောက်အလုပ်လုပ်ဖို့ကြိုးစားတဲ့ တရားမ၀င် အလုပ်သမားပေါင်း ၁၀၀ ကျော်ကို ထိုင်းစစ်တပ်က ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် ထိုင်းရပ် အွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။ 

ထိုင်းနိုင်ငံ အနောက်မြောက်ဘက် ကမ်ဖိုင်ဖိတ်ခရိုင် ခလောင်းကန်မြို့နယ် ပုန်နမ့်လွန်ဒေသထဲက တောတွင်း တနေရာမှာ အလုပ်သမားတွေ ပုန်းခိုနေတယ်ဆိုတဲ့ သတင်းပေးချက်အရ ထိုင်နယ်ခြားစောင့်တပ် ပြည်သူ့စစ်နဲ့ နယ်မြေခံရဲတွေ ပူးပေါင်းပြီး မေလ ၁၆ ရက်နေ့မှာ သူတို့ကို ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်။ 

အဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၂၀၊ အမျိုးသမီး ၁၆ ဦးပါဝင်ပြီး အများစုဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လာတာဖြစ်တယ်။ ဘန်ကောက်နှင့် တခြားခရိုင်တွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် တဦးကို ဘတ်ငွေ ၁၇၀၀၀ နှုန်းနှင့် ပွဲစားက ခေါ်ခဲ့ပြီး အလုပ်ရလျှင် လစာကနေဖြတ်ယူဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးရမိသူတွေကို လိုအပ်သလို အရေးယူပြီးရင် နယ်စပ်ပြန်ပို့ဖို့ စီစဉ်နေကြောင်း ခလောင်းကန်ရဲစခန်းက တာဝန်ကျ ရဲအရာရှိတဦးက ထိုင်းရတ်သင်းဌာနကို ပြောသွားပါတယ်။ 

Ref: DVB

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes