Sunday 13 May 2012

။။။။။။။။။။။အမေ။။။။။။။။။။။

အမေ့လှေမှာ
သားသမီးတွေလာ
တသက်စီးတော့
လှိုင်းမကြီး လေမထန်
ရေဆန်ကို အမေမမှု့
အန်တုလို့ ပြုံးရွှင်လန်း.....။

သားသမီးတွေရဲ့လှေမှာ
အမေလာ တစ်ရက်စီးတော့
လှိုင်းကကြီး လေကထန်
ရေဆန်မှာ အံကိုခဲ
ချွေးတရွှဲရွှဲ.....။

((အမည်မသိစာဆိုရှင်))
 
(၂၀၁၂ မေလ ၁၃ ရက် နိုင်ငံတကာအမေနေ့အတွက် အဝေးရောက်ရင်သွေးတိုင်းနှင့် ထပ်တူရှိနေမည့် ကဗျာ။ ကမ္ဘာပေါ်က အမေတိုင်း သူ့ချစ်ရင်သွေးတွေနှင့် ကျန်းမာပျှော်ရွှင်စွာ နေနိုင်ပါစေ။ ကမ္ဘာပေါ်က ရင်သွေးတိုင်း မိဘအပေါ် တုန့်လှည့်တဖန် ကျေးဇူးပြန်လည်ဆပ်နိုင်ပါစေ...။)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes