Sunday 13 May 2012

 အသက် ၁၈ နှစ်ပြည့် သူတိုင်း ငွေလဲကောင်တာများမှ ငွေဝယ်ယူ၍ MFTB နှင့် MICB ဘဏ်တို့တွင် နိုင်ငံခြားဘဏ်စာရင်း ဖွင့်ခွင့်ရှိကြောင်းသိရ

နိုင်ငံခြားငွေကြေးသုံး အစိုးရဘဏ်များတွင် ဒေါ်လာ အကောင့်ဖွင့် ချင်သူတိုင်း မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နှင့် မြန်မာ့ရင်းနှီး မြုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေး ဘဏ် MICB တို့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသားတိုင်း မည်သူမဆို နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ရရှိသောသတင်းများအရ သိရသည်။ 

အဆိုပါသသတင်းအား ပြီးခဲ့သည့် တစ်ပတ်အတွင်း နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။ သို့သော် သတင်း ထုတ်ပြန်ပြီး မကြာခင်ဘဏ်၌သွား၍ စာရင်းဖွင့်သည့်အခါ ညွှန်ကြား စာမရောက်ရှိသေးသဖြင့် စာရင်းဖွင့်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသဖြင့် သတင်း မှန်ကန်မှု ရှိ၊ မရှိအပေါ် ဘဏ်စာရင်း ဖွင့်ချင်သူများက အထူးစိတ်ဝင်စားလျက်ရှိခဲ့ကြောင်း သိရသည်။

“သက်ဆိုင်ရာတာဝန်ရှိသူက လုပ်ပေးစရာရှိတာကို ပြောကြားခဲ့ပေမယ့် ဒီနေ့ပြောပြီး နောက်နေ့ချက်ချင်း သက်ဝင်ဖို့က မလွယ်သေးဘူး။ ဒါပေမယ့် အခုတော့ လုပ်ပေးနေပါပြီ။ ဒေါ်လာ ၅၀၀၀ လောက်ကစပြီးတော့ အကောင့်ဖွင့်ပေးနေပါပြီ။ အဓိက ကတော့ ၀င်ငွေရလမ်း ဖော်ပြစရာမလိုပါဘူး။  money changer မှာ ဒေါ်လာကိုသွားဝယ်လိုက်ပြီး သွားဖွင့်ရင်ရနေပါပြီ။ ကိုယ်ကိုယ်တိုင်မဖွင့် ချင်ရင်လည်း AD လိုင်စင်ရဘဏ် ၁၁ ဘဏ်ကနေပြီးတော့ Account Transfer နဲ့လွှဲလို့ရနေပါပြီ။ ကိုယ် ကိုယ်တိုင် ဖွင့်မယ်ဆိုရင်လည်း ဖွင့်လို့ရပါတယ်”ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။

AD လိုင်စင်ရဘဏ်များရှိ အမေရိကန်ဒေါ်လာငွေအား Account Transfer ဖြင့် ကုမ္ပဏီများသို့ လည်းကောင်း၊ ဘဏ်အချင်းချင်းသော် လည်းကောင်း၊ သတ်မှတ်ထားသောနှုန်း Reference Rate ၏အပေါင်း ၀ ဒသမ ၃ ရာခိုင်နှုန်းဖြင့်သော်လည်းကောင်း၊ အနုတ် ၀ ဒသမ ၃ ရာခိုင်နှုန်းဖြင့် သော်လည်းကောင်း 
 ရောင်းဝယ်နိုင်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်သော သတင်းများအရ သိရှိရပါသည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes