Friday 18 May 2012

မြန်မာအပေါ်ဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန် သက်တမ်းတိုး

ပြုပြင်ပြောင်းလဲမှုတွေဟာ အခြေတည်စ အခြေအနေမျိုးမှာသာ ဆက်လက်ရှိနေသေးတယ်
အမေရိကန်က မြန်မာအပေါ် အရေးယူ ဒဏ်ခတ်ထားတာတွေကို သမ္မတအိုဘားမားက နောက်ထပ် တနှစ်သက်တမ်းတိုးလိုက်ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတိုးတက်မှုတွေနဲ့ အစိုးရအပြောင်းအလဲတွေ ရှိခဲ့ပေမယ့်လည်း ဒါတွေဟာ အခြေတည်စ အခြေအနေမျိုးမှာသာ ဆက်လက်ရှိနေသေးတယ်လို့ မစ္စတာ အိုဘားမားက ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ပိုမိုတွန်းအားပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက လုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်အချို့ အပါအ၀င် အီးယူနှင့် အာရှနိုင်ငံတွေကနေ ပိတ်ဆို့မှုတွေ လျှော့ချရေး တောင်းဆိုနေပေမယ့်လည်း ပစ္စတာ အိုဘားမားက အခုလို သက်တမ်းထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေလျှော့ချရေးအတွက် ဆွေးနွေးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

Ref: BBC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes