Sunday 13 May 2012

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်းရှိ ဧရိယာအကျယ်အ၀န်း ၅၀၅၃၅ ဒသမ ၀၂၃၃ ဧကအား ထားဝယ် အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်


7325
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အတွင်းရှိ ဧရိယာ အကျယ်အ၀န်း ၅၀၅၃၅ ဒသမ ၀၂၃၃ ဧကအား ထားဝယ်အထူးစီး ပွားရေးဇုန်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့က မတ်လအတွင်းက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် ပေးလိုက်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရအဖွဲ့သည် မြန်မာ့ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေတို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ကို ကျင့်သုံး၍ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ နယ်မြေဧရိယာစတုရန်း ကီလိုမီတာအား ဖြင့် ၂၀၄ ဒသမ ၅၀၈၈၂၁၂ ၊ ဧရိ ယာအကျယ်အ၀န်းအားဖြင့် ၅၀၅၃၅ ဒ သမ ၀၂၃၃ ဧကရှိသည့် နယ်မြေကို ထားဝယ်အထူးစီးပွားရေးဇုန် အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် နယ်နိမိတ် အလားအလာသတ်မှတ်ချက်များတွင် ထားဝယ်ခရိုင်အတွင်း ရှိ မယင်းကြီးရွာ၊ ဧကနိရွာ၊ ပြင်း ဖြူရွာ၊ ကင်းရွာ၊ ပုလဲကူရွာ၊ ကျ ခတ္တပင် အင်းရွာ၊ နတ်တွင်းရွာ၊ ဒေါင်း ရှောင်ရွာ၊ သပြေရွာ၊ ငပိတက်ရွာ စသည့် ကျေးရွာများနှင့် ဆက်စပ်သည့်နယ်မြေများ ပါဝင်ကြောင်းလည်း သိရှိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် အတွင်း ရင်းနှီးတည်ဆောက်သူ(သို့မဟုတ်) ရင်းနှီးမြှုပ်နှံသူသည် ဥပဒေ အရခွင့်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေ၊ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် အတွင်း ရင်းနှီးတည်ဆောက်သူ (သို့ မဟုတ်) ရင်းနှီးမြှုပ်နှံသူသည် မိမိ ငှားရမ်းခွင့် (သို့မဟုတ်) အသုံးပြုခွင့် ရရှိသောမြေ၏ မြေပေါ်မြေအောက်၌  ခွင့်ပြုသည့်လုပ်ငန်းနှင့် မသက်ဆိုင်သည့် မူလစာချုပ်တွင် မပါဝင်သော ရှေးဟောင်းဝတ္ထုပစ္စည်းများတွေ့ရှိ လျှင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသို့ ချက်ချင်း အကြောင်းကြားရမည်ဖြစ်ပြီး မူလ စာချုပ်တွင် မပါဝင်သော သဘာဝ သယံဇာတ တွင်းထွက်ပစ္စည်းများကို တွေ့ရှိလျှင်လည်း စီမံခန့်ခွဲမှုကော်မတီသို့ ချက်ချင်း အကြောင်းကြား ရမည်ဖြစ်ကြောင်း သိရသည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes