Monday 22 August 2011

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana မြန်မာနိုင်ငံသို့ ရောက်ရှိ

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၂၁ ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံတွင် ရှိနေစဉ် အတွင်း အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန်
စီစဉ်ထားကြောင်း သိရသည်။

၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံး လာရောက်ခဲ့ပြီး သုံးကြိမ် လာရောက်ခဲ့ဖူးကာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင် ဆောင်ရွက်နေသည်။ Tomás Ojea Quintana နောက်ဆုံး လာရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်မှာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ဖြစ်သည်။
Profile
အမည် - Tomás Ojea Quintana
လူမျိုး - အာဂျင်တီးနား
အခြား - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင် ဆောင်ရွက်နေသည်။ ရှေ့နေ။ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည်မှာ ၁၄ နှစ်ကျော်ပြီဖြစ်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes