Friday 26 August 2011

ကမ္ဘာ့ ဒုက္ခသည်ဦးရေ ၁၂ သန်းမှာ မြန်မာက ၈ သိန်းပါဝင်

ကမ္ဘာအနှံ့မှာ ခိုကိုးအားထားစရာနိုင်ငံမရှိဖြစ်နေကြတဲ့ ဒုက္ခသည် ၁၂ သန်းလောက်ရှိနေပြီးတော့ သူတို့မှာ အကူအညီမဲ့၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နိုင်ငံမဲ့ ဒုက္ခသည် ပပျောက်ရေး လှုပ်ရှားမှု စတင်ပြုလုပ်တဲ့ သြဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံထဲမှာလည်း သိန်းနှင့်ချီတဲ့ နိုင်ငံမဲ့ဒုက္ခသည်တွေရှိနေပြီး သူတို့အတွက် တရားဝင်နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မြန်မာအစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်နေတဲ့အကြောင်းUNHCR ပြောခွင့်ရသူက ဗွီအိုအေကိုပြောပါတယ်။
ဂျနီဗာမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နိုင်ငံမဲ့ဒုက္ခသည် ပပျောက်ရေး လုပ်ဆောင်မှုစတင်ကြောင်း ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မြန်မာနို်င်ငံက ရိုဟင်ဂျာ ဒုက္ခသည်အရေးကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။

ကမ္လာအနှံ့မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ဒုက္ခသည်အရေအတွက် ၁၂ သန်းရှိနေပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့နိုင်ငံမဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက်ဟာ ၇၉၇၀၀၀ (ခုနှစ်သိန်း ကိုးသောင်း ခုနှစ်ထောင်) ရှိပါတယ်လို့ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရသူ မစ်စ် ကေသီမက်ကလင်းဇီး က ဗွီအိုကေကိုပြောပါတယ်။
အဲဒီနိုင်ငံမဲ့ဒုက္ခသည်တွေထဲက ထက်ဝက်လောက်ကို နိုင်ငံသားအဖြစ် လက္ခံပေးဖို့အရေးအတွက် UNHCR က မြန်မာအစိုးအရနှင့် ဆောင်ရွက်နေသလို နေပြည်တော်မှာ ကျင်းပနေတဲ့ အလွှတ်တော် အစည်းအဝေးမှာလည်း ဒီကိစ္စကို ထည့်သွင်းဆွေးနွေးပေးဖို့ တွန်းအားပေးနေတဲ့အကြောင်း ပြောပါတယ်။

" ကျွန်မတို့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀၀၀၀၀ (လေးသိန်း) လောက်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့၊ နိုင်ငံသားလက်မှတ်တွေ ထုတ်ပေးဖို့၊ အစိုးရနှင့် ညှိနှိုင်းပြီး လုပ်ဆောင်နေပါတယ်။ ဒါက ပထမဆုံးအဆင့် လုပ်ဆောင်နေတာဖြစ်ပါတယ် ဒီအရေးကိစ္စနှင့်ပတ် သက်ပြီးတော့ နေပြီတော်က လွှတ်တော်မှာ ဆွေးနွေးအဖြေရှာနိုင်အောင်လည်း တိုက်တွန်းနေပါတယ်။"

 နိုင်ငံမဲ့ဒုက္ခသည်တွေဟာ ထိုင်း၊ မြန်မာနယ်စပ်မှာရောက်နေတဲ့ သိန်းနှင့်ချီတဲ့ ဒုက္ခသည်တွေနှင့် မတူတဲ့ အကြောင်းကိုလည်း မစ်စ် မက်ကလင်းဇီး က ပြောပါတယ်။

"နယ်စပ်ရောက် ဒုက္ခသည်တွေဟာ မူလနိုင်ငံမှာ နိုင်ငံသားဖြစ်ပြီးတော့ စစ်ဘေးအပါအ၀င် အကြောင်းအမျိုးမျိုးနှင့် ထွက်ပြေးလာကြသူတွေပါ ဒုက္ခသည်စခန်းတွေမှာ တရားဝင်စာရင်းပြုစု ထားတဲ့အပြင် ခလေးတွေမွေးတဲ့အခါမှာလည်း မွေးစာရင်းတွေ ထုတ်ပေးပါတယ်။"

 နိုင်ငံမဲ့ဒုက္ခသည်တွေမှာတော့......

" နိုင်ငံမရှိ နိုင်ငံမဲ့နေတဲ့သူတွေရဲ့ဒုက္ခက သိပ်ကိုနာကျင်စရာ ကောင်းပါတယ်။ သူတို့မှာ ဘာအခွင့်အရေးမှ မရှိပါဘူး သူတို့ခလေးတွေ ပညာသင်ခွင့်မရသလိုဘဲ ကျမ္မာရေး စောင့်ရှောက်မှုလည်း မရပါဘူး နိုင်ငံကူးလက်မှတ် ခရီးသွားခွင့်လက်မှတ်ဆိုတာတွေမရှိတော့ ဘယ်မှလည်း သွားလို့ လာလို့ မရကြရှာပါဘူး ဒီဘ၀က မကျွတ်သေးသရွေ့တော့ သူတို့ကမွေးလာတဲ့ သားသမီးတွေ မြည်းတွေ မျိုးယိုးစဉ်ဆက် တောက်လျောက် နိုင်ငံမဲ့ ဒုက္ခသည်အဖြစ်နှင့်ဘဲ နေသွားကြားရမှာပါ။"

ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ပြောခွင့်ရ အမျိုးသမီး မစ်စ် မက်ကလင်းဇီးပြောသွားတာဖြစ်ပါတယ်။

Source: ဗွီအိုအေ အသံဖိုင်မှ ကူးယူဖေါ်ပြပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes