Saturday 27 August 2011

သိပြီးသား ဖြစ်ချင်ဖြစ်မယ်

FB account ရှိသူတိုင်းအတွက် ရည်ရွယ်ပါတယ် ဆိုတဲ့ သတိပေးစာကို ထပ်ဆင့် ဖြန့်ဝေပေးလိုက်ပါတယ်။

ကိုယ့် မိတ်ဆွေထဲက တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ပဲဖြစ်ဖြစ် "Visit the New Facebook" ဆိုတဲ့ လင့်(ခ်)ကို ပေးလာရင် မဖွင့်ကြပါနဲ့။ ဖွင့်လိုက်တာနဲ့ ကိုယ့် FB စာမျက်နှာ ပျောက်သွားပါလိမ့်မယ်။ ကိုယ့် ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပြီး ကိုယ့်စာမျက်နှာ ပျက်သွားအောင် လုပ်မှာမို့ သတိထားကြပါ။ ကော်ပီကူးပြီး မိတ်ဆွေတွေဆီ လက်ဆင့်ကမ်းကြပါ။ မိတ်ဆွေတွေသာ မကဘဲ ကိုယ့် အုပ်စု (groups) တွေထဲမှာလည်း ဖြန့်ကြပါ..(လက်ဆင့်ကမ်းအသိပေးခြင်းပါ)
(ဖြည့်စွက်။   ။  G-Mail အဲလို Web Page အတုနှင့် ဟက်တာရှိပါတယ် ဥပမာ.. ကိုယ်နှင့် တခြား မိတ်ဆွေတစ် ယောက်ယောက်ချက်နေတဲ့အခါမှာ တစ်ဖက်က ကိုယ့်ရဲ့ ဘောက်စ်ထဲကို G-Mail , Sign in Web page Link တစ်ခုပို့လိုက်တယ်ဆိုပါစို့ ကိုယ်က အဲဒီ Link ကို ဖွင့်လိုက်တဲ့အခါ Sign in Web page ပွင့်လာပါလိမ့်မယ် ထူးခြားတာက တကယ် Sign in Web page အစစ်နဲ့အနည်းငယ် ကွဲလွဲမူရှိတဲ့အတွက် ခွဲခြားရတာ လွယ်ကူပါတယ်။ အဲဒီLinkကို ဖွင့်လျင်ဖွင့်ချင်းတော့ ဘာမှမဖြစ်သေးပါဘူး အဲ.. အဲဒီ Sign in ထဲမှာ ကိုယ့်ရဲ့ Account Name, Passwords တွေထည့်လိုက်ပြီဆိုရင် Web page က ကိုယ့်ဆီမှာပျောက်သွားပြီး တစ်ဖက်လူဆီမှာ သွားပေါ်ပါလိမ့်မယ်...။ ကိုယ့် Account Name, Passwords အသေးစိတ်ကို သွားပေါ်ပါလိမ့်မယ်။ သိပြီးသားဖြစ်ချင်ဖြစ်မှာပါ ကိုယ်တိုင်ကြုံခဲ့ရတာမို့ ထပ်မံဖြည့်စွက် မျှဝေခြင်းပါ)
Source: ဧရာဝတီ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes