Thursday 25 August 2011

ကိုင်း......... ဘယ်လိုလုပ်ကြမလဲ.......??????

တရုပ်ရေအားလျှပ်စစ်ကုမ္ဗဏီ Sinhydro Bureau မှ ရိုက်ကူးထားသည့် မြစ်ဆုံ ရေကာတာစီမံကိန်း အကောင်အထည်ဖေါ်နေဆဲ စီမံကိန်းဓာတ်ပုံများဖြစ်ပါတယ်။ ဒီပုံတွေကြည့်ပြီး မေးခွန်းတွေက တသီကြီးပေါ်လာတယ် မေးခွန်းဆိုလို့ အသစ်အဆန်းတော့မဟုတ်ပါဘူး နှစ်စဉ် မပြောင်းတမ်းမေးနေတဲ့ မေးခွန်းအဟောင်းတွေပါဘဲ ဒါပေမယ့် မေးခွန်းအဟောင်းနဲ့သာအမြဲတွေ့နေတယ် သင်္ခန်းစာမကြေတော့ ကျုပ်တို့စာမေးပွဲက အောင်တယ်ရယ်လို့မရှိဘူး..... ကဲ မေးခွန်းအဟောင်းတွေ ဖတ်ကြည့်ကြရအောင်....

၁။ ဒီမိုကရေစီအစိုးရသစ်က ဘာကြောင့် ပြည်တွင်းစစ်မီးကို စတင်မွှေးရသလဲ.....
၂။ ဒီမိုကရေစီအစိုးရလို့တသွင်သွင်ပြောနေပြီး ဘာကြောင့် ဒီမိုကရေစီအတွက် ပေးဆပ်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ယခုအချိန်အထိ လွှတ်မပေးသေးတာလဲ.........
၃။  အရပ်ဝတ်ကလေးပြောင်းဝတ်လိုက်ရုံသက်သက်နဲ့ အရပ်သားအစိုးရ စစ်စစ်ဖြစ်ကရောတဲ့လား.........
၎။ ဒေါ်စုကို အပြုသဘောဆောင်ပြီးဆွေးနွေးပါတယ်ဆိုပြီး တက်ဖက်မှာတော့ ပြည်တွင်းသတင်းတွေမှာ ထုတ်ဖေါ်ခွင့်မပေးတာ ဘာသဘောလဲ..........
ဒါဆို......................ဒေါ်စုကို ဆွေးနွေးနေခြင်းဟာ................
၁။ မြစ်ဆုံစီမံကိန်းကို မေ့ဆေးပေးနေတာလား.......
၂။ ကမ္ဘာ့စစ်ခုံရုံးကို မေ့ဆေးကြွေးနေတာလား..........
၃ သန်းရွှေတို့တစ်စုအတွက်....ဆူဟာတိုနောက် ကောက်ကောက်ပါအောင်လိုက်ရမယ့်ကိစ္စ
....မေ့ဆေးကြွေးနေတာလား..........
၎။ အာဆီယံအိပ်မက်အတွက် လာတ်ထိုးနေတာလား.........
မေးခွန်းတွေများလို့တော့ တွေဝေမသွားပါနဲ့ အဖြေကတော့ ရှင်းရှင်းလေးပါ.....။
သေချာတာတစ်ခုက အစိုးရသစ်က ပြည်သုတွေကို စေတနာဗလပွနဲ့ချပေးနေတဲ့ ဖုန်းလေးတွေ ဟိုဟာ ဒီဟာလေးတွေ လူ့အခွင့်အရေးယောင်ယောင် ဘာယောင်ယောင် အပေါ်ယံရွှေမှုန်ဖြူးလေးတွေက လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဆီက သူတောင်းစားတစ်ယောက်ထက် အဆထောင်သောင်းမကနိမ့်သေးတယ် ဆိုတာဘဲ....။ မမြင်ဘူးတော့ မူးမြစ်ထင် ...... ဒါကို ယုံမှတ်လို့ ပုံအပ်မိရင်တော့ .... နေ၀င်းပြောသလိုပါ့.... စစ်တပ်က ပစ်ရင် မိုးထောင်မပစ်ဘူး မှန်အောင်ပြစ်တတ်တယ်လို့....... ကဲ ပြည်သူတွေ အတန်တန်ကန့်ကွက်ပါလျက် ငြင်ဟောင်းမပြောက် တစ်ဇောက်ကမ်းဆက်လုပ်နေတဲ့ဓာတ်ပုံမှတ်တမ်းတွေ...









Source: MYY

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes