Wednesday 24 August 2011

မလေးရှား သွားမည့် မြန်မာ အမျိုးသမီးများ သတိပြုဖွယ်

မြန်မာနိုင်ငံမှ အမျိုးသမီး အချို့ မလေးရှား နိုင်ငံသို့သွားရောက် အလုပ်လုပ် ကိုင်မည်ဆိုလျှင် သေချာစွာ စုံစမ်းပြီးမှ သာသွားသင့်ကြောင်း ဇူလိုင် လ အတွင်းက မလေးရှား နိုင်ငံမှ ပြန်လည် ရောက် ရှိလာသော နိုင်ငံသား အချို့၏ပြောကြားချက် များအရ သိရသည်။
အဆိုပါ မလေးရှားပြန် အလုပ်သမားတစ်ဦး က “မြန်မာအမျိုးသမီးတွေ ဟိုမှာဆို အထည်ချုပ် စက်ရုံတို့၊ လေအေးစက် အပိုပစ္စည်းစက်ရုံတို့မှာ အများဆုံး တွေ့ရတယ်။ အချို့လည်း အဆင်ပြေ သလို တချို့ကျတော့ လခမရတဲ့ အပြင် နှိပ်စက် ပါခံရတယ်။ မြန်မာ ပွဲစားတွေက ပိုဆိုးတယ်။ အမှန်တကယ် စက်ရုံရှိ မရှိ ပြည်ပ မထွက်ခွာမီ ကတည်းက စုံစမ်း သင့်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ၀န်ဆောင်မှုကုမ္ပဏီတချို့မှာ မိမိတို့ဝင်ငွေ ရရှိရေးအတွက် တစ်လ လျှင်ပျမ်းမျှ မြန်မာငွေကျပ် လေးသိန်းမှ ငါးသိန်းနီးပါး ရရှိမည် ဖြစ်ကြောင်း၊ ၀န်ဆောင် စရိတ်အပါ မြန်မာကျပ် ငွေရှစ် သိန်းပေး ရမည့်ဖြစ်ကြောင်း၊ ငွေကြေး မတတ်နိုင် သောသူများအား ၎င်းတို့ ကုမ္ပဏီမှ စိုက်ထုတ် ပေးထား မည်ဖြစ် ကြောင်း၊ စိုက်ထုတ် ပေးသည့်အတွက် လစာငွေမှ ဖြတ်တောက် သွား မည်ဖြစ်ကြောင်း ကုမ္ပဏီ အချို့မှ မြို့နယ်များသို့ marketing ဆင်း၍ ဆွဲဆောင်နေသည်ကိုတွေ့ ရကြောင်း ၎င်းကထပ်မံပြောသည်။
“ကျွန်မ အခုနေတဲ့ ရပ်ကွက်ထဲမှာ လည်း အမျိုးသမီးငယ် တွေနဲ့ လူလတ်၊ လူငယ်ပိုင်း တွေ ကို အလုပ်လုပ်ကိုင် မယ့်သူခေါ်လာရင် တစ်ဦး ကျပ်တစ်သိန်း ပေးမယ်၊အဲ့လိုတွေ ပြောပြီး စည်းရုံး နေတာ တွေ့ရတယ်” ဟုဆိုသည်။ မည့်သို့ပင်ဖြစ် စေ မိမိအသိဥာဏ်ဖြင့် စဉ်းစား၍ သေချာသော ကုမ္ပဏီသို့မဟုတ် ဆွေမျိုးသားချင်း၊ သူငယ်ချင်း များ နှင့် တိုင်ပင်ပြီးမှ သာသွား သင့်ကြောင်း ပြည်ပ မှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံ သား များထံမှ သိရ သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes