Wednesday 24 August 2011

မယေယာတဲ့ ယာယီပါ့စ်ပို့

ထိုင်းနိုင်ငံမှာ ယာယီပါ့စ်ပို့နဲ့နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာ လွတ်လွတ်လပ်လပ်နဲ့ ခရီးသွားလာခွင့် အလုပ်လုပ်ကိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပေမယ့်လည်း ခရီးသွားလာခွင့်တွေ ပိတ်ပင်ခံရတာ ဖမ်းစီးခံရ တာတွေ ရှိနေဆဲပါ။

ခရီးသွားလာခွင့်ကို ပိတ်ပင်ခံရတဲ့အထဲမှာ ယာယီပါ့စ်ပို့လုပ်ကြဖို့ တိုက်တွန်းတဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေလဲ ပါနေပါတယ်။ ၂၃၊၀၈၊၂၀၁၁ ရက်နေ့ ညနေပိုင်းက ယာယီပါ့စ်ပို့နှင့် မဲဆောက်ကနေ ဘန်ကောက်ကိုတက်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို တာ့ခရိုင်စစ်ဆေးရေးဂိတ်ကနေပြီးတော့ ခရီးသွားခွင့်မပေးဘဲ မဲဆောက်ကိုပြန်ပို့လိုက်တာခံခဲ့ရပါတယ်။ 

အဲဒီအထဲမှာ အလုပ်သမားအရေးကူညီနေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက်တဲ့ ပညာရေးနှင့် ဖွင့်ဖြိုးရေး ဖောင်ဒေးရှင်း FED ၀န်ထမ်းအချို့လည်း ပါတယ်လို့ သိရပါတယ်။ တာ့ခရိုင် စစ်ဆေးရေးဂိတ် တာဝန်ကျ ရဲတွေက မဲဆောက်လူဝင်မှုကြီးကြပ်ရေးရဲ့ ခရီးသွားလာရေး ခွင့်ပြုချက်မပါလို့ ပြန်ပို့ရတာဖြစ်တယ်လို့ပြောပါတယ်။ 


ဒီစစ်ဆေးရေးဂိတ်ဟာ ယာယီပါ့စ်ပို့ကိုင်ထားသူတွေဆီကနေပြီးတော့ ငွေတောင်းခံမှုတွေလည်း ရှိတယ်လို့  FED ရဲ့လက်ထောက်ဒါရိုက်တာ မိုက်အိုက်ချန်းက ပြောပါတယ်။ အခုလိုမျိုး ယာယီပါ့စ်ပို့ကိုင်သူတွေကို ခရီးသွားလာခွင့်မပေးလို့ရှိရင် လူကုန်ကူးမှု ပိုပြီးတော့ တိုင်းလာနို်င်တယ်လို့ သူတို့က ပြောဆိုပါတယ်။ ထိုင်းနှင့် မြန်မာ အစိုးရတွေဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ယာယီပါ့စပို့အစီအစဉ်ကို အကောင်အထည်ဖေါ်ထားကြတာဖြစ်ပါတယ်။ 

ဒီအစီအစဉ်စတင်စဉ်က ယာယီပါ့စ်ပို့ရှိလို့ရှိရင် ထိုင်းအလုပ်သမားတွေနည်းတူဘဲ အခွင့်အရေးနှင့် လွတ်လွတ်လပ်လပ်ခရီးသွားလာခွင့်ရှိတာတွေကို မြန်မာအစိုးရသတင်းစာတွေမှာ အကျယ်တ၀င့် ဖေါ်ပြခဲ့ဘူး ပါတယ်။

Source: VOA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes