Thursday 25 August 2011

ဝန်ကြီးချုပ် ခွန်ယင်လပ် မူဝါဒ ကြေညာချက်ထုတ်ပြန်

ဒီကနေ့မနက်က ၀န်ကြီးချုပ်ခွန်ယင်လပ်ဟာ ညွန့်ပေါင်းအစိုးရရဲ့ မူဝါဒကြေညာချက်ကို လွှတ်တော်ကို ပေးပို့လိုက်ပါ တယ်။ ပါလီမန်ဥက္ကဋ္ဌဆုမ်ဆတ် သဘာပတိလုပ်တဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ အောက်လွှတ်တော်အမတ်တွေပါ တဲ့ ပူးတွဲစည်းဝေးပွဲကို မနက် ၉ နာရီ ၁၅ မီးနစ်မှာ စတင်ခဲ့ပါတယ်။ သူ့ရဲ့ဖွေ့ထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ အောက်ပါမူဝါဒ ၈ ချက်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
၁။ အစိုးရအဖွဲ့ သက်တမ်းပထမနှစ်အတွင်း လွှတ်တော်ကိုတင်သွင်းတဲ့ အရေးပေါ်မူဝါဒများ။
၂။ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒ။
၃။ စီးပွားရေးဆိုင်ရာ မူဝါဒ။
၎။ လူမှုတန်းတူညီမျှရေးဆိုင်ရာ မူဝါဒ။
၅။ သဘာဝသယံဇာတရင်းမြစ်နှင့် ပတ်ဝန်းကျင်းဆိုင်ရာ မူဝါဒ။
၆။ သိပ္ပံနှင့်နည်းပညာ၊ သုတေသနနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ မူဝါဒ။
၇။ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာဘောဂဗေဒနှင့်ပတ်သက်သည့် မူဝါဒ။
၈။ အစိုးရကောင်းဆိုင်ရာ မူဝါဒ စတာတွေ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကို ထောက်ခံကြောင်းပြသဖို့အတွက် အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီတပ်ပေါင်းစု(အဒတ)က ရှပ်နီ ထောက်ခံသူ ၂၀၀ လောက်ဟာ လွှတ်တော်ရှေ့မှာ စုရုံးကြပါတယ်။ ထပ်စင်ရဲ့အဂတိလိုက်စားမှု လွတ်ကင်းခွင့်တောင်း ဆိုတာကို ဆန့်ကျင်တဲ့ အရပ်ဖက်ကွန်ယက် ညှိနှိုင်းရေးမှူး တူးလ်ဆစ်သီဆုမ်ဝေါင်းဟာ အခြေခံဥပဒေ ပြင်ဆင်တဲ့ ကြိုးပမ်းမှုကို ဒီအုပ်စုက ဆန့်ကျင်ကြောင်းဖော်ပြတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို မစ္စတာဆုမ်ဆတ်ထံ ဒီမနက် နှောင်း ပိုင်းမှာ တင်သွင်းမှာ ဖြစ်ပါတယ်။
ငြိမ်ဝပ်ပိပြားရေးထိန်းသိမ်းဖို့အတွက် လွှတ်တော်အဆောက်အဦးဝင်းပတ်လည်မှာ ရဲတပ်ခွဲ ၃ခွဲ ကို တပ်ဖြန့်ချထားပါ တယ်လို့ မြို့တော်ရဲတပ်ဖွဲ့၊ တပ်မ (၁) တပ်မမှူး၊ ရဲဗိုလ်ချုပ် ၀ိချိုင်းဆန်ဖရာပိုင် က ပြောပါတယ်။
သြဂုတ် ၂၃၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Source:  နေ့သစ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes