သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Tuesday, 15 May 2012
မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်
မြန်မာအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများတွင် အသက် ၆၀ နှစ်နှင့် အထက် သက်ကြီး အရေအတွက်မှာ လူဦးရေ၏ ရှစ်ရာခိုင်နှုန်းကျော်သို့ ရောက်ရှိ
![]() |
| တိုးမြှင့် ပင်စင်လစာ လျှောက်ထားရန် တန်းစီစောင့်ဆိုင်း နေသူများအား ၂၀၁၁ ခုနှစ် ဇူလိုင်လက တွေ့ရစဉ် |
Posted in: ၀၃။ မြန်မာ့ သတင်းလမ်းတံတားစီမံကိန်းများကြောင့် မြောက်ဒဂုံမြေဈေး အဆမတန်မြင့်တတ်
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
လမ်း၊ တံတား ပြုပြင်ခြင်းလုပ်ငန်းများကြောင့်ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး မတန်တဆဈေးပေး၍ ဝယ်ယူမှုများရှိနေသည်ဟု အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
“ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်ခြံမြေဈေးတွေက သင်္ကြန်မတိုင်မီကဈေးတွေအေးပြီး ပြန်ကျသွားသေးတယ်။ ဧပြီလကုန်ပိုင်းလောက်က ပြန်တက်လာတာဗထူးလမ်းမကြီးတစ်လျှောက်က အိမ်ခြံမြေတွေကတော့ လမ်းခင်း လိုက်တာနဲ့ချက်ခြင်းကြီး ကိုတက်သွားတယ်။ ဈေးပေးဝယ်တဲ့သူကလည်းမူရင်းပေါက်တဲ့ဈေးထက် အများကြီး ကို ပေးဝယ်တာတွေ ရှိတယ်။
တချို့ဆိုငွေပိုပေးဝယ်တာတောင် မရောင်းချင်လို့ အိမ်မရောင်းပါဆိုပြီးဆိုင်းဘုတ်ကပ်ထားတာမျိုးတွေ ရှိတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှအိမ်ခြံမြေအကျိုးတော်ဆောင်မနော်က ပြော သည်။
အဆိုပါ လမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် ဗိုလ်မှုးဗထူးလမ်းမကြီးပေါ်ရှိအိမ်ခြံမြေဈေးများမှာ ကျပ်သိန်း တစ်ထောင်ကျော်အထိ မြင့်တက်ခဲ့သည်ဟုသိရသည်။ ယခင်က ထိုနေရာများမှာ ကျပ်သိန်း ငါးရာဝန်းကျင် သာရှိခဲ့ပြီးလမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် ယခုကဲ့သို့ မြင့်တက်ခဲ့သည်ဟု အိမ်ခြံမြေအကျိုးတော်ဆောင်များ ကဆိုသည်။
“အခုလို အိမ်ခြံမြေဈေးတွေ မြင့်နေတာကို ထိန်းသင့်ပါတယ်။ အခုလိုမတရားမြင့်တက်လာတော့ အခြေခံ လူတန်းစားတွေအဖို့ အိမ်တစ်လုံးခြံတစ်ခုရှိဖို့ဆိုတာ ပိုပိုဝေးလာသလိုပါပဲ။ အိမ်ငှားဘဝနဲ့ ပဲသံသယာလည်နေကြမှာပဲ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၉ ရပ်ကွက်နေ မမိုးမိုးက ပြောသည်။
ငမိုးရိပ်ဘေလီတံတားစီမံကိန်းကြောင့် ဒဂုံမြိှု့သစ်မြောက်ပိုင်း (၃၅)၊(၃၄)၊ (၃၃)ရပ်ကွက်များရှိ အိမ်ခြံမြေ ဈေးများလည်း မြင့်တက်ခဲ့သည်ဟုသိရသည်။တံတားစီမံကိန်းအနီးရှိ အိမ်ခြံမြေများသည် ပေ ၄၀ ပေ ၆၀တစ်ကွက်လျှင် သိန်းနှစ်ထောင်ကျော် အထိ ရှိနေသည်ဟု သိရသည်။
၎င်းတံတားစီမံကိန်းပြီးစီးပါက ဈေးနှုန်း များ ထပ်မံတက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုး တော်ဆောင်များက ခန့်မှန်းပြောဆိုသည်။ အဆိုပါနေရာများတွင်လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်က ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ခုလျှင် အနည်းဆုံးသိန်း ၂၅၀ မှ အများဆုံး သိန်း ၅၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း များထံမှ သိရသည်။ “စီမံကိန်းတွေကြောင့် ချည်းပဲမဟုတ်ပါဘူး။
အကြောင်းအမျိုးမျိုးကြောင့် ဒဂုံမြို့သစ်မြောက်ပိုင်းက နေရာတကာ မှာ ဈေးတွေပြန်တက်နေ ကြတယ်”ဟုဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ရပ်ကွက်မှ ကောင်းသန့် အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ ကိုသက်မိုးခိုင်က ပြောသည်။
Shwe Myitmakha Media Group
Posted in: ၀၃။ မြန်မာ့ သတင်းပိတ်ဆို့မှု ရုပ်သိမ်းရေး သတိထားသင့်
Posted in: ၀၃။ မြန်မာ့ သတင်းMonday, 14 May 2012
တောင်ကိုရီးယား သမ္မတ မြန်မာပြည်ရောက်
Posted in: ၀၃။ မြန်မာ့ သတင်းဗိုလ်နှုတ်ခမ်းမွေး မူးယစ်ဆေးနှင့် မပတ်သက်ဟု ထိုင်းစစ်တပ် ပြော
![]() |
| ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် ဒေသတွင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးလိုက်ပြီးနောက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှ လယ်သမားများ မြန်မာပြည်ဘက်သို့ ကူးနေစဉ် (ဓာတ်ပုံ - Bangkok Post) |
Posted in: ၀၄။ ထိုင်းသတင်းကားသွင်းခွင့် မူဝါဒသစ်ကြောင့် ဒေါ်လာဈေး တက်
![]() |
| ကားပြပွဲတခုတွင်တွေ့ရသော တရုတ်နိုင်ငံထုတ် Cherry QQ ကား (ဓာတ်ပုံ - Xinhuanet) |
Posted in: ၀၃။ မြန်မာ့ သတင်းစံပယ်ဖူး စက်ရုံမှ လုပ်သားများ မကျေနပ်ချက်တင်ပြ
လုပ်ခ လစာငွေမလုံလောက်သည်ကို ဖြေရှင်းပေးဖို့ တင်ပြရန် အတွက် လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ မင်းကြီးမဟာမင်းခေါင်လမ်းပေ
ထိုသို့စုရုံးရခြင်းမှာ ဆန္ဒပြရန်မဟုတ်ဘဲ အလုပ်ရှင်နှင့်ညှိနှိုင်းရန
အဆိုပါစက်ရုံတွင် ပုဒ်ဖြတ်စားစနစ်ဖြင့် လုပ်ကိုင်ရပြီး အထည်အော်ဒါရှိလျှင်ရှိသလို အလုပ်သမတစ်ဦးလျှင် တစ်လ ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ၀န်းကျင်သာရသဖြင့် ပုံသေလစာရရှိရန် တောင်ဆိုသွားမည်ဖြစ်ကြောင်း
အဆိုပါ စံပါယ်ဖူး စက်ရုံအလုပ်သမ အခက်အခဲအားလှိုင်သာယာမြို့နယ
Yangon Press International
Ref: MNN
Posted in: ၀၃။ မြန်မာ့ သတင်းရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး
မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခြင်း၊ ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်စေသော ပြည်ထောင်စု ၀န်ကြီးများကို နေရာပြောင်းရွေ့ချထားမည်ဟု သတင်းထွက်ပေါ်နေသည့် အချိန်တွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
"အဆင်းရဲဆုံး LCD နိုင်ငံဘ၀ကနေ ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့ အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေချပေးပြီး ဖြစ်ပါတယ်။ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး"ဟု သမ္မတကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။
ယင်း အစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်နှင့် တိုင်းများမှ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။
The Voice Weekly
Ref: MNN
Posted in: ၀၃။ မြန်မာ့ သတင်းအင်ဒိုနီးရှားအသွင်ကူးပြောင်းရေးမှ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး သင်ခန်းစာများ

(၄) စစ်တပ်တွင် တာဝန်ထမ်းဆောင်နေဆဲ အရာရှိများ အရပ်ဘက် ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်သည့် စနစ်ကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။
၁၉၉၉ ခုနှစ်ကတည်းက ပြည်သူ့အတိုင်ပင်ခံညီလာခံ (People's Consultative Assembly) က သာမန်ရာဇ၀တ်မှု ကျူးလွန်သည့် စစ်သားတိုင်းလည်း အရပ်ဘက် တရားရုံးမှာ အမှုရင်ဆိုင်ရန် ဆုံးဖြတ်ထားသည့်တိုင် စစ်ခုံရုံးနှင့်ပတ်သက်သည့် ဥပဒေသစ် ပြဌာန်းရန်မှာ နောက်ထပ်
(မေလ ၁၃၊ ၂၀၁၂)
Posted in: ၀၈။ ဆောင်းပါးမန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်
RFA ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ရန် ရောက်ရှိလာသော မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် (ရှေ့တန်း ၀ဲမှ တတိယ)ကို တွေ့ရစဉ်။ |
Posted in: ၀၃။ မြန်မာ့ သတင်းတောင်ကိုရီးယားသမ္မတ မြန်မာခရီးစတင်
Posted in: ၀၂။ နိုင်ငံတကာသတင်းပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ
Posted in: ၀၃။ မြန်မာ့ သတင်းSunday, 13 May 2012
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်းရှိ ဧရိယာအကျယ်အ၀န်း ၅၀၅၃၅ ဒသမ ၀၂၃၃ ဧကအား ထားဝယ် အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်

Posted in: ၀၃။ မြန်မာ့ သတင်း အသက် ၁၈ နှစ်ပြည့် သူတိုင်း ငွေလဲကောင်တာများမှ ငွေဝယ်ယူ၍ MFTB နှင့် MICB ဘဏ်တို့တွင် နိုင်ငံခြားဘဏ်စာရင်း ဖွင့်ခွင့်ရှိကြောင်းသိရ
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအကြား အခြေခံလုပ်ခလစာ အနိမ့်ဆုံးနိုင်ငံဖြစ်နေ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ကိုင်နေသော စက်ရုံများ၌ လုပ်ခလစာနည်းပါးမှုကြောင့် အလုပ်သမားများ၏ ဆန္ဒပြုမှုများ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပေါ်
![]() |
| စက်မှုဇုန်ဝန်ထမ်းများ၏ နံနက်ပိုင်း လုပ်ငန်းခွင် မ၀င်ရောက်မီမြင်ကွင်း |
| အခြေခံလုပ်သား အများစုသည် အလုပ်အကိုင်၊ လုပ်ခလစာနည်း ပါးခြင်း၊ ပုံမှန်ဖြစ်ခြင်း၊ အလုပ်သမားအခွင့်အရေးရှိခြင်း၊ မရှိခြင်း စသည်တို့ကို ရွေးချယ်နိုင်ခြင်း မရှိဘဲ အသက်မွေးဝမ်းကျောင်းမှု အတွက် ၀င်ရောက် လုပ်ကိုင်နေရသော အနေအထားမျိုး၌ ရွေးချယ်နိုင်ခွင့် နည်းပါးသူများအပေါ် အကာအကွယ် ပေးနိုင်ရန်လည်း လိုအပ်နေ . . . |

| စဉ် | နိုင်ငံ | တစ်ရက်လုပ်ခ(USD) | တစ်လလုပ်ခ( USD) |
| ၁ | ကမ္ဘောဒီးယား | ၁ .၆၇ | ၅၀ .၀၀ |
| ၂ | ဗီယက်နမ် | .၈၃ မှ ၂ .၀၄ | ၅၅ .၀၂ မှ ၆၁ .၁၃ |
| ၃ | အင်ဒိုနီးရှား | ၂ .၀၀ မှ ၃ .၇၃ | ၆၀ .၀၆ မှ ၁၁၂ .၀၀ |
| ၄ | တရုတ်(ရှန်ဟိုင်း) | ၁ .၉၆ မှ ၅ .၆၃ | ၅၈ .၈၀ မှ ၁၆၈ .၈၇ |
| ၅ | ထိုင်း(ဘန်ကောက်) | ၅ .၀၀ မှ ၆ .၈၂ | ၁၄၉ .၉၄ မှ ၂၀၄ .၅၆ |
| ၆ | ဖိလစ်ပိုင် | ၅ .၃၆ မှ ၇ .၂၇ | ၁၆၀ .၉၄ မှ ၂၁၈ .၂၂ |
| ၇ | မလေးရှား | ၈ .၆၆ မှ ၁၇ .၆၇ | ၂၅၉ .၇၉ မှ ၅၃၀ .၂၅ |
| ၈ | ထိုင်ဝမ် | - မှ ၁၉ .၂၇ | - မှ ၅၇၈ .၂၂ |
| ၉ | တောင်ကိုရီးယား | - မှ ၂၈ .၆၇ | - မှ ၈၆၀ .၁၂ |
| ၁၀ | စင်ကာပူ | ၂၀ .၅၆ မှ ၆၁ .၆၈ | ၆၁၆ .၇၆ မှ ၁၈၅၀ .၂၈ |
| ၁၁ | ဂျပန် | ၆၁ .၂၆ မှ ၇၇ .၀၄ | ၁၈၃၇ .၈၇ မှ ၂၃၁၁ .၂၂ |
| ၁၂ | နယူးဇီလန် | ၆၀ .၈၃ မှ ၇၆ .၀၄ | ၁၈၂၄ .၉၆ မှ ၂၂၈၁ .၂၀ |
| ၁၃ | ၾသစေၾတးလ် | - မွ ၁၂၁ .၅၂ | - မွ ၃၆၄၅ .၅၇ |
Posted in: ၀၃။ မြန်မာ့ သတင်း လိုင်ဇာနှင့် ကန်ပိုက်တီးဝင်ပေါက်မှ ၀င်ရောက်လာသော တရုတ်နိုင်ငံသား ဧည့်သည်များအား မြစ်ဆုံအထိ ကြိုတင် ခွင့်ပြုချက်ဖြင့် သွားလာခွင့်ပြု
![]() |
| ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံဒေသအား ယခုနှစ်မတ်လအတွင်းက တွေ့ရစဉ် |
နယ်စပ်ဝင်ပေါက်မှ ၀င်ရောက်မှုများအနေဖြင့် လိုင်ဇာဝင်ပေါက်မှ တစ်ဆင့် Entry Petmit ဖြင့် ၀င်ရောက်လာသော ဧည့်သည်များအား မြစ်ကြီးနားမြို့အထိသာ ကြိုတင်ခွင့်ပြုချက်ရယူ၍ သွားလာခွင့်ပြုထားကြောင်း၊ ကန်ပိုက်တီးဝင်ပေါက်မှ မြစ်ကြီးနားမြို့အထိသာ ၀င် ရောက်ခွင့်ပြုထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့် ခရီးသည်များနှင့် နိုင်ငံခြားသားဧည့် သည်များ လှည့်လည်သွားလာနိုင်သည့် ခရီးစဉ်ဒေသများတွင် ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရသည့် ဒေသများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့တွင် တည်ရှိနေသည်။
| လိုင်ဇာနှင့် ကန်ပိုက်တီးဝင်ပေါက်များမှ တရုတ်နိုင်ငံသား ဧည့်သည်များအား မြစ်ဆုံအထိ ကြိုတင်ခွင့်ပြုချက်ရယူ၍ သွားလာခွင့်ပြုထားကြောင်း၊ လွယ်ဂျယ်ဝင်ပေါက်မှ ဗန်းမော်အထိသာ Entry Petmit ဖြင့် ခွင့်ပြုထားကြောင်း သိရသည်။ |
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအို၊ ဗန်းမော် စသည်တို့သည် ယာဉ်ကန့်သတ်ချက်ဖြင့် သွားလာခွင့်ရသည့် ဒေသများဖြစ်ပြီး ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအိုဒေသ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့နယ်ခွဲရှိ ခါကာဘိုရာဇီ၊ ပူတာအိုမြို့နယ်ရှိ ဖုန်ကန်ရာဇီတောင်၊ ဖန်ဂရမ်တောင်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်စသည်တို့သည် ကြိုတင်ခွင့်ပြုချက်ရယူပြီး သွားလာနိုင်သော ဒေသများဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ဝင်ပေါက်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး စသည်တို့တွင် တည်ရှိနေပြီး ၂၀၁၁ ခုနှစ် အတွင်း ခရီးသွားဦးရေ ၄၂၅၁၉၃ ဦး ၀င်ရောက်ခဲ့သည်။
Posted in: ၀၃။ မြန်မာ့ သတင်း မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာများရှိ ဒုက္ခသည်များအား နိုင်ငံတကာ အဖွဲ့အစည်းများက သွားရောက် အကူအညီပေးနိုင်ရန် အမေရိကန်မှ တောင်းဆိုထား
၎င်းက မြန်မာနိုင်ငံသို့ မေလ ၆ ရက်နေ့မှ ၁၁ရက်နေ့အထိ လာရောက်ခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်ပြီး အစိုးရ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သလို အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
| ကချင်ပြည်နယ်သာမကဘဲ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာတိုင်းရှိ ဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများပါ သွားရောက် ကူညီပေးနိုင်ရန် ဆွေးနွေးထား . . . |
ကချင်ပြည်နယ်သာမကဘဲ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာတိုင်းရှိ ဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများပါ သွားရောက်ကူညီပေးနိုင်ရန် ဆွေးနွေးထားသည်ဟုလည်း အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သူမသည် မြန်မာနိုင်ငံမှ ထွက်ခွာအပြီးတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားမျိုးနွယ်စုများမှ အမျိုးသမီးကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရပါသည်။
Posted in: ၀၂။ နိုင်ငံတကာသတင်း ချမ်းမြေ့သူသုံးလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၇၀ကျော် ၀င်ရောက်
![]() |
| ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်နေရာအား တွေ့မြင်ရစဉ် |
အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ၀င်ရောက်ရာတွင် ၂၄၇ သန်းကျော်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ မြှုပ်နှံခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါးမှာ သတ္တုကဏ္ဍတွင် မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
တရုတ်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ရှစ်နိုင်ငံမှ လာရောက်မြှုပ်နှံခြင်းဖြစ်ကြောင်း ဗြိတိန်မှ အမေရိကန်ဒေါ်လာသန်း ၁၀၀ နီးပါးဖြင့် အများဆုံး မြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ထုံးစံအတိုင်း သဘာဝဓာတ်ငွေ့၊ သတ္တုကဏ္ဍတွေမှာပဲ အဓိက မြှုပ်နှံသွားတယ်။ ကုန်ထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်လေးပဲ ၀င်သွားတယ်။ ပြောချင်တာကတော့ အရင်က ဘီလျံနဲ့ချီပြီး မြှုပ်နှံတယ် ဆိုလည်း သဘာဝသယံဇာတ ထုတ်ရောင်းတဲ့ကဏ္ဍမှာပဲ အ လွယ်တကူလာတယ်၊ ဒီကလည်း အလွယ်တကူ လက်ခံပြီး ထိုးပေးလိုက်တယ်။ အခုနည်းနည်းလေး လာတာတောင်မှ အရင်အတိုင်းပဲ သဘာဝ သယံဇာတ ထုတ်ရောင်းတဲ့ကဏ္ဍကိုပဲ အလွယ်တကူ ထိုးပေးလိုက်တယ်။ အရင်က မြှုပ်နှံခွင့်ပေးခဲ့တုန်းက သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အသုံးမကျလို့ ကိုယ့်နိုင်ငံမှာ မီးပေးဖို့တောင် အခု သဘာဝဓာတ်ငွေ့ အပြည့်မရသေးဘူး။ အရင်တုန်းက အလွယ်တကူလုပ်ခဲ့လို့ အလွယ်တကူ လက်ခံခဲ့လို့ မရတာလေ။ အခုလည်း ဒီအတိုင်းပဲ ရင်းနှီးမြှုပ်နှံမှုလာတာနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တု ဒါတွေပဲထပ်ပြီး အလွယ်တကူပေးရင် နောင်လာမယ့်နှစ်တွေမှာလည်း ဒီအတိုင်းပဲ ဖြစ်မှာပဲ။ မြေအောက်မှာ ဘာမှမကျန်ဘဲ ကုန်သွားမှ ကိုယ့်နိုင်ငံကပြန်ရမယ့် သဘောဖြစ်နေတယ်''ဟု ပြည်တွင်းရှိ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၂ ခုနှစ် မတ်လကုန်တွင် အမေရိကန်ဒေါ်လာ ၄၀၆၉၉ ဒသမ ၀၄၈ သန်း ရှိလာသည်။
Posted in: ၀၃။ မြန်မာ့ သတင်း။။။။။။။။။။။အမေ။။။။။။။။။။။
Posted in: ၀၇။ ကဗျာ။။။။။။။။။။။အမေ။။။။။။။။။။။
![]() |
| ရင်သွေးတွေရဲ့မနက်ဖန်အတွက် စိတ်မအေးနိုင်တဲ့ အမေ...... |
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့......
တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်...ငေး
ကျွန်တော်မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။
အမေ့ ရင်ခွင်ရဲ့အဝေး.....
ခြေစုံကန် ထွက်ပြေးခဲ့မိတာ ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။
အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
ကျွန်တော်..ရှက်တယ်.......။
လိုအင်တစ်ခုအတွက်....
အမှန်တရားကို မြိုချ...
လိုအပ်ချက် တစ်ခုအတွက်...
သူများ ခြေထောက်တွေကို လိုက်လိုက်လျက်ရမှာလဲ....
ကျွန်တော် ရှက်တယ်......။
အများနဲ့ တစ်ယောက်....
လူတွေက ကျွန်တော့်ကို..
မျက်မှန် အနောက်နဲ့ ကြည့်ကြတယ်.....
တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
ကျွန်တော် မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
ကျွန်တော့်လမ်းလေး ပျောက်သွားမှာ ကြောက်တယ်....။
အဲဒီတော့...
ကျွန်တော့်ကို လူတွေက မေးငေါ့တယ်......
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်း.. နက်မဲ့ ကောင်တဲ့....။
သူတို့ ဘယ်လို ပြောပြော
တစ်လောကလုံးပဲ မှောင်နေပါစေ....
အမှန်တရားကို ဆုပ်ကိုင်လို့...
ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း.....
ကျွန်တော့ မနက်ခင်းတိုင်း.....
ကြောင့်ကြခြင်း ကင်းပါတယ်..အမေ.......။
အဝေးရောက်နေတဲ့....
သားတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သား လျှောက်နိုင်ပါတယ်.....။
ကျွန်တော့်အတွက်...
တစ်ခါမှ..ဂုဏ်မတက်ခဲ့ရတဲ့အမေ....
မျက်ရည်လဲ.. မဝေစေရပါဘူး......
သားမိုက် မဟုတ်ပေမယ့်....
သားလိမ္မာလဲ မဟုတ်တဲ့ ..အမေ့သား......
သစ္စာစကား ဆိုပါတယ်..အမေ........။
အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
ကျွန်တော်.....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ......။
((လေးညှို့ရှင်))
Posted in: ၀၇။ ကဗျာ


21:36
Unknown
















