သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Friday, 6 January 2012
မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံးဖွင့်မည်
Wednesday, 4 January 2012
မိုဘိုင်းဖုန်း Sim Card ကျပ် ၅၀၀၀ နှင့် သုံးရတော့မည်ဟုဆို
ရောင်းချနိုင်တော့မည် ဖြစ်သည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက အင်္ဂါနေ့က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ Park Royal တွင် နံနက် ၁ဝ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွှေပြည်တံခွန် ဥက္ကဋ္ဌနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“စီမံကိန်း ပါဝင်သည့်ဒေသများမှာ ပထမနှစ် အနေဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်ပြီး
နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်” ဟု သတင်းစာ ရှင်းလင်းချက်ကို ဖတ်ပြသည်။

3G sim card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ပြီး 4G အား တနှစ်အတွင်း အကောင်အထည်
ဖော်မည်ဖြစ်ကာ ငါးနှစ်အတွင်း သန်း ၃၀ ထုတ်လုပ်သွားမည်ဟုလည်း ဆိုသည်။
ဤ sim card များ သုံးစွဲနိုင်ပါက ဖုန်းသုံးစွဲခသည် တမိနစ်လျှင် မြို့တွင်း ၂၅ ကျပ်နှင့် နယ်ဝေး ကျပ် ၃ဝ ဖြစ်မည်
ဟု သိရသည်။
Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။
ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရှယ်ယာများမှာ အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်း sim card များကို ကျပ်သုံးသိန်းခန့်ဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလကုန်ပိုင်းတွင် ရောင်းချမည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ဈေးနှုန်းများစွာ ကွာခြားသည့် ယခု ကတ်များကိုသာ စောင့်ဆိုင်း ဝယ်ယူဖွယ် ရှိကြောင်း သုံးသပ်သူများက ပြောသည်။
လက်ရှိတွင် ကျပ်ငါးသိန်းတန် sim card များကို ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီက တခုလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးနေသည်။
Posted in: ၀၃။ မြန်မာ့ သတင်းနိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်
အင်းစိန်၊ အိုးဘို၊ တောင်ငူ၊ ပူတာအို၊ မြိတ်၊ ကသာ၊ ပြည်၊ တောင်ကြီး၊ ပုသိမ်၊ စစ်တွေ၊ သာယာဝတီ၊ စသည့်ထောင်များ မှ လွတ်ရက်စေ့နှင့် လွတ်ရက်နီး နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၃၃ ဦးကို စုံစမ်းစိစစ်ဆဲ အနေအထား အရ ဖေါ်ပြ လိုက်သည်။
အင်္ဂါနေ့ကလွှတ်ပေးလိုက်သည့် ယင်းစာရင်းသည် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B နှင့် ပြည်တွင်း နိုင်ငံရေး အကျဉ်းသား စောင့်ကြည့်ရေး အဖွဲ့များက သတ်မှတ်သော စာရင်းဖြစ်ပြီး လွတ်မြောက်လာသူ နိုင်/ကျဉ်းများ၏ မိခင် အဖွဲအစည်းများကိုမူ စိစစ်နေဆဲဖြစ်ကြောင်း ၎င်းအဖွဲ့များထံမှ သိရသည်။
![]() သမ္မတ၏ 'လွတ်ငြိမ်းချမ်းသာခွင့်' ကြေညာချက်ကြောင့် အင်းစိန်ထောင် ပင်မတံခါးဝရှေ့တွင် လာရောက် စောင့်ဆိုင်းနေသူများကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) |
ဇန်နဝါရီ ၂ ရက်နေ့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှ သမ္မတ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သော ‘လွတ်ငြိမ်းချမ်းသာခွင့်’ ဆိုသည်
တွင်သေဒဏ် ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်း အဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျ ခံနေရ သူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ် လျှော့ချလိုက်ကြောင်း ပါရှိသည်။
ထို့ကြောင့် ထောင်ဒဏ် ၆၅ စီ နှစ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ လွတ်မြောက်မလာနိုင်ခဲ့ပေ။
ပြည်သူအများ မျှော်လင့်ထားသည့် ခေါင်းဆောင်များကို ထပ်မံ ထိန်းချုပ်ထားနိုင်ရန် ရည်ရွယ်သည့် သမ္မတ လွှတ်ငြိမ်း ချမ်းသာခွင့်သည် ရိုးသားမှန်ကန်မှု မရှိဘဲ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်ပြီး ယုံကြည်ချက်ကြောင့်
အကျဉ်းကျ နေသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က
ကြေညာ ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။
“ဦးသိန်းစိန် အစိုးရအနေနဲ့ မရိုးမသား မမှန်မကန် ဆောင်ရွက်နေမှုများအား အမြန်ဆုံး ရပ်တန့်လိုက်ခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၏ ပထမဦးဆုံး တံခါးချပ်ကို ဖွင့်လှစ်နိုင်ရန် တိုက်တွန်းပါသည်” ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
အလားတူ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ များနှင့် တရားဥပဒေအရ မကျသင့်ဘဲ ဖမ်းဆီး ချုပ်နှောင်ထားသူများကို အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ကြောင်း အင်္ဂါနေ့တွင် မန္တလေးအိုးဘိုထောင်မှ လွှတ်မြောက်လာသူ ကယန်းပြည်သူ့ပါတီမှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး
စောလွင်က တိုက်တွန်း ပြောဆိုသည်။
“နိုင်ငံရေး အကျဉ်းသားတွေကို အကုန်အစင် ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုပါတယ်။ အလားတူပဲ မမျှတတဲ့ တရားစီရင်
ရေး စနစ်ကြောင့် ထောင်မကျသင့်ဘဲ ကျနေရသူ အမြောက်အများကိုလည်း လွှတ်ပေးဖို့ လိုပါတယ်။ အဲလိုပဲ အခြေခံ ဥပဒေ ပြောင်းလဲပြင်ဆင်ရေးကိစ္စတွေကလည်း သမရိုးကျ နည်းလမ်းနဲ့ မဟုတ်ပဲနဲ့ လူထုမျက်နှာကို ထောက်ထားပြီး
တော့ အလျှင်အမြန် ဆောင်ရွက်ဖို့လိုတဲ့ အခြေအနေတွေ ဖြစ်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

Posted in: ၀၃။ မြန်မာ့ သတင်းMonday, 2 January 2012
ဦးသိန်းစိန်က အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးပြန်ပြီ
ထောင်ဒဏ် နှစ် ၂၀ မှ ၃၀ ကျခံထားသူများ – ထောင်ဒဏ် နှစ် ၂၀ သို့ ပြောင်းလဲ
ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများ – ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတပုံကို သက်သာခွင့်ပြုထိုကြေညာချက်ကို ဦးသိန်းစိန် လက်မှတ်ထိုးထားခြင်း ဖြစ်သည်ဟု ဆိုသည်။
![]() |
| “လွတ်ငြိမ်းချမ်းသာခွင့်” (ကာတွန်း အောင်မော်၏ ဖေ့စ်ဘွတ်ခ်မှ ...) |
Posted in: ၀၃။ မြန်မာ့ သတင်းအင်တာနက်ပေါ်ပျံ့နှံ့နေတဲ့ ၀ိဝါဒကွဲစရာ ဗွီဒီယိုဖိုင်.......
Posted in: ၀၆။ ရုပ်/သံမြန်မာအစိုးရ ဓာတ်ဆီဈေး ပြောင်းလဲသတ်မှတ်
Posted in: ၀၃။ မြန်မာ့ သတင်းSunday, 1 January 2012
စင်္ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှာသာ ဗီဇာထုတ်ပေးမှုကို စီစဉ်ဆောက်ရွက်သွားရန်ရှိ
လက်ရှိတွင်အလုပ်သမား မှတ်ပုံတင်ကတ်အား အလုပ်သမားဝန်ကြီးဌာနက မလေးရှားနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ထုတ်ပေးမှုရှိနေပြီး ယခုအခါတွင်လည်း စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများကိုပါ ၂၀၁၂ ခုနှစ်အတွင်း အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
"အခုမလေးရှားသွားမယ့် လုပ်သားတွေအတွက်ကိုတော့ အလုပ်သမားဝန်ကြီးဌာနကနေ တစ်လကိုအလုပ်သမား မှတ်ပုံတင်ကတ် အရေအတွက် ၃၀၀၀ ပုံမှန်ထုတ်ပေး နေပါတယ်။ အလုပ်သမားမှတ်ပုံတင်ကတ်ကို ထုတ်ပေးရတဲ့ အဓိကအကြောင်းအရင်းက တစ်ဖက်နိုင်ငံမှာ အလုပ်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုဖြစ်လာရင် အလုပ်သမားတွေဖက်က အလုပ်သမား မှတ်ပုံတင်ကတ်ပြပြီး သက်ဆိုင်ရာဌာနတွေကို တိုင်ကြားလို့ရနိုင်အောင်အတွက်ပါ။ ဒါကြောင့်လည်း မြန်မာလုပ်သားအများစု သွားရောက်အလုပ် လုပ်ကိုင်လေ့ရှိကြတဲ့ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူနဲ့ထိုင်းနိုင်ငံတွေမှာ သွားရောက်အလုပ် လုပ်ကိုင်ကြမယ့်သူတွေကိုပါ အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှ သံရုံးတွေကနေ ဗီဇာထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်။ အဲဒီအစီအစဉ် ကို ၂၀၁၂ ခုနှစ်အတွင်းမှာ အကောင်ထည်ဖော်ဆောင်ရွက်သွားမှာပါ" ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုပါသည်။အလုပ်သမားဝန်ကြီးဌာနမှ
ပြည်ပ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးရာ၌ FEC ၁၀၀ ပေးဆောင်စေပြီးမှ ထုတ်ပေးခြင်းဖြစ်ပြီး ယင်းငွေပမာဏအား အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအချို့က အနည်းငယ်လျှော့ချပေးစေလိုကြောင်း တောင်းဆိုမှုများရှိသည်ဟု သိရသည်။
Posted in: ၀၃။ မြန်မာ့ သတင်းSaturday, 31 December 2011
တိုင်းရင်းသားပညာရေး NLD ဂီတပွဲ စည်ကား
Posted in: ၀၃။ မြန်မာ့ သတင်းဧပြီ ၁ တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်
Posted in: ၀၃။ မြန်မာ့ သတင်းFriday, 30 December 2011
မြန်မာအလုပ်သမားတွေကြားက အာဆီယံ မူးယစ်ဆေး
Posted in: ၀၆။ ရုပ်/သံဒေါ်အောင်ဆန်းစုကြည် မီးဘေးသင့်သူများထံ သွားရောက်
![]() |
| မီးဘေး ဒုက္ခသည်များကို တွေ့ဆုံ အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ) |
ဒုက္ခသည်များကို တဦးချင်းစီ လိုက်လံအားပေးခဲ့သည်ဟုလည်း ဆိုသည်။
ကြောင်း ဖော်ပြထားသည်။
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာနိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေ တစ်သန်းကျော်ခန့်ရှိနေပြီး နှစ်စဉ်တိုးပွားနေ
Posted in: ၀၃။ မြန်မာ့ သတင်းထိုင်း နယ်စပ် မှောင်ခိုလုပ်ငန်း ဆက်လက်ကြီးထွား
![]() |
| မဲဆောက်ရှိ ပွဲရုံတခုတွင် နမူနာပြသထားသည့် မြန်မာပုစွန်များ (ဓာတ်ပုံ - ဧရာဝတီ) |
များလည်းရှိကြောင်း၊ တရားမ၀င် တင်ပို့သူများမှာ အခွန်ဆောင်စရာမလိုသည့်အတွက် အကျိုးအမြတ်ပိုမိုရရှိခြင်း ဖြစ်ကြောင်း သိရသည်။
Posted in: ၀၄။ ထိုင်းသတင်းထိုင်းနိုင်ငံ ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်သူ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ မြန်မာများဖြစ်ပြီး ဘားအံစက်မှုဇုန်အတွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်၍ ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း သိရှိရ
Posted in: ၀၁။ အလုပ်သမားများ သတင်းသန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ
ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။
“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”
ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။

နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့ပေါက်ကွဲမှုအကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှုဖြစ်နေတဲ့ဆီကို ဦးတည်မောင်းပေးပါတယ်။
“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်ကမြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။
တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။
အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင်နေတဲ့ နေရာရောက်တော့ မီးသတ်သမားလေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ကြားထဲဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်းနေကြတယ်။
ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့နေရာ ဝင်သွားတယ်။ ကျနော်လည်းနောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံလိုက်ရိုက်တယ်။ ခဏနေတော့ ဓါတ်ပုံသတင်းထောက် တော်တော်များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။
ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော် လန့်သွားရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီးနေတယ်။
ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။
ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်းမှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။
ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။
သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။
ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။
ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျမသိနိုင်သေးချိန်မှာတော့ မီးသတ်အရာရှိတဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့အရောင်ကို အကဲခတ်ရင်း သူ အဝေးကနေ သတိပေးပါတယ်။
“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။
ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမားတယောက်ရဲ့ ရူးသွပ်မှုဖြစ်တတ်တဲ့အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှုဖြစ်လာနိုင်တဲ့ ဧရိယာအတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။
ဓါတုဗေဓပစ္စည်းများပါ ပါဝင်လောင်ကျွမ်းနေတယ်လို့ သံသယရှိသည့်တိုင် မီးခိုးငွေ့တွေကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူတယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာတခု ဖြစ်နေမှာ အမှန်ပဲထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါးအောက်မှာ ရှာဖွေရင်း
မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။
မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦးဖြစ်နေပါတယ်။
“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”
“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”
“အဖွဲ့ လူတွေစစ်ကြပါ”
မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ်ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှု
ကြောင့် သေဆုံးသွားတဲ့ မီးသတ်တွေ အပျက်အစီးတွေကြားထဲမှာ ရှိနေသေးတယ်ဆိုတာ သေချာသွားပါပြီ။
ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။

သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။
ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။
အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီတွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။
လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ်ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေအဖြစ် ကျနော့်စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။
(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)
လှကျော်
Posted in: ၀၃။ မြန်မာ့ သတင်းရန်ကုန် မင်္ဂလာတောင်ညွန့် မီး ၁၇ ဦးသေဆုံး
![]() |
| မီးလောင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို ယနေ့ နံနက်လင်းချိန်က တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ) |
လှောင်ထားတယ်။ အဲဒါကြောင့် မီးလောင်သွားတဲ့အချိန်မှာ ပေါက်ကွဲမှုကြီးဖြစ်သွားတာ။ မီးလောင်မှုဘယ်လိုစဖြစ်တယ် ဆိုတာ ကတော့ ၀ါယာရှော့လား၊ ပေါ့ဆမီးလား ဆိုတာကို ခုံရုံးဖွဲ့စစ်ဆေးမယ်။ ပိုင်ရှင်တွေကို ဖမ်းဆီးထားတယ်”ဟု ရန်ကုန်တိုင်း မီးသတ် တပ်ဖွဲ့ဝင် တဦးက ပြောသည်။
Posted in: ၀၃။ မြန်မာ့ သတင်းအလုပ်သမားအရေး စိတ်အေးရတော့မလား
Posted in: ၀၆။ ရုပ်/သံTuesday, 27 December 2011
ထိုင်းရှိ မြန်မာအလုပ်သမား အကူအညီပေးရေးအဖွဲ့ တာဝန်ယူမှု မရေရာ
Posted in: ၀၁။ အလုပ်သမားများ သတင်းထိုင်းဘဏ်များ မြန်မာပြည်တွင် သွားရောက်ဖွင့်လစ်မည်
Posted in: ၀၄။ ထိုင်းသတင်းကြံ့ဖွံ့ ကြားဖြတ်ရွေးကောက်ပွဲ တရားမ၀င် မဲဆွယ်ပြီ
![]() |
| ၂၀၁၀ သြဂုတ်လအတွင်းက ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီရုံးဖွင့်ပွဲ နှင့် တက်ရောက်လာကြသူများ (ဓာတ်ပုံ - ဧရာဝတီ) |
ချယ်ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသစ် လက်ထက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာတို့အတွက် မဲဆောက်တွင် ဆေးရုံဆောက်မည်
![]() |
| မဲဆောက်မြို့တွင် တွေ့ရသော ထိုင်းကျန်းမာရေးဝန်ကြီး နိုင်ဝိထယာဗူရန်ဆီရီ (ဓာတ်ပုံ - ဧရာဝတီ) |
Posted in: ၀၄။ ထိုင်းသတင်းစင်ကာပူ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော မြန်မာကုန်ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးက လွှဲငွေများကို အလွဲသုံးစားပြု တိမ်းရှောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ
Posted in: ၀၂။ နိုင်ငံတကာသတင်းMonday, 26 December 2011
ပုဂ္ဂလိကဘဏ် ၄ ခု နိုင်ငံခြားငွေ လွှဲခွင့်ရ
Posted in: ၀၃။ မြန်မာ့ သတင်းထိုင်းရှိ မြန်မာအလုပ်သမားများ အစိုးရ ကူညီမည်
![]() |
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း Khon Kaen မြို့ရှိ ငါးဖမ်းပိုက်ကွန်စက်ရုံတွင် အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြနေကြသော မြန်မာပြည်သား အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ) |
Posted in: ၀၃။ မြန်မာ့ သတင်းSunday, 25 December 2011
လာမည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နှင့် မြန်မာ နှစ်ဆန်းတစ်ရက် နေ့များတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ ထပ်မံ လွှတ်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရ
| လာမယ့်ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)၊ ပြည်ထောင်စုနေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ စတဲ့ နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်း ချမ်းသာခွင့်ပြုလေ့ရှိပါတယ်။ အဲဒီနေ့တွေမှာ စောင့်ကြည့်ပေးပါ။ မကြာမီလွှတ်ပေးဖို့ စီစဉ်နေကြပါတယ်လို့ ပြောခဲ့ပါတယ် |
Posted in: ၀၃။ မြန်မာ့ သတင်း


09:13
Unknown

















