Sunday 1 January 2012

စင်္ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှာသာ ဗီဇာထုတ်ပေးမှုကို စီစဉ်ဆောက်ရွက်သွားရန်ရှိ

စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအား အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှသာဗီဇာထုတ်ပေးမှုကိုစီစဉ်သွားရန်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

လက်ရှိတွင်အလုပ်သမား မှတ်ပုံတင်ကတ်အား အလုပ်သမားဝန်ကြီးဌာနက မလေးရှားနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအား၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ထုတ်ပေးမှုရှိနေပြီး ယခုအခါတွင်လည်း စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများကိုပါ ၂၀၁၂ ခုနှစ်အတွင်း အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

"အခုမလေးရှားသွားမယ့် လုပ်သားတွေအတွက်ကိုတော့ အလုပ်သမားဝန်ကြီးဌာနကနေ တစ်လကိုအလုပ်သမား မှတ်ပုံတင်ကတ် အရေအတွက် ၃၀၀၀ ပုံမှန်ထုတ်ပေး နေပါတယ်။ အလုပ်သမားမှတ်ပုံတင်ကတ်ကို ထုတ်ပေးရတဲ့ အဓိကအကြောင်းအရင်းက တစ်ဖက်နိုင်ငံမှာ အလုပ်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုဖြစ်လာရင် အလုပ်သမားတွေဖက်က အလုပ်သမား မှတ်ပုံတင်ကတ်ပြပြီး သက်ဆိုင်ရာဌာနတွေကို တိုင်ကြားလို့ရနိုင်အောင်အတွက်ပါ။ ဒါကြောင့်လည်း မြန်မာလုပ်သားအများစု သွားရောက်အလုပ် လုပ်ကိုင်လေ့ရှိကြတဲ့ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူနဲ့ထိုင်းနိုင်ငံတွေမှာ သွားရောက်အလုပ် လုပ်ကိုင်ကြမယ့်သူတွေကိုပါ အလုပ်သမားမှတ်ပုံတင်ကတ်ရှိမှ သံရုံးတွေကနေ ဗီဇာထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်။ အဲဒီအစီအစဉ် ကို ၂၀၁၂ ခုနှစ်အတွင်းမှာ အကောင်ထည်ဖော်ဆောင်ရွက်သွားမှာပါ" ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုပါသည်။အလုပ်သမားဝန်ကြီးဌာနမှ

ပြည်ပ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးရာ၌ FEC ၁၀၀ ပေးဆောင်စေပြီးမှ ထုတ်ပေးခြင်းဖြစ်ပြီး ယင်းငွေပမာဏအား အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအချို့က အနည်းငယ်လျှော့ချပေးစေလိုကြောင်း တောင်းဆိုမှုများရှိသည်ဟု သိရသည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes