Tuesday 27 December 2011

ထိုင်းဘဏ်များ မြန်မာပြည်တွင် သွားရောက်ဖွင့်လစ်မည်

ထိုင်းနိုင်ငံမှ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ချို့ဟာ မြန်မာနိုင်ငံကို သွားရောက်ဖွင့်လစ်ဖို့ စီစဉ်နေကြတယ်လို့ ဒီကနေ့ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖေါ်ပြပါတယ်။ 
မြန်မာနိုင်ငံမှာ လုပ်ငန်းတွေတိုးချဲ့ဖို့ပြင်ဆင်နေတဲ့ဘဏ်တွေကတော့  Krung Thai Bank (KTB) ဘဏ်နှင့်​ Siam Commercial Bank (SCB)ဘဏ်တို့ဖြစ်ကြပါတယ်။ 
 KTB ဘဏ်ဥက္ကဌ အဖိဆတ် တန်တိဝိုရာဝေါင်ကတော့ မြန်မာနိုင်ငံဟာ အာဆီယံမှာ ဈေးကွက်တစ်ခုဖြစ်လာပြီး ဘဏ်လုပ်ငန်းအပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံးမှာ အလျင်အမြန် ဖွင့်ဖြိုးတိုးတက်မယ့်အလားအလာတွေ မြင်တွေ့နေရတဲ့အတွက် မြန်မာ့စီးပွားရေးမှာ ပိုမိုပါဝင်ပတ်သက်ဖို့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ SCB ဘဏ်ဥက္ကဌ ကန်နီကာ ချာလီတာပွန်း ကတော့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးဖွင့်လစ်ဖို့ ထိုင်းဗဟိုဘဏ်ကနေ ခွင့်ပြုချက်စောင့်နေတဲ့အကြောင်းနှင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ ဖွင့်လစ်ခွင့် လိုင်စင်ချပေးတာနဲ့ ဘဏ်ခွဲသွားဖွင့်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။ 
မြန်မာပြည်တွင်းဘဏ်တွေက အာဆီယံနိုင်ငံတစ်ချို့မှာ ဘဏ်ခွဲတွေသွားဖွင့်ဖို့ ပြင်နေတယ်လို့ သတင်းတွေထွက်နေချိန်မှာ ထိုင်းဘဏ်တွေကလည်း မြန်မာပြည်ဝင်ဖို့ ပြင်နေတာပါ။ 
Ref: DVB

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes