Friday 30 December 2011

ထိုင်းနိုင်ငံ ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်သူ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ မြန်မာများဖြစ်ပြီး ဘားအံစက်မှုဇုန်အတွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်၍ ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း သိရှိရ

b39_03
ယခုနှစ် နိုဝင်ဘာလအတွင်း မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအား ယာယီဖွင့်လှစ်ပြီး ဌာနေပြန်
မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံသာများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ လွှဲပြောင်းလက်ခံ ကြိုဆိုစဉ်
ထိုင်းနိုင်ငံတွင် ရက်ရှည်ရေကြီးမှုကြောင့် နေရပ်ပြန်လာသူ ရွှေ့ပြောင်းလုပ်သားများအား စစ်တမ်းကောက်ယူရာ ရွှေ့ပြောင်းလုပ်သား သုံးပုံတစ်ပုံမှာ ကရင်ပြည်နယ်ဒေသခံများဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှ စတင် တည်ဆောက်လျက်ရှိသော ဘားအံစက်မှုဇုန်ပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်းအတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်၍ ရွှေ့ပြောင်းလုပ်သား အများစုအနေဖြင့် ထိုင်းနိုင်ငံသို့ မပြန်လိုတော့ကြောင်း စုံစမ်းသိရှိရသည်။
ဘားအံစက်မှုဇုန်ကို စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်တည် ဆောက်ပြီးလာမည့်ခြောက်လအတွင်း အပြီးသတ်တည်ဆောက်မည်ဖြစ်ကာ ပထမဆုံးလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံကို ဖွင့်လှစ်လည်ပတ်မည်ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာစက်ရုံနှင့် အခြား စက်မှုလက်မှုစက်ရုံများလည်း တစ်ဆက်တည်း လုပ်ကိုင်မည်ဖြစ်သောကြောင့် ဒေသပြန်ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို စောင့်မျှော်လျက်ရှိကြောင်း သိရှိရသည်။
''ကိုယ်နေထိုင်တဲ့ ပြည်နယ်မှာ စက်မှုဇုန် ပေါ်ပေါက်လာတော့မှာမို့ မိဝေးဖဝေး ထိုင်းနိုင်ငံကို မပြန်လိုတော့ဘူးလေ။ ဒီမှာ အလုပ်အကိုင်အခွင့် အလမ်းတွေ ရလာတော့မှာ။ တစ်ဖက်နိုင်ငံက လုပ်ငန်းရှင်သူဌေးကလည်း ပြန်လာဖို့ ဖုန်းဆက်ခေါ်တယ်။ ထိုင်းမှာရေကြီးလို့ စက်ရုံတွေ ပိတ်ထားတယ်။ ငွေမာဈေးက မတည်ငြိမ်ဘူး။ မောင်လုပ်မောင်စား အဆင့်ပဲရှိတာမို့ ပြန်ကြတာများတယ်။ စက်မှုဇုန် အမြန်ပြီးစီးဖို့တော့လိုတယ်။ ဟိုမှာတတ်ခဲ့တဲ့ လုပ်ငန်းကျွမ်းကျင်မှုကို စက်မှုဇုန်မှာ အသုံးချခွင့် ပြုတဲ့အတွက် ဒီမှာပဲအပြီးသတ် နေထိုင်တော့မယ်လို့ ဆုံး ဖြတ်ထားပါတယ်''ဟု ဒေသခံတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။
ဘားအံစက်မှုဇုန်ကို လာမည့်ခြောက်လအတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် လုပ်သားဦးရေ ၁၀၀၀၀ မှ ၂၀၀၀၀ အကြား အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဘားအံစက်မှုဇုန်အတွင်း ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်း ရှင်များမှ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း သိရသည်။ 
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes