Wednesday, 24 August 2011

ဒေါ်လာဈေး ကျပ် ၆၈၀ အထိ ထိုးဆင်းကာ လုပ်ငန်းများ ကာလတို ရပ်ဆိုင်းမည့်ဘက်သို့ ဦးတည်နေ

b42101


ဒေါ်လာဈေး ကျပ် ၆၈၀ အထိ ထိုးဆင်းကာ လုပ်ငန်းများ ကာလတို ရပ်ဆိုင်းမည့်ဘက်သို့ ဦးတည်နေ ဘဏ်တိုးနှုန်းလျော့ချခြင်း၊ ဗဟိုဘဏ်မှ ကျားကန်ခြင်းနှင့် ဒေါ်လာဖြုန်းအားရှိမည့် ကားကဲ့သို့သော ကန့်သတ်ကုန်စည်များ ခွင့်ပြုပေးခြင်းကဲ့သို့ ချက်ချင်း တန်ပြန် သက်ရောက်မည့် နည်းလမ်းများဖြင့် ယာယီ ထောက်ကန်ပေးရန် မဖြစ်မနေလိုဟု လုပ်ငန်းရှင်များ ပြောကြား   (Eleven Media Group)
အမေရိကန်ဒေါ်လာဈေးမှာ နှစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၃၀ ကျပ် ထပ်မံ ကျဆင်းသွားပြီး ကျပ် ၇၀၀ အောက်သို့ ရောက်ရှိသည် အထိ ဆက်လက် ထိုးဆင်းနေကြောင်း သိရသည်။

သြဂုတ်လ ၂၃ ရက်နေ့က အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်းမှာ ကျပ် ၆၈၀ အထိ ကျဆင်းခဲ့ပြီးနောက် ပြည်ပပို့ကုန် လုပ်ငန်းများ အကြား ဒေါ်လာဈေးဂယက် ထပ်မံ ရိုက်ခတ်ခဲ့ကြောင်း၊ ပြည်ပနိုင်ငံမှ မှာယူလာသည့် အမှာစာ အသစ်များအား လုံးဝ လက်မခံရဲတော့ခြင်း၊ ပြည်တွင်း၌ ကုန်ကြမ်းဝယ်ယူခြင်းအား အခိုက်အတန့် ရပ်နားခြင်းများ ပြုလုပ်လာခဲ့သည်အထိ ဂယက် ကြီးထွားခဲ့ကြောင်း သိရသည်။
ဒေါ်လာ ငွေလဲနှုန်းမှာ သုံးလ အတွင်း ၂၅ ရာခိုင်နှုန်း ကျဆင်းပြီး နှစ်ပတ် အတွင်း ၁၅ ရာခိုင်နှုန်း ထိုးဆင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
တစ်ရက်ထက်တစ်ရက် ပို၍ ဆိုးသည့်ဘက်သို့ ဦးတည်လာမှုအား ဖြေရှင်းရန် အတွက် နိုင်ငံတော်မှ ငွေလဲနှုန်း သတ်မှတ်ရန် စီစဉ်နေသည် ဆိုသော်လည်း အဆိုပါ အစီအစဉ်မှာ အချိန်ယူရမည် ဖြစ်ကြောင်း၊ လက်ရှိ
ဒေါ်လာဈေးဂယက်မှာမူ ထိုသို့ ပြုပြင်ပြောင်းလဲ ပြီးစီးသည့် အချိန်အထိ စောင့်ဆိုင်း၍ မရသည့် အခြေအနေ ရှိနေပြီး ချက်ခြင်းကုစားပေးခြင်း ပြုလုပ်ရဖွယ် ရှိကြောင်း သုံးသပ်လာကြသည်။
အထူးသဖြင့် ဗဟိုဘဏ်မှ ဈေးနှုန်းတစ်ခုဖြင့် ထိန်း၍ ၀င်ရောက် ၀ယ်ယူခြင်း၊ ဘဏ်တိုးနှုန်းများ လျော့ချခြင်း သို့တည်းမဟုတ် ဒေါ်လာဖြုန်းအားကောင်းမည့် ကန့်သတ်ထားသော ကုန်စည်များအား တင်သွင်းခွင့် ပြုခြင်းများဖြင့် ထိန်းသိမ်းရန် လိုအပ်နေပြီး လိုအပ်ပါက နည်းလမ်း အားလုံးသုံးမှသာ ထိရောက်မည် ဖြစ်ကြောင်း သုံးသပ်ကြခြင်း ဖြစ်သည်။
''တစ်ဒေါ်လာကို ကျပ် ၇၀၀ အောက်တောင် ရောက်သွားပြီ။ ပို့ကုန်လုပ်ငန်းရှင်တွေ အမှာစာအသစ် လုံးဝ လက်မခံတော့ဘူး။ ပို့ကုန်သမားကလည်း ကုန်ကြမ်းဝယ်ယူမှုကို လျော့ချတော့မယ်။ တချို့ လျော့ချနေပြီ။ မြန်မာနိုင်ငံရဲ့ Financial Policy၊ Monetary Policy ကို ပြင်ဆင်ဖို့က အနည်းဆုံး အချိန်သုံးလကနေ ခြောက်လအထိလောက် ယူရဦးမယ်။ ဒါတောင် အနည်းဆုံး အချိန်ကိုပြောတာ။ အခု ငွေဈေးကျဆင်းမှုက နောက်ထပ် တစ်လလောက်ပဲ၊ ဒီနှုန်းနဲ့ ဆက်ကျနေရင် ဘယ်လိုမှ မရပ်တည်နိုင်တော့ဘူး။ ဒီတော့ ချက်ခြင်းတုန့်ပြန်မယ့် နည်းလမ်း၊ ကာလတိုအတွက် ချက်ချင်း အဖြေရမယ့် နည်းလမ်းတွေ လတ်တလော သုံးပေးထားဖို့ လိုတယ်လို့ မြင်ပါတယ်။ ပညာရှင်တချို့နဲ့ လုပ်ငန်းရှင်တွေ သုံးသပ်ထားတာကတော့ ဈေးကွက်က ချက်ချင်းတုံ့ပြန်ပေးမယ့် နည်းလမ်းက ဗဟိုဘဏ်က ကျားကန်ပြီး ဈေးတစ်ခုနဲ့ ၀င်ထိန်းတာ တစ်ချက်၊ နောက်တစ်ချက်က ဒေါ်လာ Demand ဖြစ်အောင် လုပ်ပေးဖို့ပါ။
ဒေါ်လာ Demand တက်လာအောင် ဆိုရင်တော့ ချက်ခြင်း ဖြစ်နိုင်တာက ကားလိုမျိုး ကန့်သတ်ကုန်ကို တင်သွင်းခွင့်ပြုတာမျိုးပါပဲ''ဟု အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက
ထောက်ပြခဲ့သည်။
''ဒေါ်လာဈေးကျလို့ ကဏန်းပျော့ မွေးမြူတဲ့ လုပ်ငန်းရှင်တစ်ဦးဆိုရင် အရင်က အကောင်ရေ ၁၂ သိန်း မွေးတယ်၊ အခု အကောင်ရေ ၆ သိန်းပဲ မွေးတယ်။ အလုပ်သမားဦးရေ အရင် က ၆၀၀ ရှိတယ်။ အခု ၄၀၀၊ ၄၅၀ ဦးပဲ
ထားတော့တယ်။ ဒီရက်ပိုင်းထပ်ပြီး ငွေဈေးထိုးဆင်းလို့ အကောင်ရေ ၄ သိန်းလောက်ပဲ မွေးတော့မယ်လို့ ပြောတယ်။ ဒါက ငွေဈေးကျခြင်းရဲ့ နောက်ဆက်တွဲပါ'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
''သြဂုတ်လ ၁၉ ရက်နေ့က တစ်ဒေါ်လာကို ၇၂၅-၇၃၀ ကျပ် သြဂုတ်လ ၂၂ ရက်နေ့မှာ တစ်ဒေါ်လာကို ၆၈၅ ကျပ်ပဲ ရှိတော့တယ်။ ကျွန်တော် အခု အမှာစာအသစ် လက်မခံတော့ဘူး၊ ရှိပြီးသား အမှာစာ အတွက်ပဲ
လက်စသတ်ပြီးပို့မှာ။ နောက်ထပ် နှစ်ပတ်ကနေ တစ်လအတွင်း ဒီဈေးမှာပဲ ရှိနေတယ် ဆိုရင်တော့ စက်ရုံ လည်ပတ်မှုကို လျော့ချရတော့မှာပါ''ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန် အတွင်းရှိ ပြည်ပပို့ကုန် စက်ရုံ လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
''ပို့ကုန်လုပ်ငန်းရှင် ဆိုတာက ရှုံးရင် ကိုက်အောင် လုပ်ကြည့်မယ်၊ မကိုက်ရင် လုပ်တာကို ခဏ ရပ်ထားမယ်။ ပို့ကုန်လုပ်ငန်းရှင် မကိုက်လို့ ရပ်ထားတဲ့အတွက် အခု ကျွန်တော်တို့ ငါးမွေးသမားတွေကို တိုက်ရိုက် ထိကုန်ပြီ။
သူများဆီက ငွေယူပြီး မွေးထားတာတွေ အတွက် ငွေပြန်မပေးနိုင်လို့ ကတိပျက်တဲ့ ပြဿနာတွေ ရှိလာပြီ။ ကဏန်းပျော့ မွေးတဲ့သူတွေလည်း အလုပ်သမား လျော့ချတယ်၊ မွေးတဲ့အရေအတွက် လျော့ချကုန်ကြပြီ။ ဒါက အခုလက်ရှိ ငွေဈေး ကာလရှည်ကျလို့ ဖြစ်တဲ့ ဂယက်ပါ။ ပို့ကုန်လုပ်ငန်းရှင် ထိသလို ဒေါ်လာဈေးဂယက်က အခြေခံ မွေးမြူ ထုတ်လုပ်သူတွေကိုပါ ထိနေပြီ''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
''ဒီနေ့ သြဂုတ်လ ၂၂ ရက်နေ့မှာ ငွေဈေးနဲ့ ပတ်သက်လို့ အသင်းအဖွဲ့ တချို့ကတော့ စာတမ်းတွေ ချက်ချင်းတင်တာတွေ လုပ်နေပါတယ်။ သူတို့ အဓိက တင်ပြတဲ့ အချက်ကတော့ အချိန်ယူ ပြင်ဆင်ရမယ့် ငွေကြေးဆိုင်ရာ မူဝါဒကို တစ်ဖက်က ပြင်ဆင်ပေးဖို့ စီစဉ်တာလည်း လိုအပ်သလို ချက်ချင်း ဈေးကွက်မှာ အကျိုးသက်ရောက်မယ့် ကူညီမှုမျိုးလည်း လိုအပ်ဆိုတဲ့အချက်ပါ''ဟု စက်မှုဆိုင်ရာ အသင်းအဖွဲ့တွင် ပါဝင် ဆောင်ရွက်နေသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။
''အခု ဒေါ်လာဈေးကျဆင်းမှုက ဗဟိုဘဏ် ကျားကန်မှုရော ဒေါ်လာ Demand ဖြစ်ဖို့ ဖွင့်ပေးတာရော နှစ်မျိုးစလုံးလုပ်မှ ထိရောက်မယ်လို့ ထင်ပါတယ်။ ကားက အစီးရေများလို့ လမ်းကြပ်မှာစိုးရင်လည်း ပြည်တွင်းက Without ကားတွေကို ဒေါ်လာနဲ့ပဲ ဒဏ်ရိုက်ပြီး အခွန်အဖြစ် ပေးသွင်းခိုင်းရင်လည်း ဒေါ်လာ ၀ယ်လိုအား တက်လာမှာပဲ။ ကားအသစ် တင်သွင်းခွင့်ကိုလည်း ပေးကိုပေးသင့်တယ်။ ဒါက အခုအခြေအနေနဲ့ဆိုရင် ဒေါ်လာဈေးကိုလည်း ထိန်းပြီးသား ဖြစ်သွားသလို အများပြည်သူအတွက် သယ်ယူပို့ဆောင်စရိတ် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာတွေလည်း လျော့ချပြီး ဖြစ်မှာလေ''ဟု နေပြည်တော်တွင် ကျင်းပခဲ့သည့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းရှင်များနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့သည့် စီးပွားဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''IMG က အောက်တိုဘာလမှာ လာရောက်မယ်။ အနည်းဆုံး ခြောက်လလောက် မြန်မာ့ငွေကြေး မူဝါဒပြောင်းလဲဖို့ ကြာမယ်။ ပြင်ပ ဈေးကွက်မှာက ချက်ချင်းကြီးကို သက်ရောက်နေပြီ ဆိုတော့ ကာလတို အနေနဲ့ ၀င်ထိန်းမှ ဖြစ်မယ့် အနေအထားပါ။ ဗဟိုဘဏ်က ၀ယ်ယူပေးမလား၊ ဒါမှမဟုတ် ဒေါ်လာဖြုန်းအားရှိအောင် ပြင်ဆင်မလား ဆိုတာပဲ ရှိတော့တယ်။ ချက်ချင်း ၀င်ထိန်းပေးမယ့်အချက် လိုပါပြီ။ တစ်ဒေါ်လာ ကျပ် ၆၉၀ အလုပ်လုပ်လို့ရတယ် မရဘူးဆိုတာ အပြင် ဈေးကွက်က သက်သေပါပဲ။ ကားလို ကန့်သတ်ကုန်လည်းဖြစ် ပြည်သူလည်း အကျိုးရှိမယ့် ပစ္စည်းမျိုးတွေကို တင်သွင်းခွင့် ပေးသင့်တယ်လို့ သုံးသပ်တဲ့ သုံးသပ်ချက်ကလည်း ထိရောက်မှု ရှိမှာပါ''ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုတွင် အကြံပေး အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ တစ်ဦးကလည်း ရှင်းပြခဲ့သည်။
ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်းက ''ကမ္ဘာ့ဈေးကွက်မှာလည်း ဒေါ်လာဈေး ကျနေတယ်။ ဒီမှာလည်း ကျနေတယ်။ ဈေးကွက်မှာ ဒေါ်လာ ၀ယ်လိုအားထက် ရောင်းလိုအား များနေတယ်။ ကျပ်ငွေဈေးနှုန်း မြင့်လာတယ်။
ကျပ်ငွေရှားနေတဲ့သဘော ဖြစ် နေတယ်။ အမေရိကန် ဒေါ်လာတင် ဈေးကျတာ မဟုတ်ဘူး။ တခြား မြန်မာနဲ့ ပတ်သက်မှုများတဲ့ ဘတ်ငွေ၊ ယွမ်ငွေ၊ စင်ကာပူဒေါ်လာ၊ မလေးရှားရင်းဂစ်လိုမျိုး ငွေကြေးတွေပါ ဈေးနှုန်း
ကျဆင်းနေတယ်။ သက်ရောက်မှု အနေနဲ့ ပို့ကုန်သမားတွေ၊ ဆက်စပ် ကုန်ထုတ် လုပ်ငန်းတွေနဲ့ နိုင်ငံခြားငွေနဲ့ ၀င်ငွေ ရသူတွေ ထိခိုက်တယ်၊ စီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးသက်ရောက်တယ်။ ငွေလဲနှုန်းနဲ့ ပတ်သက်ပြီး ပြောသံအမျိုးမျိုး ကြားနေရတယ်။ ဒီလို ပြောသံတွေက ဈေးကွက်ကို သက်ရောက်တယ်နဲ့တူတယ်။ အခြေအနေက အပြောင်းအလဲကာလကို ဖြတ်သန်းနေရတာပါ။ စောင့်ကြည့်ရဦးမယ့် အနေအထား ဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ ဒီလို ငွေကြေး အကျပ်အတည်းကြုံရင် ၀င်ပြီး ထိန်းပေးတာမျိုး ရှိတယ်။ ကောင်းအောင် ထိန်းတာပါ။ ကောင်းဖို့အတွက် ဆိုရင်တော့ အစိုးရအနေနဲ့ ၀င်ထိန်းသင့် ထိန်းရတော့မယ်''ဟု ထင်မြင်ချက် ပေးပါသည်။
''အခု အခြေအနေက စီးပွားရေး အကျပ်အတည်း ဖြစ်နေတဲ့ အနေအထား ဖြစ်နေတယ်။ အစိုးရကလည်း တတ်နိုင်သလောက် လုပ်နေတယ်လို့ ယူဆပါတယ်။ အခု ဘာဖြစ်နေတယ် ဘယ်လိုဖြစ်နေတယ် ဆိုတာကတော့
ဈေးကွက်ရော၊ လုပ်ငန်းရှင်ရော၊ မူဝါဒ ချမှတ်သူတွေပါ ခန့်မှန်းရ ခက်နေတဲ့ အနေအထား တွေ့ရတယ်။ ဘယ်ကစပြီး လုပ်ရမယ်ဆိုတာ မသိတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒေါ်လာဈေး ပြဿနာကလည်း နိုင်ငံအတော်များများ ဖြစ်နေတာ၊ ပြင်ပရော အတွင်းမှာပါ ဒီပြဿနာက ရှိနေတယ်။ အစိုးရက အရောင်းအ၀ယ်လုပ်ပြီး ထိန်းဖို့ လုပ်ငန်းရှင်တွေဘက်က ပြောလာတာရှိတယ်။ အစိုးရက ၀ယ်ပေးတယ် ဆိုရင် နိုင်ငံခြား အရန်ငွေ အစိုးရမှာ တိုးလာမယ်။
နောက်ဈေးအရမ်းတက်လာရင် ဒီအရန်ငွေတွေ ဈေးကွက်ထဲဖြန့်ပြီး ဈေးလျော့အောင် ပြန်လုပ်လို့ ရနိုင်သေးတယ်။ ထိန်းဝယ်ပေးဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိမှာပါ။ အစိုးရအနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားပေမယ့် တိတိကျကျ အဖြေမထွက်သေးဘူး။ လောလောဆယ် ဒီလောက်ထိ ငွေဈေး ကျတာ ကောလာဟလကြောင့်လည်း ပါတယ်။ ပို့ကုန်သမားတွေ ရပ်တည်လို့ရတဲ့ အနေအထားတစ်ရပ်မှာတော့ ရှိသင့်တယ်''ဟု ပါမောက္ခဒေါ်ရီရီမြင့် က သုံးသပ်ခဲ့သည်။
နိုင်ငံခြားငွေလဲနှုန်းနှင့် ပတ်သက်၍ ''ကုန်သွယ်မှုကို အားပေးမယ် ဆိုရင် တည်ငြိမ်တဲ့ ငွေလဲနှုန်းရှိဖို့ လိုပါတယ်။ အပြောင်းအလဲ အရမ်းများတဲ့၊ လှုပ်ခတ်လွယ်တဲ့ ငွေဈေးနှုန်းနဲ့ အလုပ်မဖြစ်ပါဘူး။ အခု အစိုးရ တရားဝင်
သတ်မှတ်တဲ့နှုန်း၊ ပို့ကုန်ရငွေနှုန်း၊ ပြင်ပနှုန်း စသဖြင့် အမျိုးမျိုး ရှိနေတယ်။ အရင်အစိုးရ တချို့လည်း နိုင်ငံခြားငွေကြေးကို အသေ သတ်မှတ်ပါတယ်။ ဒါပေမယ့် ဈေးကွက်တန်ဖိုးနဲ့ သိပ်မကွာဘူး၊ တည်ငြိမ်ပါတယ်။ ဥပမာ
ပါလီမန်ခေတ်က တန်ဖိုး သတ်မှတ်တယ်။ ဒါပေမယ့် နိုင်ငံခြားငွေ လိုအပ်မှုနဲ့ ရရှိမှု မကွာအောင် သူလည်း မနည်း ထိန်းရတယ်။ ကွာသွားရင် အပြင်ပေါက်ဈေးတစ်ခု ပေါ်လာမှာ ဖြစ်ပြီး တည်ငြိမ်မှာ မဟုတ်ဘူး။
ဆိုရှယ်လစ်ခေတ်ကလည်း တန်ဖိုး သတ်မှတ်ပါတယ်။ သတ်မှတ်နှုန်းနဲ့ ပြင်ပဈေးကွက် ကွာသွားတာကြောင့် မှောင်ခိုစီးပွားရေး ဖြစ်သွားတယ်။ ဆိုလိုတာက သတ်မှတ်နှုန်းက ပြင်ပ ဈေးကွက်နဲ့ ပမာဏ များများဟနေရင်
ငွေကြေးဈေးကွက်နဲ့ စီးဆင်းမှု ပုံမှန် မဖြစ်နိုင်ပါဘူး။ ဒီဈေးနဲ့ဆိုရင်လည်း စီးပွားရေးလုပ်ရတာ လုပ်ရကိုင်ရတာ ခက်ကုန်မယ်။ လတ်တလောမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ အတွက် လုပ်ရကိုင်ရတာကျပ်တဲ့ အချိန်တွေကို ဖြတ်သန်းရနိုင်ပါတယ်''ဟု ပါမောက္ခ ဒေါ်လှမြင့်က ရှင်းပြခဲ့သည်။
ဘဏ်တိုးနှုန်း လျော့ချကာ ဈေးကွက်အတွင်း ကျပ်ငွေစီးဆင်းလည်ပတ်မှု များပြားစေရန် လုပ်ဆောင်ပေးမှုသည်လည်း ယခုကဲ့သို့ ကာလရှည် ငွေမာဈေး ကျဆင်းမှုအပေါ် ကောင်းမွန်သည့် သက်ရောက်မှု ဖြစ်လာမည်ဟုလည်း စီးပွားရေးပညာရှင် တစ်ဦးက ထောက်ပြခဲ့သည်။
''အခု ကျပ်ငွေဈေးနှုန်းက မြင့်နေတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ၊ သွင်းအားစု ဈေးနှုန်းတွေကလည်း လျော့လို့ မရသေးဘူး။ ငွေတိုးနှုန်းကလည်း တစ်နှစ်ကို ၁၇ ရာခိုင်နှုန်း ရှိနေတယ်။ အရင်က ငွေဖောင်းပွနှုန်း
တစ်ခုတည်းနဲ့တင် ငွေချေးယူဖို့ တွက်ခြေကိုက်တယ်လို့ ဆိုလို့ရတယ်။ အခုငွေက ကျုံ့လာတယ်။ ကျပ်ငွေတန်ဖိုး မြင့်နေတယ်။ ငွေကြေးလည်ပတ်မှုက ပုံမှန် မဟုတ်ဘူး။ လုပ်ငန်းရှင် တချို့တလေလောက်ကလွဲပြီး တခြား
လုပ်ငန်းရှင်တွေက ငွေကို မနည်းလည်ပတ်အောင် လုပ်နေရတဲ့ အခြေအနေမျိုးပါ။ ကျပ်ငွေတန်ဖိုး မြင့်တက်မှုက စီးပွားရေး အခြေအနေ တစ်ရပ်လုံးကို ရိုက်ခတ်မှု ရှိနေတယ်။ ကိုယ့်ရဲ့ငွေကြေးလည်ပတ်မှု အဆင်ပြေအောင်
လုပ်ဖို့ကလည်း လက်ရှိ အနေအထားအရ တွက်ခြေ မကိုက်နိုင်ဘူး။ တွက်ဆရတာလည်း အခက်အခဲ ရှိပါတယ်။ ကျပ်ငွေတွေ ဈေးကွက်ထဲ စီးဝင်လာအောင် လုပ်မှပဲ အခြေအနေ တိုးတက်လာမှာပါ'' ဟု စီးပွားရေးပညာရှင် တစ်ဦးက ရှင်းပြခဲ့ပါသည်။
''မြန်မာငွေဈေး တကယ်မာပြီး မြန်မာငွေ တကယ် အသုံးခံလာတဲ့ပုံမျိုး မဟုတ်ပါဘူး။ ကမ္ဘာ့ရွှေဈေးက တစ်ဟုန်ထိုး တက်သွားတယ်။ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးကို မလိုက်နိုင်ဘူး။ ဒီတော့ မြန်မာ့ရွှေကို အပြင်က ဆွဲတယ်။ ကမ္ဘာ့ ရွှေအ၀ယ် အများဆုံးက တရုတ်ပြီးတော့ အိန္ဒိယ၊ ဒါကြောင့် ရွှေဈေးခုန်ခုန်တက်တိုင်း မြန်မာငွေ မာလာတာပါ။ တကယ်လို့ မြန်မာ့ရွှေဈေး မြင့်လာရင် ဒီလောက် ငွေမမာနိုင်ပါဘူး။ ဒီအတွက် သိပ်စိတ်ပူပြီး ပြာမသွားပါနဲ့။ မြန်မာ့နိုင်ငံရေး အလားအလာ ကောင်းနေတယ်။ ဒီအတွက် စီးပွားရေး အလားအလာကောင်း ဖြစ်လာမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပြီးတာနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စနစ်ကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေးမူဝါဒနဲ့ ပတ်သက်တဲ့ ပြုပြင်မှုတွေ လာတော့မှာပါ။ ပွင့်လင်းရာသီ ရောက်ရင် မြန်မာနိုင်ငံမှာ စီးပွားရေးကောင်းတတ်တာ အစဉ်အလာပါ။ အဲဒီသီးနှံပေါ်တဲ့အချိန်ကျရင် ငွေကြေး ကမောက်ကမ ဖြစ်တာတွေ ရပ်ပြီး ငွေလဲလှယ်နှုန်း အဆင်ပြန်ပြေသွားမှာ။ ဒီတော့ လယ်သမားတွေလည်း သိပ်မထိ နိုင်ပါဘူး။ အခု လောလောဆယ်အထိ နာတဲ့ လုပ်ငန်းတွေကို အစိုးရ အကူအညီပေးဖို့တော့ လိုပါတယ်။ ဘဏ်တိုးနှုန်း ၃-၄ ရာခိုင်နှုန်းလောက် ချက်ချင်းချပြီး ချေးငွေတွေ အမြန်ဆုံး ချပေးကြည့်ပါ။ ဘဏ်ထဲမှာ အောင်းနေတဲ့ငွေတွေ ထွက်လာမယ်။ ဒေါ်လာ ပြန်မာလာမယ်။ ငွေကြေး ကမောက်ကမ ဖြစ်တာတွေ ရပ်သွားလိမ့်မယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က သုံးသပ် ပြောကြားခဲ့ပါသည်။





kokodollarprice

မြန်မာကျပ်ငွေလဲလှယ်နှုန်းကိစ္စ

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် ရေးသားပြုစုပြီး နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သော ” မြန်မာကျပ်ငွေလဲနှုန်းကိစ္စ” စာတမ်းဖြစ်ပါသည်။ မူရင်းမှာ အင်္ဂလိပ်လိုဖြစ်ပြီး Myanmar Kyat exchange rate issue" ဟု အမည်ပေးထားက မြန်မာဘာသာပြန်ကို ပညာရှင် ဒေါက်တာဦးမြင့်ကပင် ဖြန့်ဝေထားခြင်းဖြစ်ပါသည်။ ယခုစာတမ်းကို မြန်မာအဆင့်မြင့်အာဏာပိုင်များသို့ ဇွန် ၂၅ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် တင်ပြထားခဲ့သည်။

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၊ နေပြည်တော် ၂ဝ၁၁ ခုနှစ် ၊ သြဂုတ်လ (၁၉-၂၁)ရက်မြန်မာကျပ်ငွေလဲလှယ်နှုန်းကိစ္စ

(ပြုစုသူ - ဦးမြင့် )
ECP_umyint
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် (ဓါတ်ပုံ မဇ္ဈိမ)
အပိုင်း









ဒေါက်တာ ဦးမြင့် အကြံပြုချက် အကျဉ်း
ပို့ကုန်အခွန် (၁ဝ)% ကောက်ခံနေ သည်ကို ရပ်တန့်သင့်
ပို့ကုန်သွင်းကုန် လုပ်ငန်းများတွင် လိုင်စင် လျှောက်ထားရသော စနစ်ကို ပယ်ဖျက်ရန်
ပြည်တွင်းဈေးကွက်တွင် အစိုးရက ဒေါ်လာများ ဝယ်ယူသော နည်းလမ်း
ဘဏ်အတိုးနှုန်းကို သင့်တော်သလို လျှော့ချရန် (သတိနှင့် လုပ်ဆောင်ရန်)
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ထံမှ နည်းပညာ အကူအညီ တောင်းခံရန် (အားလုံး လိုက်နာစရာ မလို)
ကျောက်မျက်လေလံပွဲ အရေအတွက်ကို အထိုက်အလျောက် လျှော့ချရေး စဉ်းစားရန်
ကျပ်ငွေလဲလှယ်နှုန်း မြင့်မားလာသည့် ကိစ္စအပေါ် အစိုးရက ပြည်သူလူထုသို့ ထုတ်ပြန်ရန်
နိုင်ငံအဆင့် စီးပွားရေး စာရင်းအင်း အချက်အလက်များကို တရားဝင် ပုံမှန် ထုတ်ဝေရန် (ငွေဖောင်းပွမှုနှုန်း၊ နိုင်ငံခြား သီးသန့် ရန်ပုံငွေ၊ အမျိုးသားရေး သုံးမှန်းခြေ ငွေစာရင်း၊ ငွေကြေး ပမာဏ၊ ဂျီဒီပီ (ကဏ္ဍအလိုက်နှင့် တိုးတက်မှုနှုန်း)၊ အိမ်ထောင်စု ဝင်ငွေနှင့် အသုံးစရိတ် စစ်တမ်း များ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား ကုန်သွယ်မှု ဆိုင်ရာ စာရင်းအင်းများ)

(၁)


နိဒါန်း


၁။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် သိသိသာသာ တောက်လျောက် တက်လာခဲ့ပါသည်။  ထို့ကြောင့်ပြဿနာများ ပေါ်ပေါက်ခဲ့ပါသည်။ ကျပ်ငွေတန်ဘိုးတက် လာသည့် အတိုင်းအတာနှင့် မြန်မာစီးပွားရေး လုပ်ငန်းများ၏  စရိတ်နှင့် အကျိုးအမြတ်များအပေါ် အကျိုးသက်ရောက်ပုံ ကို နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးဆက်အောင် ပြုစုထားသော စာတမ်းတွင် ဖော်ပြပြီး
ဖြစ်ပါသည်။  သို့ဖြစ်ပါ၍ ယင်းအချက်အလက်များကို ဤစာတမ်းတွင် ထပ်မံ မဆွေးနွေးတော့ဘဲ အောက်ပါကိစ္စ သုံးရပ်ကိုသာ ဖော်ပြသွားပါမည်။ ၄င်းတို့မှာ –

၂။    ပထမဦးစွာ မည်သည့် အကြောင်းကြောင့် ငွေတန်ဘိုး


ပြည်ပဈေးကွက်တွင် မပါဝင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ငွေလဲလှယ်နှုန်း တက် သွားခြင်း၏ ဂယက်ရိုက်ခတ်မှု မရှိပါ။ တကယ်
တော့ ငွေလဲလှယ်နှုန်း တက်သွားခြင်း ကြောင့် အကျိုးကျေးဇူးပင် ရရှိနိုင်ပါသေးသည်။ အဘယ့်
ကြောင့် ဆိုသော် ငွေလဲလှယ်နှုန်း တက်သွား
ခြင်းကြောင့် သွင်းကုန်များ၏ တန်ဘိုးကို ပြည် တွင်း သုံးငွေကြေးဖြင့် တွက်လျှင် ဈေးသက်သာ သွားခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ
ခြား ကုန်ပစ္စည်းများ တင်သွင်းရောင်းချသော စူပါမားကတ်သည် အမြတ် ပိုမို ရရှိနိုင်ပါသည်။ အလားတူပင် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု သည်လည်း စက်ပစ္စည်းနှင့် ဆောက်လုပ်ရေး
သုံး ပစ္စည်း များကို ပြည်ပမှ ဈေးသက်သက် သာသာဖြင့် ဝယ်ယူနိုင်၍ အမြတ်ပိုရနိုင်ပါသည်
  မြန်မြန်ဆန်ဆန် တက်ရပြီး၊ မည်ကဲ့သို့ ပြဿနာများ
ဖြစ်ပေါ် စေသည်ကို ရှင်းပြရန်။

၃။    ဒုတိယအချက် အနေဖြင့် ကျပ်ငွေ လဲလှယ်နှုန်း တက် သည့် ပြဿနာကို ဖြေရှင်းပြီး၊ ငွေလဲလှယ် နှုန်းအပေါ်
စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည် စိတ်ချမှု ပြန်လည် ရရှိ၍့၊ ပြဿနာ ပိုမို ဆိုးရွား မသွားစေ
ရေးတို့အတွက် လတ်တလော ဆောင်ရွက်သင့်သည့် နည်းလမ်းများကို အကြံပြုရန်။

၎။    တတိယအချက် အနေဖြင့် လောလောဆယ် ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်း
ပြဿနာသည် မြန်မာနိုင်ငံ၏ ငွေလဲလှယ် စနစ်ကို ပြုပြင် ပြောင်းလဲရန် အခွင့်ကောင်းတစ်ခုဟု ယူဆနိုင်ပါသည်။ ထိုအခွင့်ကောင်းကိုယူ၍ နိုင်ငံတကာ စံချိန်စံညွန်း မှီသည့် နိုင်ငံခြားငွေ ဈေးကွက်တစ်ခု တည်ထောင်ရန် သင့်ပါသည်။ ထိုဈေးကွက်က အသင့်အတင့် တည်ငြိမ်သည့် ငွေလဲလှယ်နှုန်းကို သတ်မှတ်ပေးပါမည်။ ထို့အပြင် မြန်မာဗဟိုဘဏ် အနေဖြင့်လည်း ငွေလဲလှယ်နှုန်းကို စီးပွားရေး စီခံခန့်ခွဲမှုတွင် ပို၍ထိရောက် အကျိုးရှိစွာ သုံးစွဲနိုင်ရန် ဆောင်ရွက်ပါမည်။ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စတင်ရန် အကြံပြုချက်များကို ဤစာတမ်းတွင် အကျဉ်းမျှ ဖော်ပြ ထားပါသည်။

အပိုင်း(၂)

ငွေလဲလှယ်နှုန်း မြင့်မားလာခြင်း၏ အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုများ

၅။    ဘောဂဗေဒ ဘာသာရပ်၏ သဘောတရား တစ်ခုဖြစ်သည့် ဒတ်ခ်ျရောဂါ (Dutch disease)  သည် ရုတ်တရက် ငွေတန်ဖိုး တက်ရခြင်းနှင့် ၎င်း၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ လူသိများ ပြီးထင်ရှားသည့် သာဓက တစ်ခု ဖြစ်ပါသည်။ (၁၉၆ဝ) ပြည့်လွန်နှစ်များက နယ်သာလန်နိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်က နယ်သာလန်နိုင်ငံသည် ကမ်းလွန်ပင်လယ်ပြင်တွင် ရှာဖွေ တွေ့ရှိသော သဘာဝဓါတ်ငွေ့ အများအပြားကို ပြည်ပသို့ တင်ပို့ ရောင်းချခဲ့ပါသည်။ ထိုသို့ ရောင်းချခြင်းကြောင့် နိုင်ငံတွင်းသို့ နိုင်ငံခြားငွေ အများအပြား လှိမ့်ဝင်လာခဲ့ပါသည်။ ထို့ကြောင့် ဒတ်ခ်ျ ပြည်တွင်းသုံးငွေ ဂီလ်ဒါ (Guil der) ၏ ငွေလဲလှယ်နှုန်း ထိုးတက်သွားစေခဲ့ပါသည်။ ထိုသို့ ငွေလဲလှယ်နှုန်း တိုးတက်သွားခြင်းကြောင့် အကျိုး သက်ရောက်မှု (၄)မျိုး ပေါ်ပေါက်ခဲ့ပါသည်။

၆။    ပထမအချက် အနေဖြင့် ငွေလဲလှယ်နှုန်း မြင့်မားသွားသော်လည်း တိုင်းပြည်၏ သယံဇာတဖြစ်သော သဘာဝ ဓါတ်ငွေ့ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချမှု အပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ပါ။

သို့ဖြစ်၍ ငွေလဲလှယ်နှုန်း မြင့်မားသွားသော်လည်း နယ်သာလန်၌ သဘာဝဓါတ်ငွေ့ တင်ပို့မှု ဆက်လက် အားကောင်း စန်းပွင့်နေပြီး နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေ အများအပြား ဆက်လက် ဝင်ရောက်ခဲ့ပါသည်။

ထိုဖြစ်ရပ်ကြောင့် ပြည်ပပို့ကုန် သဘာဝဓါတ်ငွေ့ လုပ်ငန်းကို နယ်သာလန်တွင် “စန်းပွင့်လုပ်ငန်း” (Booming sector) ဟု  သတ်မှတ်ပါသည်။

၇။    ဒုတိယအချက် အနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် မပါဝင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းများ ရှိပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းကို သာဓက အဖြစ် ဖော်ပြနိုင်ပါသည်။ ဤလုပ်ငန်းက
နိုင်ငံအတွင်း အဆောက်အဦး၊ လမ်း၊ တံတားစသည်တို့ကို တည်ဆောက်ပေးပါသည်။ သို့သော် ဆန်၊ ပဲနှင့်
ရေထွက်ကုန်များကဲ့သို့ လမ်းနှင့် တံတားများကို နိုင်ငံခြား တိုင်းပြည်များသို့ တင်ပို့ရောင်းချခြင်း မပြုနိုင်ပါ။ ၎င်းတို့ကို
ပြည်တွင်းမှာသာ အသုံးပြုနိုင်ပြီး၊ “ ပြည်ပ ကုန်သွယ်ရေးတွင် အကျုံးမဝင်သော ကုန်စည်များ” (non-traded goods) ဟူ၍ သတ်မှတ်ပါသည်။ အလားတူပင် စူပါမားကတ်၏ လက်လီ ရောင်းချသော လုပ်ငန်းများသည် ပြည်ပသို့ တင်ပို့
ရောင်းချခြင်း မပြုနိုင်ပါ။ ၄င်းတို့သည် ပြည်တွင်း စားသုံးသူများ အတွက်သာ အသုံးဝင်ပြီး “ ပြည်ပ ကုန်သွယ်ရေး
တွင် အကျုံးမဝင်သော ဝန်ဆောင်မှုများ” (non- traded services) ဟု သတ်မှတ်ပါသည်။ သတိပြုသင့်သည့် အချက်မှာ ပြည်ပဈေးကွက်တွင် မပါဝင်သည့်  ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ငွေလဲလှယ်နှုန်း တက်သွားခြင်း
၏ ဂယက်ရိုက်ခတ်မှု မရှိပါ။ တကယ်တော့ ငွေလဲလှယ်နှုန်း တက်သွားခြင်းကြောင့် အကျိုးကျေးဇူးပင် ရရှိနိုင် ပါသေးသည်။ အဘယ့်ကြောင့် ဆိုသော် ငွေလဲလှယ်နှုန်း တက်သွားခြင်းကြောင့် သွင်းကုန်များ၏ တန်ဘိုးကို
ပြည်တွင်း သုံးငွေကြေး ဖြင့်တွက်လျှင် ဈေးသက်သာသွားခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံခြား ကုန်ပစ္စည်း
များ တင်သွင်းရောင်းချသော စူပါမားကတ်သည် အမြတ် ပိုမို ရရှိနိုင်ပါသည်။ အလားတူပင် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုသည်လည်း စက်ပစ္စည်းနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကို ပြည်ပမှ ဈေးသက်သက်သာသာဖြင့် ဝယ်ယူနိုင်၍ အမြတ်ပိုရနိုင်ပါသည်။

၈။    တတိယအချက် အနေဖြင့် သဘာဝဓါတ်ငွေ့ အများ


သဘာဝဓါတ်ငွေ့ အများအပြား တင်ပို့မှုကြောင့်
ငွေလဲလှယ်နှုန်း တောက်လျောက် တိုးတက်
နေပါက နိုင်ငံတစ်နိုင်ငံ၏ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍတို့၏ ပို့ကုန် များ၏ ကမ္ဘာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါသည်။ ထို့အပြင် ယင်းကဏ္ဍ များ၏ ပို့ကုန်မှ ရရှိသည့် နိုင်ငံခြားငွေကို
ပြည်တွင်းသုံးငွေ အဖြစ် ပြောင်းလဲလိုက်သည့် အခါ ရရှိသည့်ငွေ လျော့သွားစေပြီး၊ ကုန်ကြမ်း
နှင့် လုပ်အားခကို ပြည်တွင်း သုံးငွေဖြင့် ပေးချေ ရခြင်းကြောင့်လည်း အသားတင် ဝင်ငွေကို
လျော့ပါးစေပါသည်။ အကယ်၍ ငွေလဲလှယ်
နှုန်းသည် အတားအဆီးမဲ့ တိုးတက် နေလျှင် ပို့ကုန်မှ ရသော ဝင်ငွေသည် ထုတ်လုပ်မှု စရိတ်ကို ကာမိတော့မည်မဟုတ်ဘဲ၊ အရှုံးပြကာ လုပ်ငန်းများ ရပ်ဆိုင်းရစေနိုင်ပါသည်
အပြားတင်ပို့မှုကြောင့် ငွေလဲလှယ်နှုန်း တောက်လျောက် တိုးတက်နေပါက နိုင်ငံတစ်နိုင်ငံ၏ စက်မှုလက်မှုနှင့်
စိုက်ပျိုးရေးကဏ္ဍတို့၏ ပို့ကုန် များ၏ ကမ္ဘာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါသည်။ ထို့အပြင် ယင်း ကဏ္ဍများ၏ ပို့ကုန်မှရရှိသည့် နိုင်ငံခြားငွေကို ပြည်တွင်း သုံးငွေအဖြစ် ပြောင်းလဲလိုက်သည့်အခါ ရရှိသည့်ငွေ
လျော့သွားစေပြီး၊ ကုန်ကြမ်းနှင့် လုပ်အားခကို ပြည်တွင်း သုံးငွေဖြင့် ပေးချေရခြင်းကြောင့်လည်း အသားတင် ဝင်ငွေကို လျော့ပါးစေပါသည်။ အကယ်၍ ငွေလဲလှယ်နှုန်း
သည် အတားအဆီးမဲ့ တိုးတက် နေလျှင် ပို့ကုန်မှ ရသော ဝင်ငွေသည် ထုတ်လုပ်မှုစရိတ်ကို ကာမိတော့မည်မဟုတ်
ဘဲ၊ အရှုံးပြကာ လုပ်ငန်းများ ရပ်ဆိုင်းရစေနိုင်ပါသည်။
ငွေလဲလှယ်နှုန်းတိုးမြှင့်လာခြင်းကြောင့် ယိုယွင်းကျဆင်း
လာသော စက်မှုနှင့်လယ်ယာကဏ္ဍတို့ကို “နောက်ကျ ကျန်ရစ်ခဲ့သောကဏ္ဍများ” (Lagging sectors) ဟု
သတ်မှတ်ခြင်း ခံရပါသည်။ ထို့အပြင် ငွေလဲလှယ်နှုန်း တက်လာခြင်းကြောင့် ဈေးချိုသာစွာ ဝင်ရောက် လာသော
ပြည်ပမှ သွင်းကုန် များသည် ပြည်တွင်းဈေးကွက်တွင် ထိုကုန်များနှင့် ယှဉ်ပြိုင်ရောင်းချ နေရသော သွင်းကုန် အစားထိုး လုပ်ငန်းများ ကိုလည်း ထိခိုက်စေပါသည်။ ထိုသို့သောအကြောင်းများ ကြောင့်  နယ်သာလန်နိုင်ငံတွင်   စက်မှုကဏ္ဍ ကျဆင်း သွားသည့် ဖြစ်ရပ်ကို London Economist မဂ္ဂဇင်းက ဒတ်ခ်ျရောဂါ (Dutch disease) ဟု (၁၉၇၇) ခုနှစ်တွင် စတင်ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။

၉။    စတုတ္ထအချက်အနေဖြင့် နောက်ကျကျန်ရစ်ခဲ့သော လယ်ယာနှင့်စက်မှုကဏ္ဍတို့မှ လုပ်သားနှင့် အရင်းအနှီး တို့သည် စန်းပွင့်နှင့် ပြည်ပဈေးကွက်တွင် မပါဝင်သော လုပ်ငန်းများသို့ ရွှေ့ပြောင်းသွားရန် အလားအလာများပေါ်ပေါက်နိုင်ပါသည်။ ယင်းတို့ကို ကောင်းသည့် အလားအလာများဟု မယူဆ နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော်ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍများသည် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု လုံလောက်စွာရရှိနေသဖြင့် ပြည်တွင်းမှ ထပ်မံ အရင်းအနှီးမြှုပ်နှံရန် မလိုအပ်ပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများက မိမိတို့၏ လောင်စာ လိုအပ်ချက်ကို
ဖြည့်ဆည်းရန် လုံလောက်သော အရင်းအနှီး မြှုပ်နှံ ထားပြီး ဖြစ်ပါသည်။ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍသည် စက်ကိရိယာကို အားကိုးသော လုပ်ငန်းများဖြစ်သဖြင့် အလုပ်အကိုင် ပေးနိုင်စွမ်း အနည်းငယ်မျှသာ ရှိပါသည်။ ထို့အပြင် လိုအပ်သည့် လုပ်အားကိုလည်း ရင်းနှီးမြှုပ်နှံသည့် ပြင်ပနိုင်ငံများမှ တစ်ပါတည်း ခေါ်ဆောင်လာတတ် ကြပါသည်။

၁ဝ။    ဆောက်လုပ်ရေး၊ စူပါမားကတ်နှင့် စားသောက်ဆိုင်များတွင် အလုပ်အကိုင်ရရှိနိုင်သော်လည်း အလုပ်သမားများအနေဖြင့် ထိုလုပ်ငန်းများမှ နိုင်ငံကိုအကျိုးပြုသည့် နည်းပညာနှင့်အတတ်ပညာ ရရှိနိုင်သည့်အခွင့်အလမ်းများ နည်းပါးပါသည်။ အထူးသတိပြုသင့်သည်မှာ ခောတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံအတွက် အခြေခံကျသော နည်းပညာ၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုနှင့် ရောင်းဝယ်ဖောက်ကား ရေးပညာများကို စက်မှုကဏ္ဍ၌  ရရှိရန် အလားအလာကောင်းကြောင်းပင်  ဖြစ်ပါသည်။

၁၁။    စိုက်ပျိုးရေးကဏ္ဍသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတွင် လူအများစုမှီခို အသက်မွေးဝမ်းကြောင်း ပြုရာဖြစ်ပြီး၊ ဆင်းရဲသားအများစုရှိရာ ကဏ္ဍတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် ငွေလဲလှယ်နှုန်း တိုးတက်ခြင်းကြောင့်
ကျေးလက်ဒေသနေ ဆင်းရဲနွမ်းပါးသူများ စီးပွားရေးအကျပ်အတည်းနှင့် တွေ့ကြုံခံစားရန်မသင့်ပါ။

၁၂။    ဒတ်ခ်ျရောဂါကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် နိုင်ငံ၏သဘာဝဓနကို နိုင်ငံခြားသို့ ရောင်းချခြင်း ကြောင့်သာမက အကြောင်းအမျိုးမျိုးကြောင့် (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင်) ပြည်တွင်းသို့ စီးဆင်းဝင်ရောက်လာသော
နိုင်ငံခြားငွေများကြောင့် ပြဿနာများ ပေါ်ပေါက်လာခြင်းတို့လည်း ပါဝင် ပါသည်။

စိုက်ပျိုးရေးကဏ္ဍနှင့်စက်မှုကဏ္ဍတို့ နောက်ကျသွားစေအောင် လုပ်ဆောင်လိုက်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆိုးကျိုးများ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဤဝေဒနာမျိုး ခံစားနေရပြီဟု သံသယဖြစ်စရာ အကြောင်းအရာ အချို့ တွေ့ရှိနေရပါသည်။


အပိုင်း(၃)

ကျပ်ငွေလဲလှယ်နှုန်း မြင့်မားလာခြင်းနှင့် မလိုလားအပ်သော အကျိုးဆက်များကို ဖြေရှင်းရန်

အကြံပြုချက်များ

၁၃။    ကျပ်ငွေလဲလှယ်နှုန်း တက်သည့် ပြဿနာကို အချိန်ကိုက် ဖိဖိစီးစီး ဖြေရှင်းရန် လိုအပ်ပါသည်။ အဘယ့်
ကြောင့် ဆိုသော် (၁၉၉၇-၉၈)ခုနှစ် အာရှဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပွားစဉ် အခါက အင်ဒိုနီးရှား နိုင်ငံတွင်
တွေ့ကြုံခဲ့ရသကဲ့သို့ ငွေကြေးပြဿနာမှ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပြဿနာများ အဖြစ်သို့ အသွင်ကူးပြောင်း သွားတတ်ခြင်းကြောင့် ဖြစ်ပါသည်။

၁၄။    မကြာသေးမီက ဆက်ဒမ်ဟူစိန်သည် ပင်လယ်ကွေ့

ငွေလဲလှယ်နှုန်းတက်လာခြင်းကြောင့် ဈေးချိုသာစွာ ဝင်ရောက် လာသော ပြည်ပမှ သွင်းကုန် များသည် ပြည်တွင်းဈေးကွက်တွင် ထိုကုန်များနှင့် ယှဉ်ပြိုင်ရောင်းချ နေရသော သွင်းကုန် အစားထိုး လုပ်ငန်းများ ကိုလည်း ထိခိုက်စေပါသည်
စစ်ပွဲကို “စစ်ပွဲတကာတို့၏ မိခင်စစ်ပွဲကြီး” (Mother of
all wars) ဟု ပြောကြားခဲ့ပါသည်။ ပင်လယ်ကွေ့ စစ်ပွဲသည် ဆက်ဒမ်အတွက် နိဂုံး မကောင်းခဲ့သော်လည်း သူ၏ အဆို
ကို အသုံးပြု၍ ငွေလဲလှယ်နှုန်းသည် တိုင်းပြည်ငွေကြေး၏
ဈေးနှုန်း ဖြစ်သောကြောင့် “ဈေးနှုန်းတကာတို့၏ မိခင်
ဈေးနှုန်းကြီး” (Mother of all prices) ဟုလည်း ဆိုနိုင်ပါသည်။ သို့ဖြစ်၍ မိခင်တစ်ယောက် ကဲ့သို့ပင် ငွေလဲလှယ်နှုန်း
သည် နိုင်ငံစီးပွား ကြံ့ခိုင်မှုအပေါ် သြဇာလွှမ်းမိုးပါသည်။ သို့သော်လည်း နိုင်ငံခြား ငွေလဲလှယ်နှုန်းသည် အခြားသော
ဈေးနှုန်းများ ကဲ့သို့ပင် ဈေးနှုန်းတစ်ခုသာဖြစ်ပြီး ၎င်းကို ရောင်းလိုအားနှင့် ဝယ်လိုအားတို့ကသာ ပြဌာန်းပါသည်။

၁၅။    ဝယ်လိုအား (ဥပမာ-ဒေါ်လာဝယ်လိုအား) (၃)မျိုး ရှိပါသည်။ ပထမအမျိုးမှာ ဈေးကွက်တွင် အရောင်းအဝယ်
ပြုလုပ်ရန်အတွက် လိုအပ်သော လှည့်ပတ် သုံးစွဲရန် ဝယ်လိုအား (Transaction Demand) ဖြစ်ပါသည်။ ဒုတိယ အမျိုးမှာ လိုလိုမယ်မယ် အရေးအကြောင်းပေါ်လျှင် သုံးစွဲရန်အတွက် ကြိုတင်ဆောင်ထားရန် ဝယ်လိုအား (Precautionary Demand) ဖြစ်ပါသည်။ တတိယအမျိုးမှာ ဈေး ကစားရန်ဝယ်လိုအား (Speculative Demand)
ဖြစ်ပါသည်။ ယင်းမှာ နိုင်ငံခြားငွေ၊ ကုန်ပစ္စည်း၊ မြေ ယာ၊ စတော့ရှယ်ယာနှင့် ဘဏ္ဍာရေးဈေးကွက်တို့၌ ဈေးကစား
ရန် ရည်ရွယ်သော ဝယ်လိုအားမျိုး ဖြစ်ပါသည်။
assk-back-from-naypyidaw5
ဒေါက်တာဦးမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ရုံ ဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

၁၆။    နိုင်ငံခြားငွေဈေးကွက်တွင် ရောင်းလိုအားကို မြန်မာနိုင်ငံရှု့ထောင့်မှ ကြည့်မည်ဆိုပါက သဘာဝဓါတ်ငွေ့
ရောင်းချခြင်း၊ ကျောက်မျက်လေလံပွဲများကျင်းပခြင်း၊ စွမ်းအင်ကဏ္ဍနှင့် အထူး စီးပွားရေးဇုန်တို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းတို့ကြောင့် နိုင်ငံခြားငွေအများအပြား ဝင်လာခဲ့ပါသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများ
နှင့် အရှေ့အလယ်ပိုင်းဒေသများမှ ပုဂ္ဂလိက အရင်းအနှီးများ မြန်မာနိုင်ငံအတွင်းသို့ ဝင်လာခဲ့မှု့များလည်း ပါဝင်သည်
ဟု ယူဆနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အတိုးနှုန်းမြင့်မားနေခြင်းကို အခွင့်ကောင်းယူရန်၊ မြန်မာ့စီးပွားရေး ပွင့်လင်းလာမည်ဟု မျှော်လင့်၍ မြေယာနှင့် အခြားပိုင်ဆိုင်မှုများ ဝယ်ယူရန်တို့အတွက် ဝင်ရောက်လာကြခြင်း
ဖြစ်သည်ဟု ခန့်မှန်းရပါသည်။ ပြည်သူပိုင်မှ ပုဂ္ဂလိကပိုင်သို့ ဆောင်ရွက်သည့် အစီအစဉ် (privatization) မှ လည်း ဒေါ်လာများ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည်ဟု သတင်းများလည်း ပေါ်ပေါက်ခဲ့ပါသည်။ မည်သည့်
 နိုင်ငံမဆို ထိုပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေရေးကြေးရေး အပေးအယူများ နှင့်ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များရရှိရန် မလွယ်ကူပါ။ ထို့ကြောင့် မသေချာ မရေရာမှုများ ဖြစ်ပေါ်ပြီး၊ ဈေးကစားမှုများကို
ပေါ်ပေါက်လာစေပါသည်။ ဤအခြေအနေများ ကိုအခြေခံ၍ ကျပ်ငွေလဲလှယ်နှုန်းမြင့်မားသည့် ပြဿနာကိုဖြေရှင်းရန် အဘက်ဘက်မှ အကြံပြုချက် များ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် (၁၉၉၇-၉၈) ခုနှစ် အာရှ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပွားစဉ်အခါက အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ကြုံခဲ့ရသကဲ့သို့ ငွေကြေးပြဿနာမှ ဘဏ္ဍာရေး၊ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာများအဖြစ်သို့ အသွင်ကူးပြောင်းသွားတတ်ခြင်းကြောင့် ဖြစ်ပါသည်။

၁၇။    မကြာသေးမီက(၂ဝဝ၇-၂ဝဝ၈)ခုနှစ်တွင် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပွားခဲ့ပါသည်။ ထိုပြဿနာ
ကို ဖြေရှင်းရာတွင် အောင်မြင်မှု ရသင့်သလောက် ရရှိခဲ့သော်လည်း အခက်အခဲများ ကျန်နေဆဲ ဖြစ်ပါသည်။ ကမ္ဘာ့နေရာ အတော်များများတွင် ငွေကြေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းများ ယနေ့ထက် တိုင်ရှိနေဆဲ ဖြစ်ပါ
သည်။ အကျပ်အတည်း မဖြစ်မီကာလ၌ အမေရိကန် ပြည်ထောင်စုတွင် ဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များတွင် ရှိနေသော လုပ်ငန်းကြီးများ၊ အာမခံလုပ်ငန်းများ၊ စတော့ဈေးကွက် လုပ်ငန်းများနှင့် အခြားပုဂ္ဂလိက လုပ်ငန်းကြီး များသည် အမြတ်အစွန်းများစွာ ရရှိခဲ့ကြပါသည်။ ဤအချိန်တွင် ဘဏ်နှင့် ဘဏ္ဍာရေး ကုမ္ပဏီကြီးများမှ ကျော်ကြား
သော အမေရိကန် အမှုဆောင်အရာရှိချုပ်များ၏ မတော်မလျော် ဆောင်ရွက်မှုများ ပေါ်ထွက်လာခဲ့ပါသည်။ ထိုအမှုဆောင် အရာရှိချုပ်များ၏ ဇိမ်ခံရွက်လှေများ၊ နန်းတော်တမျှ ခမ်းနားသော တိုက်တာများ၊ ၎င်းတို့လုပ်ကိုင်
နေသော ကုမ္ပဏီများတွင် များပြားသော အစုရှယ်ယာများနှင့် လစာအဖြစ် ဒေါ်လာသန်းချီ၍ တရားဝင် ခံစားခွင့်
အဖြစ် ရရှိထားကြပါသည်။ ပိုဆိုးသည်မှာ အချို့ကုမ္ပဏီများက ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ သတင်းအမှားများ ထုတ်ပြန်ကာ စာရင်းတွေ လိမ်လည်ခဲ့ကြကြောင်း အထောက်အထားများ ပေါ်ထွက်ခဲ့ပါသည်။  ပါမောက္ခဂျိုးဇက်စတစ်ဂလစ်ဇ်က အမေရိကန်နိုင်ငံရှိ ထိပ်ဆုံးလူဦးရေ(၁)% သည် နိုင်ငံ ဝင်ငွေ၏ (၂၅)% ကို ယခုအခါ ပိုင်ဆိုင်နေကြောင်း ထောက်ပြခဲ့ပါသည်။  ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ဘဏ္ဍာရေးကဏ္ဍရှိ အထိန်းအချုပ်
တော်တော်များများကို ဖယ်ရှားပစ်ခဲ့သော စီးပွားရေးလွတ်လပ်မှု မူဝါဒများကြောင့် ဖြစ်ပါသည်။


၁၈။    ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပွားသည့် အခါ

 နိုင်ငံခြားငွေဈေးကွက်တွင် ရောင်းလိုအားကို
မြန်မာနိုင်ငံရှု့ထောင့်မှ ကြည့်မည်ဆိုပါက သဘာဝဓါတ်ငွေ့ရောင်းချခြင်း၊ ကျောက်မျက်
လေလံပွဲများကျင်းပခြင်း၊ စွမ်းအင်ကဏ္ဍနှင့် အထူး စီးပွားရေးဇုန်တို့ တွင် နိုင်ငံခြား ရင်းနှီး
မြှုပ်နှံမှုများ ပြုလုပ်ခြင်းတို့ကြောင့် နိုင်ငံခြားငွေ အများအပြား ဝင်လာခဲ့ ပါသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်း
ဒေသများမှ ပုဂ္ဂလိက အရင်းအနှီးများ မြန်မာ
နိုင်ငံအတွင်းသို့ ဝင်လာခဲ့မှု့များလည်း ပါဝင် သည်ဟု ယူဆနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အတိုးနှုန်းမြင့်မားနေခြင်းကို အခွင့်ကောင်း ယူရန်၊ မြန်မာ့စီးပွားရေး ပွင့်လင်းလာမည်ဟု
မျှော်လင့်၍ မြေယာနှင့် အခြားပိုင်ဆိုင်မှုများ ဝယ်ယူရန်တို့အတွက် ဝင်ရောက်လာကြခြင်း
ဖြစ်သည်ဟု ခန့်မှန်းရပါသည်။ ပြည်သူပိုင်မှ ပုဂ္ဂလိကပိုင်သို့ ဆောင်ရွက်သည့် အစီအစဉ် (privatization) မှ လည်း ဒေါ်လာများ
 မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည်ဟု သတင်းများလည်း ပေါ်ပေါက်ခဲ့ပါသည်
ကုမ္ပဏီကြီးများ အခက်အခဲ တွေ့ကြပြီး၊ ဒေဝါလီ ခံရမည့် အခြေအနေသို့ ကျရောက်ခဲ့ကြပါသည်။ အစိုးရသည် ကုမ္ပဏီတွေကို ကယ်တင်မည်(သို့မဟုတ်) မကယ်ဘဲ လွှတ်ပေးလိုက်မည်ကို ဆုံးဖြတ်ရန် လိုလာပါသည်။ ဤဆုံးဖြတ်ရန် ကိစ္စမှာ မလွယ်ကူပါ။ အဘယ့်ကြောင့်
ဆိုသော် ကုမ္ပဏီ လုပ်ငန်းများ ရပ်ဆိုင်းသွားလျှင်  လူအတော်များများ အလုပ်လက်မဲ့ ဖြစ်ပါမည်။ စီးပွားရေး အခက်အခဲတွေနှင့် ရင်ဆိုင်ကြရပါမည်။ ထို့ကြောင့်
တိုင်းပြည်တွင် လူမှုရေး ပြဿနာများ ပေါ်ပေါက်လာပါမည်။ ထိုမှတဆင့် အစိုးရ သည် နိုင်ငံရေး ပြဿနာများကို ဖြေရှင်း ရပါမည်။ သို့ဖြစ်၍ အမေရိကန် အခွန်ထမ်းတို့၏ သန်းထောင် ချီသော ဒေါ်လာငွေများကို အသုံးပြုကာ၊ ကုမ္ပဏီကြီးများနှင့် ဘဏ်များကို ကယ်တင်ရန် ဆုံးဖြတ်ခဲ့ရပါသည်။ ကမ္ဘာ့ဘဏ္ဍာ
ရေး အကျပ်အတည်းကြောင့် ဒုက္ခရောက်နေသော ပုဂ္ဂလိက ကဏ္ဍမှ စီးပွားရေး လုပ်ငန်းများအား ကယ်တင်ရသည့်
အလုပ်ကို အမေရိကန်နိုင်ငံ၌ သာမက တရုတ်၊ အိန္ဒိယနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ အတော်များများ၌လည်း ဆောင်ရွက် ခဲ့ရပါသည်။

၁၉။    မြန်မာနိုင်ငံသည်လည်း အလားတူ ဆုံးဖြတ်ရခက်သော အခြေအနေကို ယခုအခါ ကြုံတွေ့နေရသည်ဟု ယူဆနိုင်ပါ
သည်။ ငွေလဲလှယ်နှုန်း (၁) ဒေါ်လာတန်ဘိုး ကျပ်(၁ဝဝဝ) အထက်တွင် ရောက်နေစဉ်က စိုက်ပျိုးရေး၊ သစ်တော၊
ရေထွက်နှင့် စက်မှု ထုတ်ကုန်များ တင်ပို့ရောင်းချနေသည့် လုပ်ငန်းများသည် ၎င်းတို့အပေါ် ကောက်ခံသော ပို့ကုန် အခွန်(၁ဝ)% ကို ထမ်းဆောင်ရန် ဝန်မလေးခဲ့ကြပါ။ ထိုသို့ ပို့ကုန်အပေါ်မှ အခွန်ကောက်ခံခြင်းကို အခြား မည်သည့်
နိုင်ငံတွင်မှ ကျင့်သုံးခြင်း မရှိခဲ့ပါ။ အမှန်စင်စစ် ပို့ကုန်အခွန်ဟု ဆိုရာတွင် ကုန်သွယ် လုပ်ငန်းခွန် (၈)% နှင့် ဝင်ငွေခွန် (၂)% တို့ ပါဝင်ပါသည်။ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများသည် မှန်မှန်ကန်ကန် စနစ်တကျ စာရင်း ထားသိုမှု မရှိခြင်း၊ အခွန်ထမ်း စီးပွားရေး လုပ်ငန်းရှင်များဘက်ကရော အစိုးရ အခွန်ကောက် သူများ ဘက်ကပါ အဂတိ လိုက်စားမှုတွေ ရှိနေခြင်းတို့ကြောင့် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန် ကောက်ခံရန် ခက်ခဲသဖြင့် လုပ်ရကိုင်ရ လွယ်ကူပြီး ထိရောက်မှုရှိသော ပို့ကုန်အပေါ် အခွန်ကောက်ခံသည့်နည်းကို ကျင့်သုံးခဲ့ရခြင်း ဖြစ်ပါသည်။

အကြံပြုချက်များ

၂ဝ။    ပထမအချက် အနေဖြင့် ကျပ်ငွေ ဒေါ်လာ လဲလှယ်နှုန်း (၂ဝ)% မှ (၂၅)% အထိ တက်သွား သောအခါ  စီးပွားရေး လုပ်ငန်းရှင်များက ၎င်းတို့အပေါ် ကောက်ခံနေသော ပို့ကုန်အခွန် (၁ဝ)% သည် ကြီးမားသော ဝန်ထုပ်
ဝန်ပိုး တစ်ခုဖြစ်နေကြောင်း တညီတညွတ်တည်း တင်ပြလာကြပါသည်။ ကုမ္ပဏီ ကြီးများမှ အမှုဆောင် အရာရှိကြီး
များ သာမက မိသားစုပိုင် လုပ်ငန်းငယ်များမှ ပိုင်ရှင်များနှင့် တွေ့ဆုံ၍ အခြေအနေကို အကဲဖြတ်ရာတွင် ယင်းတို့ တင်ပြသော အဆိုပြုချက်သည် မှန်ကန်သည်ဟု ယူဆရပါသည်။ သို့ဖြစ်၍ ကျပ်ငွေ လဲလှယ်နှုန်း တက်နေခြင်းကြောင့် အခက်အခဲ တွေ့နေသော စီးပွားရေး လုပ်ငန်းများကို ကယ်တင်သည့် အနေဖြင့် ပို့ကုန်အခွန် (၁ဝ)% ကောက်ခံနေ သည်ကို ရပ်တန့်သင့် ကြောင်း အကြံပြုလိုပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အခြားသောအစိုးရ အတော်များများ ကျင့်သုံးလေ့ရှိသည့် ငွေကြေး အကျပ်အတည်း (သို့မဟုတ်) ဘဏ္ဍာရေး အကျပ်အတည်းများနှင့် ကြုံတွေ့ရသော စီးပွားရေး လုပ်ငန်းရှင်များအား ကူညီလေ့ရှိသည့် မူဝါဒများနှင့်လည်း ကိုက်ညီပါသည်။ ထို့အပြင် အစိုးရက ငွေကြေး
ပြဿနာကို အလေးအနက်ထား ဖြေရှင်းနေကြောင်း ပြသလိုက်သည့် သာဓကတစ်ခုဟုလည်း ယူဆနိုင်ပါသည်။
ငွေလဲလှယ်နှုန်း ပြဿနာ ပြေလည်သွားသည့် အခါ အခွန် ကောက်ခံသည့် စနစ် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်၍
ပေးဆောင်ရန် လိုအပ်သည့် ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တို့ကို ပုံမှန်အခွန်ကောက်စနစ်ဖြင့် ထိထိ
ရောက်ရောက် ကောက်ခံ နိုင်ပါလိမ့် မည်။

၂၁။    ဒုတိယအချက် အနေဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများတွင် လိုင်စင် လျှောက်ထားရသော စနစ်ကို ပယ်ဖျက် လိုက်ခြင်းအားဖြင့် အရောင်းအဝယ် လုပ်ရန် အတွက်လိုအပ်သော ဒေါ်လာဝယ်လိုအား တိုးလာမည် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်လာ ဝယ်လိုအားကို သိသိသာသာ မြင့်မားစေပြီး၊ ကျပ်ငွေလဲလှယ် နှုန်းကို လျော့ကျစေနိုင်ပါသည်။

၂၂။    တတိယအချက် အနေဖြင့် ပြည်တွင်းဈေးကွက်တွင် အစိုးရက ဒေါ်လာများ ဝယ်ယူနိုင်ပါသည်။ ဤကဲ့သို့ ဝယ်ယူခြင်းကြောင့် အစိုးရလက်ဝယ် သီးသန့် နိုင်ငံခြား ရံပုံငွေများ တိုးပွားလာပါမည်။ အစိုးရအနေဖြင့် ပြည်တွင်းရှိ အဓိက လုပ်ငန်းရှင်ကြီးများကို အလားတူဝယ်ယူရန်လည်း တိုက်တွန်းနိုင်ပါသည်။ ယခုအခါ (၁)ဒေါ်လာလျှင် ကျပ် (၇၅ဝ)နှုန်းဖြင့် ဝယ်ယူနေကြသည် ဆိုပါစို့။ အစိုးရနှင့် လုပ်ငန်းရှင်ကြီးများက ပြည်တွင်းဈေးကွက်တွင် ဤကဲ့သို့ ပါဝင် ဆောင်ရွက်ခြင်းကြောင့် (၁)ဒေါ်လာ လျှင် ကျပ် (၉ဝဝ)နှုန်းအထိ ကျသွားမည် ဆိုကြပါစို့။ ထိုအခါ အစိုးရက (၁)ဒေါ်လာလျှင် ကျပ်(၁၅ဝ) မြတ်နိုင်ပါသည်။ ထို့အပြင် အစိုးရ အနေဖြင့် ငွေလဲလှယ်နှုန်း တည်ငြိမ်ရန်အတွက် လဲလှယ်နှုန်းကို (၁) ဒေါ်လာလျှင် ကျပ်(၉ဝဝ) မှ ကျပ်(၁ဝဝဝ) အတွင်း သတ်မှတ်ခြင်းသည် သင့်တင့်မျှတသည် ဟုယူဆလျှင် မိမိလက်ဝယ်ရှိ သီးသန့် နိုင်ငံခြားငွေကို အသုံးချ၍ ဤနှုန်းတွင် ငွေလဲလှယ်နှုန်းကို ထိန်းထားနိုင်ပါ
မည်။
၂၃။    စတုတ္ထအချက် အနေဖြင့် အကယ်၍ မြန်မာနိုင်ငံတွင် အတိုးနှုန်း မြင့်မားနေခြင်းကြောင့် နိုင်ငံခြားငွေများ ဝင်ရောက်လာသည် ဆိုလျှင် အတိုးနှုန်းကို သင့်တော်သလို လျှော့ချနိုင်ပါသည်။ သို့သော် ဘဏ်များ ပုံမှန်အမြတ်
ရရန်အတွက် အပ်ငွေအပေါ် ပေးသော အတိုးနှုန်းနှင့် ချေးငွေအပေါ် ကောက်ခံသော အတိုးနှုန်းတို့ အကြား လုံလောက်သော ခြားနားမှု ဆက်လက် ထားရှိရပါမည်။ ဤသို့ဆောင်ရွက်ရာတွင် သတိကြီးစွာ ထားရန် လိုအပ်
ကြောင်းကိုလည်း သတိပြုစေလိုပါသည်။ အတိုးနှုန်းကို ရုတ်တရက် ခပ်များများ ပြောင်းလဲလိုက်ပါက ငွေအပ်နှံ
သူများ အနေဖြင့် စိုးရိမ်မှုများ လွန်ကဲလာပြီး၊ အပ်ငွေများ ပြန်လည် ထုတ်ယူကြသဖြင့် ဘဏ် အကျပ်အတည်း
ပေါ်ပေါက်စေနိုင်ပါသည်။

၂၄။    ပဉ္စမအချက် အနေဖြင့် ငွေလဲလှယ်နှုန်း ပြဿနာကို ဖြေရှင်းရာ၌ ရှုပ်ထွေးခက်ခဲသော နည်းပညာ ဆိုင်ရာ ကိစ္စရပ်များနှင့် ကြုံတွေ့လေ့ ရှိပါသည်။ ထို့ကြောင့် ဤကိစ္စတွင် အတွေ့အကြုံများစွာ ရှိသော အပြည်ပြည်ဆိုင်ရာ
ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ထံမှ နည်းပညာ အကူအညီ တောင်းခံသင့်ပါသည်။ သို့သော် (IMF) မှ နည်းပညာ အကူအညီ ရသောကြောင့် ၎င်း၏ အကြံပြုချက်များကို လိုက်နာ ကျင့်သုံးရန် တာဝန်မရှိပါ။ ထို့အပြင် နောက်ရရှိမည့် ရလဒ်တစ်ခုမှာ (IMF) နှင့် ငွေလဲလှယ်နှုန်း ပြဿနာကို ပူးပေါင်း ဆောင်ရွက်နေခြင်းကြောင့် မြန်မာနိုင်ငံက ဤ
ကိစ္စကို အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းနေကြောင်း မြန်မာပြည်သူတို့ သာမက အာဆီယံ လုပ်ဖော်ကိုင်ဖက် များနှင့် နိုင်ငံတကာအဝန်းအဝိုင်း တွင်ပါ ယုံကြည်စိတ်ချမှုများ တိုးပွားလာစေနိုင်ပါသည်။

၂၅။    ဆဌမအချက် အနေဖြင့် နိုင်ငံခြားငွေ အမြောက်အမြား ဝင်ရောက်လာခြင်းကြောင့် ငွေလဲလှယ်နှုန်း တိုးတက်
စေသည့် ပြဿနာပေါ်ပေါက်ခဲ့သည်ဆိုလျှင် ကျောက်မျက်လေလံပွဲ ကျင်းပသည့်အကြိမ် အရေအတွက်ကို အထိုက် အလျောက် လျှော့ချသင့်ပါသည်။

၂၆။    သတ္တမအချက် အနေဖြင့် မြန်မာနိုင်ငံတွင် ယခုအခါ ရွေးကောက်တင်မြှောက်ခြင်း ခံထားရသော အစိုးရ ရှိနေပြီ ဖြစ်ပါသည်။ သမ္မတကြီးက မြင်သာထင်သာ၍ တာဝန်ရှိ တာဝန်ယူသော မူဝါဒ ချမှတ် ကျင့်သုံးမည်ဟု
ကြေငြာထား ပြီးလည်း ဖြစ်ပါသည်။ ကျပ်ငွေလဲလှယ်နှုန်း မြင့်မားလာသည့် ကိစ္စသည် မြန်မာပြည်သူ အမြောက်
အမြား စိုးရိမ်နေကြသည့် ပြဿနာ တခု ဖြစ်ပါသည်။ သို့ဖြစ်၍ ဤကိစ္စနှင့် ပတ်သက်ပြီး အစိုးရက ကြေငြာချက်
တရပ် ထုတ်ပြန်သင့်ပါသည်။ မည်သည့်အချိန်၊ မည်သည့် နေရာ၊ မည်သို့မည်ပုံ ကြေငြာချက် ထုတ်ပြန်မည် ဆိုသည်ကို သက်ဆိုင်ရာ အာဏာပိုင်များ၏ ဆန္ဒ အတိုင်း ဆက်လက် ဆောင်ရွက်သင့်ပါသည်။

၂၇။    အဌမအချက်အနေဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေး

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများသည် မှန်မှန်ကန်ကန် စနစ်တကျ စာရင်း ထားသိုမှု မရှိခြင်း၊ အခွန်ထမ်း စီးပွားရေး လုပ်ငန်းရှင်များ ဘက်ကရော အစိုးရ အခွန်ကောက် သူများ ဘက်ကပါ အဂတိ လိုက်စားမှုတွေ ရှိနေခြင်း တို့ကြောင့် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်
ကောက်ခံရန် ခက်ခဲ သဖြင့် လုပ်ရကိုင်ရ လွယ်ကူပြီး ထိရောက်မှုရှိသော ပို့ကုန်အပေါ် အခွန် ကောက်ခံသည့်နည်းကို ကျင့်သုံးခဲ့ရခြင်း
 ဖြစ်ပါသည်

အကျပ်အတည်းများ၌ ကောလာဟလများ၊ သတင်း အချက်အလက် မှန်ကန်စွာ မရမှုများ နှင့် သတင်းမှားများ တမင်ဖြန့်ဖြူးခြင်းတို့ ကြောင့် ဈေးကစားသူများ ပေါ်ပေါက် တိုးပွားလာတတ်ပါသည်။ သို့ဖြစ်၍ လွန်ခဲ့သော ဆယ်စုနှစ် များကကဲ့သို့ အဓိကနိုင်ငံ အဆင့် စီးပွားရေး စာရင်းအင်း အချက်အလက်များကို တရားဝင် ပုံမှန် ထုတ်ဝေသင့်
ပါသည်။ ယင်း အချက်အလက်များတွင် ငွေဖောင်းပွမှုနှုန်း၊
 နိုင်ငံခြား သီးသန့် ရန်ပုံငွေ၊ အမျိုးသားရေး သုံးမှန်းခြေ
 ငွေစာရင်း၊ ငွေကြေးပမာဏ၊ ဂျီဒီပီ(ကဏ္ဍအလိုက်နှင့်
 တိုးတက်မှုနှုန်း)၊ အိမ်ထောင်စု ဝင်ငွေနှင့် အသုံးစရိတ် စစ်တမ်းများ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှပ်နှံမှုနှင့်
နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာစာရင်းအင်းများ ပါဝင်ပါသည်။


အပိုင်း(၄)

မြန်မာငွေလဲလှယ်နှုန်းစနစ်ပြုပြင်ပြောင်းလဲရေး

၂၈။    အကျပ်အတည်းတစ်ခု ပေါ်ပေါက်လာလျှင် ၎င်းသည် ပြုပြင်ပြောင်းလဲရေး စတင်ရန် အခွင့်အခါ ကောင်းကို ဖန်တီးပေးတတ် ပါသည်။ သို့ဖြစ်၍ မြန်မာကျပ်ငွေ လဲလှယ်နှုန်း ပြဿနာကို ငွေလဲလှယ် နှုန်းစနစ် ပြုပြင် ပြောင်းလဲ
ရေး လုပ်ငန်းစဉ် စတင်ရန်အတွက် အခွင့်ကောင်းတစ်ခုဟု ယူဆ၍ ဆက်လက်အရေးယူ ဆောင်ရွက်သင့်ပါသည်။ သို့သော် ဤလုပ်ငန်းစဉ်သည် နက်နဲသော လေ့လာ စိစစ်သုံးသပ်မှုများ ပြုလုပ်ရမည့်ကိစ္စဖြစ်၍ ယခုစာတမ်းငယ်၏
ဘောင်ကို ကျော်လွန်နေပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ငွေလဲလှယ်နှုန်း စနစ်ကို ပြုပြင်ပြောင်းလဲပြီး ဒေသ
နှင့်နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိစေရန်အတွက် ပြုလုပ်ရန်လိုအပ်မည့် အခြေခံကျသောအချက် (၂)ရပ် ရှိပါသည်။

၎င်းတို့မှာ-
•    ပထမအချက်အနေဖြင့် လောလောဆယ်မြန်မာနိုင်ငံတွင်ရှိနေသော ငွေလဲလှယ်နှုန်းအမျိုးမျိုးကို တစ်ခုတည်းဖြစ်အောင် စုစည်းရန် (exchange rate unification)  နှင့်

•    ဒုတိယအချက်အနေဖြင့် နိုင်ငံ၏လက်ရှိ ငွေပေးငွေယူရှင်းတမ်း (balance of payments) သာမန်စာရင်း
(current account) တွင် ချမှတ်ထားသော အတားအဆီးများကို ဖယ်ရှားရန်တို့ ဖြစ်ပါသည်။

၂၉။   အထက်ပါလုပ်ငန်းများဆောင်ရွက်ရေးသည် ငွေလဲလှယ်နှုန်းကိစ္စချည်းသက်သက် မဟုတ် တော့ပါ။ အထူးသဖြင့် နိုင်ငံအဆင့် စီးပွားရေး မူဝါဒ (macroeconomic policy) များနှင့် ပတ်သက်ပြီး အချိန်ယူ အလေးပေး
 ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ သို့သော် လောလောဆယ် ကြုံတွေ့နေရ သည့် ကျပ်ငွေလဲလှယ်နှုန်းပြဿနာ၏ (macro) စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ စတင်ရန် နှိုးဆော်ပေးချက်ကို လက်ခံသဘောပေါက်ပြီး လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည် ဟု ယုံကြည်ပါသည်။

Source: မဇ္ဈိမ

မလေးမှ ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၊ အာဏာပိုင်တို့ထံတွင် ယမန်နေ့က လက်ဗွေနှိပ်၊ ဓာတ်ပုံအရိုက်ခံခဲ့သော မြန်မာပြည်သား ဒုက္ခသည်များသည် နေရပ်ရင်းသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။

ကွာလာလမ်ပူရှိ ပူထရာဂျာရာ လ၀ကရုံးတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တချို့ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်ဗွေနှိပ်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ ကွန်ပျူတာထဲက ထွက်လာတဲ့ စာရွက်တွေထဲမှာ မိမိနိုင်ငံသို့ ပြန်ရန် ဆိုပြီးတော့ ရေးထားတာ တွေ့ရတယ်၊ ကိုယ်ကတော့ မလေးလို သိပ် မတတ်ဘူး၊ သိတဲ့ လူတွေကို မေး ကြည့်တော့ အဲဒီလို ပြောတယ်” ဟု ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသည့် မရွှေဇင်က ဧရာဝတီသို့ ပြောသည်။
ယင်း အကြောင်း အရာနှင့် ပတ်သက်၍ ပူထရာဂျာရာရှိ လ၀က ရုံးသို့ ဆက်သွယ်ခဲ့ရာ အသေးစိတ် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ ကွာလာလမ်ပူရှိ UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင်လည်း လက်ခံ ဖြေကြားမည့်သူ မရှိပေ။ 

ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသော မြတ်ကိုကိုက “UNHCR နဲ့ မလေးရှား လ၀က က လုပ်လိုက်တဲ့ အစီအစဉ်ကြောင့် မြန်မာတွေ ဒုက္ခရောက်နေတယ်၊ သူတို့ တခုခုတော့ ရှင်းလင်းချက် ထုတ်သင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလက သြစတြေးလျသို့ ခိုလှုံရန် စတင်ရောက်ရှိလာမည့် ဒုက္ခသည် ၈၀၀ ကို ကုလသမဂ္ဂ တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် မလေးရှားသို့ ပို့ဆောင်ရန် သဘောတူခဲ့သည်။

အပြန်အလှန်အနေဖြင့် သြစတေးလျနိုင်ငံသည် လာမည့် ၄ နှစ် အတွင်း မလေးရှား၌ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီးသူ ၄၀၀၀ ကို လက်ခံပေးမည်ဖြစ်သည်။ ယင်းဒုက္ခသည်များ အနက် အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ်အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရသူများသည် UNHCR ၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံက လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

သို့သော်လည်း ၂၀၁၁ မေ အထိ မလေးရှားနိုင်ငံ UNHCR တွင် ဒုက္ခသည် အဖြစ် လျှောက်ထားသူ ၉၄၀၀၀ ခန့် ရှိကြောင်း သိရသည်။

Tuesday, 23 August 2011

ရေလုပ်ငန်းဌာနများ ထိုင်းနိုင်ငံက ထားရှိမည်ကို ကြိုဆို


ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းရေလုပ်ငန်းများတွင် လူကုန်ကူးမှု တိုက်ဖျက်နိုင်ရေးအတွက် ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန ၇ ခု ဖွင့်လှစ်သွားမည်ဟု ဆိုသည့်အပေါ်  မြန်မာ
ရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်နေသူများက ကြိုဆိုလိုက်ကြသည်။

ထိုင်း အလုပ်သမား ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားရေးရာ ဌာနအကြီးအကဲ ဆူထစီနီ ဆူဝက်ဝေါင်းဖတ် Suthassanee Suebwongphaet က ရေလုပ်သားများနှင့် အလုပ်ရှင်များ အကြား ပဋိပက္ခ ဖြေရှင်းရေး ဗဟိုဌာန ၇ ခုကို သက်ဆိုင်ရာ ခရိုင်ဝန်များ ဦးစီး၍ ဆမွတ်စခွန်၊ တရတ်၊ ရရောင်း၊ ချွမ်ဖွန်၊ ဆွန်ခလာ၊ ရနောင်းနှင့် ဆထွန်တို့တွင် ဖွဲ့စည်းသွားမှာဖြစ်သည်ဟု နေးရှင်းသတင်းစာသို့ ပြောကြားခဲ့သည်။

ရေလုပ်ငန်းအတွက် ရွှေ့ပြောင်းလုပ်သား ရှာဖွေရာတွင် အထက်ပါဌာနများက ကူညီမည်ဖြစ်ပြီး အလုပ်သမား ဝန်ကြီးဌာန၊ လူမှုရေးဖွံ့ဖြိုးမှုနှင့် လူသား လုံခြုံရေး ဝန်ကြီးဌာန၊ ရေလုပ်ငန်း အသင်းတို့ပူးပေါင်းကာ ရေလုပ်သား လိုအပ်မှုကိုလည်း စစ်တမ်း ကောက်သွားမည် ဖြစ်သည်။

၂ဝ၁၁ ခု သြဂုတ်လအထိ ထိုင်းရေလုပ်ငန်းတွင် မြန်မာ ၁၆,၁၄၀ ဦး၊  လာအို ၇၁၆ ဦး၊ ကမ္ဘောဒီးယား ၅,၂၉၇ ဦး ရှိသည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန စာရင်းအရ သိရသည်။ အလုပ်သမားရေးရာ အဖွဲ့များကမူ မှတ်ပုံမတင်သူများ ရှိနေသဖြင့် အဆများစွာ ပိုနိုင်သည်ဟု ယူဆကြသည်။

ရေလုပ်ငန်းရှင်များ လိုအပ်သည့် ရေလုပ်သား ပမာဏကို အထက်ပါ ဌာနများထံမှ တောင်းယူ၍ အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြရမည် ဖြစ်သည်။ 

ထိုစာရင်းကို အခြေခံကာ ရွှေ့ပြောင်းလုပ်သား စေလွှတ်လိုသော ထိုင်း၏ အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့် သဘောတူညီမှု အရ စာချုပ်စာတမ်းပါ လုပ်သားများ၊ ထိုင်းနိုင်ငံအတွင်း တရားဝင် နေခွင့်ရှိသည့် ရွှေ့ပြောင်း အလုပ်သမားများ၊ ထိုင်းရေလုပ်ငန်းတွင် ဆန္ဒအရ လုပ်ကိုင်လိုသည့် ရောင်းစားခံရာမှ လွတ်လာသူများကိုသာ အလုပ်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်ထားကြောင်း မစ္စဆူထစီနီ ဆူဝက်ဝေါင်းဖတ်ကို ကိုးကား၍ နေရှင်းက
ရေးသားထားသည်။

အစိုးရများအကြား တရားဝင် လုပ်ထုံးများကြောင့် အလုပ်သမားများ အနေဖြင့် လူကုန်ကူးလေ့ရှိသော ကြားပွဲစားများ ရန်မှ လွတ်နိုင်ကာ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အထောက်အကူ ဖြစ်နိုင်သည်ဟု မဟီဒေါ တက္ကသိုလ် လူဦးရေနှင့် လူမှုရေး သိပ္ပံဌာနမှ နိုင်ငံခြား ရေးရာ ကျွမ်းကျင်သူ အန်ဒီဟော Andy Hall က ကြိုဆိုပြောဆိုသည်။

ထို့ပြင် သူက “ရေလုပ်ငန်းတွေမှာ အလုပ်သမားရဖို့လည်း ခက်နေတယ်။ ရေလုပ်သားတွေ အတွက် နေရေး၊ အခကြေးငွေ၊ လူမှုဖူလုံရေး အဆင့်အတန်းတွေကိုလည်း မြှင့်တင်ပေးဖို့လိုပါတယ်” ဟု ပြောသည်။


လူကုန်ကူးမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျွိုင်းငိုဇီအီဇိုင်လို (Joy Ngozi Ezeilo) ကမူ သြဂုတ်လ ၈ ရက် နေ့မှသည့် ၁၂ ရက်ကြာ သူမ၏ အချက်အလက် ရှာဖွေရေး ခရီးစဉ်အပြီး သတင်းစာရှင်းပွဲ၌ “အာဏာပိုင်များ အကြား ချစားမှု ပပျောက်ရန်နှင့် ရေတပ်၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများကို လူကုန်ကူးမှုဆိုင်ရာ ပညာပေးရန်” လိုအပ်သည်ဟု အကြံပြု ပြောဆိုအပြီး ရက်ပိုင်းအကြာ ယခု ဌာနများဖွဲ့မည့်ကိစ္စ ဖြစ်ပေါ်လာသည်။

ထိုင်းငါးဖမ်းလှေများသို့ လူရောင်းစားမှုများ “ဆိုးဆိုးရွားရွား” ရှိနေသည်ဟု မစ္စဂျွိုင်းငိုဇီအီဇိုင်လို က မီးမောင်းထိုးပြ
ခဲ့ပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်၊ စမွတ်စခွန်၊ ဆွန်ခလာနှင့် တာ့ခ်ခရိုင်တို့မှ အစိုးရ အရာရှိများ၊ အန်ဂျီအိုများ၊
ရောင်းစားခံရသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဌာနများတွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အလုပ်ခွင်ဆိုင်ရာ မှတ်တမ်းများ ရှိနေမည် ဖြစ်သဖြင့် ဖြေရှင်းရန် ပိုလွယ်လာနိုင်မည် ယူဆကြောင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း GHRE မှ ရွှေ့ပြောင်း အလုပ်သမား ဖွံ့ဖြိုးရေးတာဝန်ခံ ကိုမိုးဝေက ပြောသည်။

ထိုင်းငါးဖမ်းလှေများတွင် ၈ နှစ်ခန့် အလုပ်လုပ်ဖူးသူ ကိုမိုးဝေက ထိုင်းရေလုပ်ငန်းများတွင် လူအရောင်းဝယ်၊ 
လုပ်အားခ မရှင်းပေးမှုများကိုလည်း ကိုယ်တွေ့ ကြုံဖူးသူဖြစ်သည်။ သူက “အလုပ်ရှင် တွေက ရဲတွေကို သူတို့က ကိုင်ထားနိုင်တယ်။ ငွေကြေးတွေ ပေးထားတယ်။ သူတို့က အုပ်စုအကြီးကြီး ရှိတာကိုး” ဟု ပြောသည်။


ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB 
မှ တာဝန်ခံ ဦးမြင့်ဝေက ထိုင်းငါးဖမ်းလှေများတွင် မှတ်ပုံမတင်ဘဲ ပြေးဆွဲနေမှုများလည်း ရှိသည့်အတွက် ထိုလှေပေါ်
မှ လုပ်သားများမှာ တရားမဝင် ဆက်ဖြစ်နေနိုင်သေးသည်ဟု ထောက်ပြထားသည်။ 

“ တစီးမှတ်ပုံတင်တယ်။ သုံးစီး ငါးဖမ်းတယ်။ အဲဒီနှစ်စီးမှာ ထားတဲ့လူက တရားမဝင် ဆက်ဖြစ်နေမှာပဲ”  ဦးမြင့်ဝေက ပြောသည်။


ထိုင်းနိုင်ငံတွင် တရားဝင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၁.၄၅ သန်းအနက် ယာယီ နိုင်ငံကူး
လက်မှတ် ရှိပြီးသူ ၅ သိန်းခန့်ရှိပြီး ကျန် ၉ သိန်းခန့်မှာ နိုင်ငံသား စိစစ်မှု မပြီးသေးကြောင်း မစ္စတာ အန်ဒီဟော 
Andy Hall က ပြောသည်။

Monday, 22 August 2011

ထိုးဆင်းနေပြန်တဲ့ ဒေါ်လာဈေး


နယူးဒေလီ(မဇ္ဈိမ) ။      ။ ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူသည့်နေ့မှာပင် အမေရိကန် ဒေါ်လာ၏ မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ၆၈ဝ ကျပ်သို့  ရုတ်တရက် စံချိန်တင် ကျဆင်းသွားခဲ့ကြောင်း နိုင်ငံခြားငွေ
ရောင်းဝယ်သူများက ပြောသည်။

အစိုးရသစ်မှ နိုင်ငံခြားငွေလဲနှုန်းကို ပြင်ဆင် ပြောင်းလဲ သတ်မှတ်ရန် ကြိုးပမ်းနေဆဲတွင် ကျပ် ၇၅ဝ ဝန်းကျင်
ပေါက်ဈေးရှိနေသည့် ဒေါ်လာဈေးမှာ တနင်္လာနေ့တွင် ကျပ် ၇ဝဝ အောက် ကျဆင်းခဲ့ကာ ဆယ်နှစ်အတွင်း အနိမ့်ဆုံး ဖြစ်သွားခြင်းဟု ငွေလဲလှယ်ဌာနများက ဆိုသည်။ ၂ဝဝ၁ ခုနှစ်က တဒေါ်လာလျှင် ၉ဝဝ ကျပ် ဝန်းကျင် အထိသာ ကျဆင်းခဲ့ဘူးသည်ဟု ရည်ညွှန်းကြသည်။

“ ဈေးကျနေပေမယ့် ရောင်းတဲ့သူများတယ်” ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ  နိုင်ငံခြားငွေ ရောင်းဝယ်သူတဦးက ဆိုသည်။

ထိုသို့ ဒေါ်လာဈေး ကျဆင်းမှုမှာ မည်သည့်အချိန်တွင် ရပ်မည်ကို ခန့်မှန်း၍ မရနိုင်သေးကြောင်းလည်း စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်သည်။

“အခြေခံတွေ ပြောင်းလဲသွားတယ်လို့ ယူဆတယ်၊ အခုက တယောက်ယောက်က ဈေးကစားတာမဟုတ်ဘဲနဲ့ အခြေခံကိုက ပြောင်းသွားတာပေါ့၊ အဲဒါက ဘယ်မှာ ရပ်မယ်လို့ ပြောလို့မရဘူး” ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ) က ပြောသည်။

၂ဝဝ၉ နှစ်ကုန်ပိုင်းမှ စတင်ကာ တစစ ကျဆင်းလာခဲ့သည့် ပြည်တွင်း ဒေါ်လာဈေးမှာ ဇွန်လ အတွင်း ကျပ် ၇၅ဝ 
အထိ ထိုးဆင်းသွားခဲ့ပြီး ပို့ကုန်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဌာနများ၊ ပြည်ပတွင် အလုပ် လုပ်ကိုင်သူများနှင့်
ပြည်တွင်းရှိ FEC လခစားများ ကမောက်ကမ ဖြစ်ခဲ့ရသည်။

ဒေါ်လာ ငွေလဲနှုန်း ကျဆင်းခြင်းမှုသည် မြန်မာ့စီးပွားရေးကို ရိုက်ခတ်မှုကြောင့် သမ္မတ ဦးသိန်းစိန်က စီးပွားရေး လုပ်ငန်းရှင်များကို သြဂုတ်လ ၁၇ ရက်နေ့ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ဒေါ်လာဈေး ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်မှုမရှိစေရန်နှင့် အလုပ်လက်မဲ့ ပြဿနာများ မဖြစ်ရန်
ပြည်ပပို့ကုန်လုပ်ငန်းများကို ပို့ကုန်ခွန် မကောက်ခံတော့ဘဲ အမြတ်ခွန် ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သြဂုတ်လ 
၁၈ ရက်နေ့တွင် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
  
ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ၁ဝ ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းသို့ သြဂုတ်လ 
၁၉ ရက်နေ့မှ စတင်ကာ ခြောက်လတာ လျှော့ပေါ့ပေးရန်လည်း ပါဝင်သည်။

ပို့ကုန်ခွန်များကင်းလွတ်သော်လည်း ဒေါ်လာဈေး ကျဆင်းသည့်ဒဏ်ကို ခံနေရဆဲပင်ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းများ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

“စက်ရုံတွေမှာက အလုပ်တွေလည်း ရှိပါတယ်။ ဒါပေမယ့်  အလုပ်သမားတွေကို ရှင်းပေးစရာ ပိုက်ဆံမရှိဘူး
ဖြစ်နေတယ်။ ပိတ်ပစ်လို့ မဖြစ်တော့ ဒီလိုပဲ စခန်းသွားနေကြရတယ်၊ ” ဟု ဦးမြင့်စိုးက ပြောသည်။ ဒေါ်လာဈေး
နှင့် ချိတ်ဆက်နေသည့် FEC မှာလည်း တယူနစ်လျှင် ကျပ် ၆၂ဝ ပေါက်ဈေးရှိသည်။

ယခုကဲ့သို့ ဒေါ်လာဈေးကျဆင်းခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့်လည်း ဆက်နွယ်သည့် အကြောင်းတရပ်
ဟု ဦးခင်မောင်ညို(ဘောဂဗေဒ) ကဆိုသည်။

“ကမ္ဘာမှာက ရွှေဈေးတက်ရင် ဒေါ်လာက ကျလာတယ်လေ။ အဲဒီအချက်ကလည်း အတိုင်းအတာတခုထိ ပါတာပေါ့” ဟု ဦးခင်မောင်ညိုက ပြောသည်။

ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း ဒေါ်လာပေါက်ဈေး ဆက်တိုက် ကျလာသဖြင့် မြန်မာ့ရွှေဈေး ထင်သလောက်
ဈေးမတက်နိုင်ဟု ရွှေဆိုင်များက ပြောသည်။

လွန်ခဲ့သည့် ၂ ရက်ခန့်တွင် ကမ္ဘာ့ရွှေဈေး ကမ္ဘာ့ရွှေဈေး တအောင်စ (၁ ဒဿမ ၇၆ ကျပ်သား) လျှင် ဒေါ်လာ 
၁၈၅ဝ ခန့် ပေါက်ဈေး ရှိနေချိန်တွင် ရန်ကုန်ရွှေဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇ သိန်း အထက်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာသဖြင့် တနင်္လာနေ့တွင် ကမ္ဘာ့ရွှေဈေး  ဒေါ်လာ ၁,၈၇ဝ အထိ မြင့်တက်သွာခဲ့သော်လည်း  အခေါက်ရွှေ တကျပ်သားလျှင် ၆၈၈,ဝဝဝ ကျပ်သာ ဈေးဖွင့်ခဲ့သည်။  

သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင့်က တနင်္ဂနွေနေ့တွင် ပြီးဆုံးသွားခဲ့သည့် ၃ ရက်တာ အမျိုးသား
အဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးမှု အလုပ်ရုံဆွေးနွေးပွဲတွင်လည်း “ မြန်မာငွေလဲနှုန်းကိစ္စ” ခေါင်းစဉ်ဖြင့် စာတမ်း
တင်သွင်း ဖတ်ကြားခဲ့သေးသည်။ လက်ရှိ တရားဝင် ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ
ခြောက်ကျပ်မျှသာ ဖြစ်သည်။

လာမည့် အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ပညာရှင်များ 
လာရောက် ကာ ငွေလဲနှုန်းများကို ပြုပြင်ရန် ဆောင်ရွက်ရန်အတွက် နည်းလမ်းရှာအကူညီပေးမှာဖြစ်သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သမ္မတအိမ်တော်၌ ပထမဆုံးတွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဟု ထုတ်ပြန်


6478
နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော် ရုံးခန်း၌ ပထမဆုံး တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ခင်မင်ရင်းနှီးစွာ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါသည်။
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသား အဆင့်အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်စဉ် ကာလအတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။
နေပြည်တော်တွင် သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့) အစီအစဉ်ကို မူလက မွန်းလွဲ ၁ နာရီတွင် စတင်ရန်စီစဉ် ခဲ့သော်လည်း မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ရောက်ရှိမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိလာပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ(ဒုတိယနေ့)ကို သြဂုတ်လ ၂၀ ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။



ကျပ်ငွေဈေး ထိုးတက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၃ နှစ်နီးပါး ကာလအတွင်း မြန်မာငွေဈေး အမြင့်ဆုံး ထိုးတက် သွားသောကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသည့် အခြေအနေ ဖြစ်ပေါ်လျက် ရှိသည်။




Border-Boats
ထိုင်းကုန်များမရှိ၍ နယ်ခြား သောင်းရင်းမြစ် ထိုင်းဘက်ခြမ်းတွင် ရပ်နားထားရသည့် ကုန်တင် စက်လှေများ (ဓာတ်ပုံ - ဧရာဝတီ)

“ဒီနေ့ ငွေလဲဈေးက ကျပ် ၁၀၀ ကို ၄. ၃၅ ဘတ် အထိ ဖြစ်သွားပြီ။ ထိုင်းပစ္စည်းတွေကို အရှုံးခံပြီးတော့ ဘယ်ကုန်သည်မှ မသယ်တော့ဘူး။ နယ်စပ် ကုန်သွယ်ရေးက ရပ်သလောက်ကို ဖြစ်နေပြီ” ဟု မြန်မာ စားသောက်ကုန် တင်သွင်းသည့် ကိုမူဆာက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ အထည်အလိပ်နှင့် စားသောက်ကုန်များအား မြန်မာဘက် တင်ပို့သည့် လုပ်ငန်း ရပ်နား ထားရသည်မှာလည်း တပတ်ကျော် ရှိပြီဟု ထိုင်းလုပ်ငန်းရှင် တဦးဖြစ်သည့် နိုင်ဝစ်ချိုင်းက ဆိုသည်။ 
၎င်းက “ပြဿနာက မြန်မာငွေ ဈေးတက်လို့ပဲ။ ၂၀၀၉ -၂၀၁၀ လောက်က မြန်မာငွေဈေးက ကျပ် ၁၀၀ ကိုအများဆုံး ထိုင်း ၃ ဘတ် ကျော်ရုံပဲရှိတာ။ အခုလောက်ထိ တက်သွားတော့ မြန်မာ ကုန်သည်တွေ မလာနိုင်တော့ဘူး။ တံတား ပိတ်ထားရတဲ့ ကြားထဲ ဒီလို ဖြစ်သွားတော့ နှစ်ဘက် ကုန်သည်တွေ အားလုံး နစ်နာတယ်” ဟု ရှင်းပြသည်။

မဲဆောက်မြို့မှ မြန်မာဘက်ခြမ်းသို့ ဆောက်လုပ်ရေးပစ္စည်း တင်ပို့သည့် လုက်ငန်းရှင် တဦးကလည်း မြန်မာ ကုန်သည်များ မလာသောကြောင့် အရောင်းအ၀ယ် မရှိကြောင်း၊ ယခင်က ပစ္စည်းများကို နေ့စဉ် ဆယ်ဘီး ကားများဖြင့် မြန်မာဘက် တင်ပို့ရသော်လည်း ယခုအခါ ဘိလပ်မြေနှင့် သွပ်ပြားရောင်းချရမှုမှာ တနေ့လျှင် ရာဂဏန်းပင် မရှိတော့ကြောင်း ပြောသည်။

နယ်ခြား သောင်ရင်းမြစ်မှတဆင့် ထိုင်းကုန်ပစ္စည်း မြန်မာဘက်ပို့သည့် စက်လှေ မောင်းသမားတဦးကလည်း “အခုဆိုရင် ထိုင်းပစ္စည်တွေမလာလို့ စက်လှေတွေ ရပ်ထားရတာ ၁၀ ရက်ကျော်ပြီ။ ကုန်သည်တွေ ပြောတာ ကတော့ ငွေဈေး ၃ ဘတ်လောက် ပြန်ဖြစ်မှ အလုပ်ပြန်လုပ်တော့မယ်တဲ့။ တချို့ တနိုင်တပိုင် ကုန်သည် လေးတွေ သူ့နည်းသူ့ဟန်နဲ့ ထိုင်းကုန် နည်းနည်းပါးပါး သွင်းတာလောက်ပဲ ရှိတော့တယ်” ဟု ရှင်းပြသည်။

ငွေလဲ လုပ်ငန်းလုပ်ကိုင်နေသည့် ကိုမွန်ကြီးက ကျပ်ငွေဈေး ယခုရက်ပိုင်းအတွင်း အဆမတန် တက်သွား သောကြောင့် မြန်မာ အလုပ်သမားများလည်း နေရပ်သို့ ငွေပြန်မပို့နိုင်ကြတော့ကြောင်း ပြောသည်။

“ငွေပို့တဲ့သူတွေ တော်တော် နည်းသွားပြီ။ ဒီထက်ကို ကျပ်ငွေဈေး ထပ်တက်မယ် ဆိုရင် မဲဆောက် - မြ၀တီ နယ်စပ်ကုန်သွယ်ရေး လုံးဝ ရပ်နားသွားနိုင်တယ်။ အခုအနေအထားက ကြုံဖူးသမျှ နှစ်တွေထဲမှာ အဆိုး ဆုံးပဲ” ဟု သူကဆိုသည်။

ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်တင်သွင်းမှု ရပ်တန့်နေသော်လည်း ထိုင်းနိုင်ငံအတွင်းပိုင်းသို့ အလုပ်အကိုင် ရှာဖွေရန်အတွက် မြ၀တီ - မဲဆောက် လမ်းကြောမှတဆင့် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား အရေ အတွက်မှာ တရက်ခြား လူဦးရေ ၁၀၀၀ ကျော် အထက်တွင်ရှိသည်ဟု ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့မှ အရာရှိ တဦးကပြောသည်။
 

ဖုတ်ဖရမြို့နယ်တွင် မြန်မာအလုပ်သမား ၂၅၀ အဖမ်းခံရ

တပ်ခရိုင် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်မှာ အလုပ်သမား မှတ်ပုံတင် မရှိမှုနဲ့ ခွင့်ပြုချက်မရဘဲ အိမ်ဆိုင်လေးတွေ ဖွင့်ထားမှု စတဲ့ အချက်တွေနဲ့ မြန်မာအလုပ်သမား ၂၅၀ ဦး ဩဂုတ် ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၂၅၀ ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပြီး ထိုင်းနယ်ခြားစောင့် ရဲ၊ လ၀ကနဲ့ ပြည်သူ့စစ်တွေက ပူးပေါင်းဖမ်းဆီး ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖုတ်ဖရမြို့နယ်ကနေ ၃၆ ကီလိုမီတာခန့်ဝေးတဲ့ စီခိုထိုင်း၊ ချီးဘားဘိုး၊ ဘန့်ဟတ်၊ ဘန့်ကျတ် စတဲ့ ကျေးရွာတွေနဲ့ စအိုတိုက်နယ် ကျေးရွာတွေမှာ ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီလောက်က စပြီး စစ်ဆေးရေး ချက်ပွိုင့် ၈ ခု ဖြန့်ပြီး ဖမ်းဆီးတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ခွင့်ပြုချက်မရဘဲ ဖွင့်ထားတဲ့ အိမ်ဆိုင်တွေနဲ့ တီဗွီစတဲ့ အိမ်သုံးပစ္စည်းတွေရော တင်ရောင်းထားတဲ့ ပစ္စည်းအားလုံးကိုပါ သိမ်းဆည်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ ပြောင်းခင်း၊ ကြံခင်းတွေထဲမှာ ဖြစ်သလိုနေထိုင်ပြီး စိုက်ပျိုးရေး နေ့စားလုပ်ပေးနေတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။

သူတို့ကို ဖမ်းဆီးပြီး နေချင်းပိုင်းမှာပဲ ၁၀၀ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို နယ်စပ်ကို ပြန်ပို့လိုက်တယ်လို့ မြန်မာအလုပ်သမားအရေး လိုက်လံ ဆောင်ရွက်ပေးနေတဲ့ မဲဆောက်အခြေစိုက် ကိုမိုးကြိုးက ခုလို ပြောပြပါတယ်။

“၂၅၀ လောက်ဖမ်းတာဆိုတော့ စီမံချက်နဲ့ ဖမ်းတာပေါ့။ သာမန်အားဖြင့် တနေ့ကို ၄၀-၅၀ ကတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေတခုခုကို ချိုးဖောက်မိလို့ ဥပမာ ဖဲရိုက် ကြက်တိုက်စတဲ့ လောင်းကစားလုပ်လို့ ဗျာ၊ မူးယစ်ဆေးလက်ဝယ်မှာ တွေ့ရှိလို့ စသည်အားဖြင့် မိတာတွေတော့ ရှိပါတယ်။ ဒါကတော့ ဘာအထောက်အထားမှ မရှိတဲ့လူတွေ တော်တော်များများကို ဖမ်းတာ၊ သူတို့ကို ဖုတ်ဖရမြို့နယ် ရဲစခန်းကို ဖမ်းသွားတယ်။ နောက်ကနေပြီး အလုပ်ရှင်တို့၊ ဘာတို့ လိုက်လာပြီး နေထိုင်ခွင့် လက်မှတ် ရှိတယ်ပြောတာပေါ့ဗျာ။ အဲဒီလောက်ပြောရုံနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဲလိုနဲ့ ၂၅၀ မှာ ၁၀၀ လောက်တော့ ပြန်လွတ်တာပေါ့။ ၁၅၀ ကတော့ ဖုတ်ဖရကနေ ဟိုမြန်မာပြည်ဘက်ခြမ်းကို သွန်တာပေါ့”

ဒီမြန်မာတွေကို သွားပြီးလွှတ်တဲ့ သောင်းရင်းမြစ် တဘက်ကမ်းက ၅ ဘတ်ဂိတ်၊ ဆယ်ဘတ်ဂိတ် ဆိုတဲ့ နယ်စပ်ဂိတ်တွေဟာ အရင်က ဒီကေဘီအေ အပိုင်ဖြစ်ပြီး အခုအခါမှာ ကရင်နယ်ခြားစောင့်တပ်တွေက အခြေစိုက်ထားတယ်လို့ ကိုမိုးကြိုးက ဆိုပါတယ်။

သူတို့ များစုဟာ မြန်မာပြည်နယ်စပ်ဒေသက ဒေသခံတွေ မဟုတ်ဘဲ ပဲခူးတိုင်းက လာကြတဲ့လူတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ မဲဆောက်မှာ အရင်ခိုလှုံနေကြပြီးမှ တောင်ယာတွေမှာ အလုပ် ၀င်လုပ်နိုင်ဖို့ ဖုတ်ဖရမြို့နယ်ထဲကို ရွှေ့ပြောင်းလာကြတာ ဖြစ်ပါတယ်။

မြန်မာပြည်ဘက်ကို အပို့ခံလိုက်ရတဲ့ အလုပ်သမားတွေရဲ့ လက်ရှိ အခြေအနေကို မသိရသေးပါဘူး။

ထိုင်းနိုင်ငံ တပ်ခရိုင်က မြို့ နယ် ၆ ခုမှာ မြန်မာအလုပ်သမားစုစုပေါင်း ၄ သိန်းလောက်ရှိပြီး မဲဆောက်တခုတည်းမှာ ၂ သိန်းလောက် ရှိတယ်လို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။

ဒါပေမယ့် အလုပ်သမားမှတ်ပုံတင် တရားဝင် လာလုပ်ထားသူ ၄ သောင်းကျော်သာ ရှိတယ်လို့ တပ်ခရိုင် အလုပ်သမားဌာနက ထုတ်ပြန်ထားပါတယ်။ 
 
Source: DVB

၂၀၁၁ ခုနှစ်တွင် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ အလုပ်သမား ထွက်ခွာမှု သိသာစွာ လျော့ကျပြီး ထိုင်းအလုပ်သမား ဈေးကွက်မြင့်တက်

၂၀၁၁ခုနှစ်အတွင်း အရှေ့ပိုင်း အလယ်ပိုင်းနိုင်ငံများသို့ အလုပ်လုပ် ရန်ထွက်ခွာမှုမှာ သိသာစွာလျော့ကျသွားခဲ့ပြီး ထိုင်းအစိုးရက မြန်မာအစိုး ရနှင့်ချိတ်ဆက်ကာ ဂျီတူဂျီ အလုပ်သမား ပို့ဆောင်ခြင်းဖြင့် ထွက်ခွာသူဦးရေမှာ သိသာစွာမြင့်တက် ခဲ့ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့ထံမှ စုံစမ်းသိရှိရသည်။

အရှေ့အလယ်ပိုင်း နိုင်ငံအချို့ တွင် ပြည်တွင်းရေးမတည်ငြိမ်မှုများ ၏ နောက်ဆက်တွဲ ဂယက်များကြောင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်နေခြင်းနှင့် အလုပ်သမား လာရောက် ခေါ်ယူသော အေးဂျင့်များ၏ စာချုပ်ပါ အချက်အလက်များကို အလုပ်သမားများ အမှန်တကယ် ရရှိ ခံစားခွင့်များနှင့် တူညီမှုမရှိဘဲ ဖော်ပြထားခဲ့ ခြင်းများကြောင့် အလုပ်သမားအများစုမှာ ထိုနိုင်ငံများသို့ ရောက်ပြီးမှ အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရသည် ဟု သိရသည်။
ထို့ကြောင့် ယင်းနိုင်ငံများဆီသို့ ထွက်ခွာလိုသူဦးရေမှာ သိသာစွာ လျော့ကျခဲ့ရကြောင်း ဂရင်းဝေး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ စုံစမ်းသိရှိရပါသည်။

ယခုအခါ ထိုင်းနိုင်ငံ၏ ယာယီ မြန်မာနိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေး၍ အစိုးရချင်းချိတ်ဆက်ကာ တရားဝင် အလုပ်သမားခေါ်ယူမှု အစီအစဉ်များ ရှိလာခြင်းအပြင် ထိုင်းအစိုးရသစ် လက်ထက်၌ နိုင်ငံခြားသားနှင့် အခြေခံလူတန်းစားများ၏ အခြေခံလစာကို တိုးမြှင့်ရန် စီစဉ်နေသော သတင်းများ ထွက်ပေါ်ခဲ့မှုများကြောင့် ကော့သောင်းမှတစ်ဆင့် အလုပ်လုပ်ရန် ထွက်ခွာသူဦးရေမှာ သိသာစွာများ လာခဲ့ကြောင်း ထိုင်းကုမ္ပဏီ ခြောက်ခုမှ အလုပ်သမား လတ်တလောခေါ်ယူမှု ကမ်းလှမ်းရရှိထားသည့် အေဂျင်စီ မှ တာဝန်ရှိသူက ပြောပြခဲ့သည်။

“အခု ပြည်ပရောက် အလုပ်သမားတွေမှာ တရားဝင်မသွားခဲ့လို့ အဆင်မပြေတာနဲ့။ တရားဝင် သွားပေမယ့်လည်း အဆင်မပြေကြတာနဲ့။ တစ်ခုခုဖြစ်ရင် ဟိုဘက်ကအေးဂျင့်နဲ့ ဒီဘက်က အေးဂျင့်တွေ တာဝန်မယူတာ စတဲ့ဖြစ်ရပ်တွေကြောင့် ဂျီတူဂျီ တွေကို အတော်အားကိုးလာတယ်။ လတ်တလောမှာ အမျိုးသားတွေပဲ ခေါ်တဲ့ EPS ဆို အသွားများကြတယ်။ အခု ထိုင်းကိုလည်း အတော်သွားကြ တယ်”ဟု အေးဂျင့်တာဝန်ခံက ဆက် လက်ရှင်းပြခဲ့သည်။

ထိုင်းအစိုးရမှ ၎င်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာမှုများကို ကန့်သတ်စိစစ်သွားရန် ခြောက်နှစ် သက်တမ်းဖြင့် ယာယီနိုင်ငံကူးလက် မှတ်များကို ထုတ်ပေးနေပြီး အလုပ် သမားနေထိုင်ခွင့်ပါမစ်များဖြင့် စက်ရုံ အလုပ်ရှင်များမှ အလုပ်သမား တိုက်ရိုက်ခေါ်ယူခြင်း စနစ်များ ကော့သောင်းမြို့နယ်တွင် ထားရှိခဲ့ပြီးဖြစ်ရာ မြန်မာ-ထိုင်း နယ်စပ်မြို့များအပြင် အခြားမြို့နယ်များမှ နေ့စဉ်သွားရောက် လျှောက်ထားသူ ဦးရေလည်း ရှိနေသည်ဟု သိရသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းမှာ တရားမ၀င်သွားခဲ့ပြီး လုပ်ခလစာတွေ ခေါင်းပုံဖြတ်၊ ကျီးလန့်စာ စားနေရတာတွေထက်စာရင် အခုစနစ်က အရမ်းကောင်းသွားတယ်။ ရန်ကုန်ဘက်ကပါ ထိုင်းကိုသွားတဲ့သူတွေ များလာပြီ”ဟု ထိုင်းနိုင်ငံရှိစက်ရုံ တစ်ခုတွင် လျှောက်လွှာ တင်ထားသူ က ပြောပြခဲ့ပါသည်။

ထိုင်းအစိုးရသည် အမျိုးသား အပြင် အမျိုးသမီးများပါ တရားဝင် ခေါ်ယူခြင်းဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် ခေါ်ယူခန့်ထားခြင်းများ ရှိနေရာ လုပ်ခလစာမှာ အနိမ့်ဆုံးတစ်လလျှင် ဘတ်ရှစ်ထောင် (ကျပ်နှစ်သိန်း ၀န်းကျင်) ခန့်ရရှိကြသည်ဟု သိရှိရပါသည်။

ဝန်ဆောင်ခမှာ သုံးသိန်းနှင့် လေးသိန်းကြား ကုန်ကျပြီး ထိုင်း အလုပ်ရှင်ဘက်မှ နေထိုင်ခွင့်၊ အသက် အာမခံ၊ ကျန်းမာရေးနှင့် ပါမစ်စရိတ်များအတွက် ကုန်ကျငွေ အကြမ်းဖျင်း ဘတ်တစ်သောင်းကို စိုက်ထုတ်ပေး ထားပြီး ၁၀ လအတွင်း အလုပ်သမားဘက်မှ ပုဒ်ဖြတ်စနစ်ဖြင့် အကြေပေး ဆပ်သွားရမည်ဖြစ်ကြောင်း သိရှိရ သည်။ 
 
Source: Eleven Media Group 

ဝင်ငွေခွန်များ လျှော့ချပေး

နိုင်ငံခြားဝင်ငွေ ရနေတဲ့ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ ပြည်တွင်း ပြည်ပ နိုင်ငံသားတွေ ပေးဆောင်နေကြရတဲ့ ၀င်ငွေခွန်ကို လျှော့ချ ပေးဆောင်ဖို့ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးက ဒီနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုပေးဆောင်နေကြရတဲ့ ၀င်ငွေခွန် ၁၀% ကို လျှော့ချပြီး ၂% သာ ပေးဆောင်ကြရတော့မှာ ဖြစ်ပေမဲ့ ဒီဝင်ငွေခွန် လျှော့ချတဲ့ ကာလသက်တမ်းကလည်း ၆ လပဲဖြစ်တယ် ဆိုတာကို ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ဒီနေ့ သြဂုတ်လ ၁၈ ရက် ကြာသပတေးနေ့က စပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ၆ လအတွင်း ၀င်ငွေခွန်တွေကို ၁၀% ကနေ ၂% အထိ လျှော့ချ ကောက်ခံမယ်လို့ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါဟာ ပြည်တွင်းမှာရှိနေတဲ့ အထည်ချုပ် စက်ရုံတွေ၊ ပြည်ပကိုရောက်ပြီး အလုပ်လုပ်နေကြသူတွေ အတွက် အားလုံး အကျုံးဝင်ပါတယ်။

အခု အခွန်လျှော့ချလိုက်တဲ့ ကာလသက်တမ်းဟာ လတ်တလောမှာ ၆ လ ဆိုပေမဲ့ ၀င်ငွေခွန် ပေးနေရတဲ့ သူတွေအဖို့ တစုံတရာ အဆင်ပြေသွားနိုင်သလို အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေအတွက် ခြေလှမ်းသစ်တွေ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဦးခင်မောင်ညိုက ပြောပါတယ်။
“၀င်ငွေခွန်ကို ၁၀% ပေးဆောင်နေတဲ့ အထည်ချုပ် လုပ်ငန်းတွေ အကျိုးခံစားခွင့် ရှိမယ်။ နောက်တခုက ပြည်ပရောက်နေတဲ့ သူတွေက နိုင်ငံခြားကနေ ငွေလွှဲရင် ၁၀% ဖြတ်ခံရတယ်၊ ၀င်ငွေခွန် ဆောင်ရတယ်။ အဲဒါ အခုဆိုရင် ၂% ပဲ ဆောင်ရမယ်။ နောက် သင်္ဘောသားတွေ၊ သူတို့ အုပ်စု ၃ ခု အကျိုးခံစားခွင့် ရှိပါမယ်။
“နိုင်ငံခြားကနေ ငွေလွှဲတာတွေက တရားဝင် လမ်းကြောင်းကနေ လွှဲတာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆရာ ယူဆတယ်။ ခါတိုင်းက ဟွန်ဒီလွှဲနေရာကနေ အခု တရားဝင်လွှဲဖို့ အဆင်ပြေလာမယ်လို့ ဆရာကတော့ မျှော်လင့်တယ်။ သမ္မတကြီးက လျှော့သင့်လျှော့ထိုက်တာတွေ လျှော့ပေးဦးမယ်လို့ မနေ့ကပဲ ပြောတာလေ။ ဒါ တရက်အတွင်း အကောင်အထည် ပေါ်တာပဲ။”
စီးပွားရေး ပညာရှင် ဦးခင်မောင်ညို ပြောပြသွားတာ ဖြစ်ပါတယ်။
အခုဆိုရင် ပြည်တွင်းက အထည်ချုပ်လုပ်ငန်း တော်တော်များများဟာ ပြည်တွင်းမှာ ဒေါ်လာဈေး အဆမတန် ကျနေတာမို့ အဆင်မပြေ ဖြစ်နေကြတဲ့အချိန် အခုလို ၀င်ငွေခွန် လျှော့ချလိုက်တဲ့အတွက် သူတို့အဖို့ သက်သာရာ ရစေမှာ အမှန်ဖြစ်သလို ပြည်ပမှာ အလုပ်တွေ ထွက်လုပ်နေကြပြီး သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေမှာ ၀င်ငွေခွန် ပေးဆောင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီသတင်းကို ကြိုဆိုကြပါတယ်။
အခု စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေလို့ လစဉ် ၀င်ငွေခွန် သံရုံးကို ပေးဆောင်နေရတဲ့ မစုမွန်ကတော့ ဒီအတိုင်းသာဆိုရင် သူတို့အတွက် ပေးဆောင်နေရတဲ့ အခွန် တ၀က်လောက် သက်သာသွားမယ်လို့ ပြောပါတယ်။
“စင်ကာပူအရဆိုရင် အလုပ်လုပ်တဲ့ Category ၂ မျိုးရှိတယ်။ တခုက SPass၊ နောက်တခုက EP၊ နောက်တခုကတော့ Permanent Resident ရထားတဲ့ PR တွေပေါ့။ အဲဒီလိုဟာမျိုးတွေမှာ SPass သမားတွေကိုဆိုရင် တလကို ၈၀ နှုန်း၊ EP နဲ့ PR ကတော့ တလကို ၁၂၀ နှုန်းပေါ့။ အဲဒါက လခ ဘယ်လောက်ပဲ ရနေ ရနေ ဒီလိုမျိုး သတ်မှတ်ထားတယ်။
“၄၀ လောက်ပဲ ဆောင်ရမယ်ဆိုတော့ အရင်တုန်းက ဆောင်ရတာ ၈၀ ဆိုတော့ ၄၀ ဆိုရင် တ၀က်လောက် ကျသွားတာပေါ့။ ပြီးတော့ EP သမားတွေအတွက် ဆိုရင်လည်း ၃,၀၀၀ ဆိုရင် ၆၀ ပဲကျတော့မယ်။ အရင်တုန်းက ၁၂၀ ကနေ ၆၀ ဆိုရင် အခု တ၀က် သက်သာသွားတဲ့ သဘောပေါ့။”
အခု ၀င်ငွေခွန်ကို လျှော့ချလိုက်တဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ သင်္ဘောသားတွေလည်း ပါဝင်ပါတယ်။ ရေမြေရပ်ခြားမှာ အလုပ်သွားလုပ်ပြီး ကိုယ့်နိုင်ငံထဲကို ငွေပြန်ပို့တဲ့သူတွေ အဖို့ အခု မြန်မာပြည်ထဲမှာ ဒေါ်လာဈေး အဆမတန် ကျတာဟာ သူတို့အတွက် အတော်လေး အဆင်မပြေတာမျိုး ကြုံနေကြရပါတယ်။
“တော်တော်နစ်နာပါတယ်။ ပထမတုန်းက ကျမ ကျောင်းစတက်တုန်းကဆိုရင် စင်ကာပူဒေါ်လာဈေးက ၈၀၀ ကို တော်တော်ကျော်ပြီး ၉၀၀ နီးပါးလောက် ရှိတယ်။ ဒါပေမဲ့ အခု ဒီနေ့ ငွေဈေးက ၆၀၀ ပဲ ကျန်တော့တယ်။ အဲတော့ ကိုယ်ကျောင်းပြီးလို့ အိမ်ကိုပြန်ပို့တော့မယ့် အချိန်ကျတော့ သုံးချိုးတချိုးလောက် ကျသွားတာဆိုတော့ မလွယ်တော့ဘူး။
“မြန်မာပြည်မှာကျတော့လည်း ကုန်ဈေးနှုန်းက ဒေါ်လာဈေးသာကျတယ်၊ ကုန်ဈေးနှုန်းက ကျမှမကျတာ။ အဲတော့ ရန်ကုန်မှာ ကုန်ဈေးနှုန်းကလည်း နဂိုအတိုင်းပဲဆိုတော့ အရင်တုန်းက သုံးတဲ့ Amount ကို ရဖို့အတွက်ဆိုရင် ဒီဘက်က ပိုရှာပြီး ပိုပြီး ပို့ရသလိုပဲ။”
စင်ကာပူနိုင်ငံက မစုမွန် ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာအစိုးရကတော့ ပြည်တွင်းမှာ ဒေါ်လာဈေးတွေကျပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်နေတဲ့အတွက် ပို့ကုန်လုပ်ငန်းတွေ ထိခိုက်မှု မရှိရလေအောင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၆ လ ကုန်သွယ်ခွန် လျှော့ချပေးတာတွေ ကြေညာခဲ့ပြီး ဒီနေ့ ၀င်ငွေခွန်တွေကိုလည်း ၆ လ လျှော့ကောက်မယ်လို့ ကြေညာခဲ့တာပါ။
ဒါ့အပြင် မနက်ဖြန် သြဂုတ်လ ၁၉ ရက်၊ သောကြာနေ့မှာတော့ နိုင်ငံတော် စီးပွားရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွေကို ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်မှာ ကျင်းပဖို့ ရှိပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းများအား လူဦးရေစာရင်းကောက်ခံရန် ညွှန်ကြားခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိအုန်းဖျန်ဒုက္ခသည် စခန်းမှ ဒုက္ခသည်များအားလူဦးရေစာရင်းကောက် ခံ ပေးရန် ဒုက္ခသည်စခန်းဆိုင်ရာထိုင်းအုပ်ချုပ်ရေး အဖွဲ့မှ ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင်စခန်း တာဝန်ရှိသူများကို ပြောဆိုညွှန်ကြားခဲ့သည်ဟုသိရ သည်။
Picture_159ထိုသို့ ကောက်ခံရန် တာ့ခ်ခရိုင် ဥက္ကဌက ညွှန်ကြားခြင်းဖြစ်ပြီး စခန်းအတွင်းရှိ ဒုက္ခသည်များအနက်တတိယ နိုင်ငံ သွားရောက်မည့်သူများ၊ မြန်မာပြည်ပြန်မည့်သူများ၊ မပြန်မည့်သူများ စသည်ဖြင့် လူဦးရေစာရင်းများကို ကောက်ခံပေးသွားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည် ဟု အုန်းဖျန်စခန်း ဥက္ကဌ စောဝါးထီးက ကေအိုင်စီကို ပြောသည်။

“သူတို့ကောက်ခိုင်းတာကတော့ ဒီစခန်းထဲကနေ တတိယနိုင်ငံထွက်သွားပြီးတဲ့ လူဦးရေရယ်၊နောက်ထပ် သွားဖို့ ဘယ်နှစ်ဦး ထပ်တင် ထားသေးလဲနဲ့ မြန်မာပြည်ကိုပြန်မဲ့ လူဦးရေ၊ နောက်ပြီး ထိုင်းနိုင်ငံထဲမှာ ဆက်ပြီးနေထိုင်သွားမှာက ဘယ်လောက်ရှိလဲဆိုတဲ့ စာရင်း ၄မျိုးကိုကောက်ဖို့ ကျနော်တို့ကို အချိန် ၂ပတ်ပေးတယ်။”ဟု သူက ဆိုသည်။ 
ထိုအခြေအနေပေါ်တွင် အုန်းဖျန်စခန်းကော်မတီဝင်များက ယနေ့ အစည်းအဝေးပြုလုပ်ခဲ့ကြသလိုမြန်မာအစိုးရ အနေဖြင့် ဒုက္ခသည် များ၏ ဘ၀ရပ်တည်ရေးအတွက် မည်သည့်စီမံကိန်းမှ လုပ်ဆောင်ပေးခြင်းမရှိသေးသည့် အပေါ် မြန်မာပြည်တွင်းသို့ ပြန်လည်နေထိုင် ရန်မှာ ယုံကြည်ရခက်ပြီးထိုင်းအစိုးရသစ်အနေ ဖြင့်လည်းမြန်မာ ဒုက္ခသည်များအား ပြည်တွင်း ပြန်လည်ပို့ဆောင်မည်ဆိုပါက အချိန် စောသေးကြောင်း စောဝါးထီးက ဆက်လက် ပြောဆိုသည်။

အုန်းဖျန်စခန်းမှ ဆရာထူးကလယ်က “အခုလက်ရှိအနေနဲ့ကတော့ ကျနော် နိုင်ငံခြားသွားဖို့တင်ထားတယ်။ ကျနော်တို့ နိုင်ငံထဲမှာဆို အသိအမှတ်ပြုခံရမဲ့ နိုင်ငံသားကဒ်ရဖို့ဆိုတာ မလွယ်ဘူးလေ။ အကောင်းဆုံးကတော့ ဘ၀ရပ်တည်ဖို့အတွက် ကျနော် စဉ်းစားပြီး နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ဗမာပြည်မှာက ဘာဘ၀ အာမခံချက် မှ မရှိတဲ့အတွက် မပြန်တော့ပါဘူး။”ဟု ဆိုသည်။

လက်ရှိအချိန်အထိ မြန်မာပြည်ရှိ ထောင်များမှ နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းမရှိသေးသည့် အပြင် အိုးမဲ့အိမ်မဲ့ ဖြစ် နေကြသည့် မြန်မာဒုက္ခသည်များအတွက် မည်သည့်အာမခံချက်မျိုးမှမရှိသေးသည့် အပေါ် အစိုးရအသစ်အနေဖြင့် ပြည်ပရောက် မြန် မာနိုင်ငံသားများအား ဖိတ်ခေါ်လိုက်ခြင်းကို လုံးဝယုံကြည်မှုမရှိကြောင်း NLD အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းအောင်က ပြောသည်။

Picture_087သို့သော် အခြားဒုက္ခသည်စခန်းများတွင် ဒုက္ခသည်လူဦးရေစာရင်းကို ကောက်ခံရန် ညွှန်ကြားလာခြင်း မရှိသေးကြောင်း မယ်လစခန်း တာဝန်ခံ တစ်ဦးက ပြောသည်။ “ကျနော်တို့စခန်းမှာတော့အဲလိုလူဦးရေ ကောက်ခံ ဖို့တွေ ဘာမှပြောသံမကြားသေးပါဘူး။”ဟု ဆို သည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအား ထိုင်းအစိုးရဘက်မှ စခန်းများ ပိတ်ပစ်လိုက်မည်ဟု ထွက်ပေါ်နေသည့် ကောလဟလသတင်းများကြောင့် ဒုက္ခသည်များလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း မယ်လစခန်းမှ ဒုက္ခသည်တစ်ဦးက ပြော သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ခုတွင် ဒုက္ခသည်ဦးရေ တစ်သိန်းခွဲရှိပြီး အုန်းဖျန်နှင့်မယ်လ ဒုက္ခသည်စခန်းများသည် တာ့ခ်ခရိုင်အတွင်း တည်ရှိသည့် ဒုက္ခသည်စခန်းများဖြစ်သည်။
 

လာမည့် ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး များသည် နှစ်ပေါင်း ၅၀အတွင်း ဒီမိုကရေစီကျစွာ ဆွေးနွေးနိုင်မည့် ပထမဆုံး လွှတ်တော် အစည်းအဝေး များ ဖြစ်လာရန် ပြည်သူများ မျှော်လင့်





6472
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အချို့ကို ၂၀၁၁ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးများကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် စတင် ကျင်းပတော့မည်ဖြစ်ရာ ယခုတစ်ကြိမ် လွှတ်တော်တွင် ပြည်သူများ၏ ဆန္ဒအမှန်နှင့် အခက်အခဲများကို ကိုယ် စားပြုတင်ပြဆွေးနွေးမည့် နှစ်ပေါင်း ၅၀ အတွင်း ဒီမိုကရေစီ အကျဆုံး လွှတ်တော်ဖြစ်လာရန် ပြည်သူများ က မျှော်လင့်နေကြပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပြောင်းလဲစေခဲ့သည့် လွှတ်တော်များ ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပခဲ့သည်။

ထိုသို့ ခေါ်ယူရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ ပထမအကြိမ်ပုံမှန် အစည်းအဝေးများကို ယင်းနေ့တွင် တစ်ချိန်တည်း ကျင်းပခဲ့သည်။



ဒီတစ်ခေါက် လွှတ်တော်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ခုတည်းကိုပဲ ဝေဖန်ထောက်ပြတာမျိုး မဟုတ်ဘဲ တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း ဝေဖန်ထောက်ပြစေချင်ပါတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဆိုပေမယ့် တရားသူကြီးတချို့ဟာ ခုထိဥပဒေအထက်မှာ ရှိပြီး ဥပဒေကို လက်တစ်လုံးကြား လုပ်နေတယ်။ တရားရေးဆိုင်ရာ မကျွမ်းကျင်မှုတွေ၊ လာဘ်ပေးလာဘ်ယူ မှုတွေကြောင့် ပြည်သူတွဟာ နစ်နာခံစားနေရဆဲဖြစ်ပါတယ် . . .
လွှတ်တော်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီ စနစ်ကို စတင်နိုင်ခဲ့သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သစ် ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည့် အစိုးရအဖွဲ့သစ်ကိုလည်း ဖွဲ့စည်း နိုင်ခဲ့သည်ကို တွေ့ရသည်။
ယင်းလွှတ်တော်များတွင် အစိုးရ အဖွဲ့သစ်အတွက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ရွေးချယ်ခန့်အပ် တာဝန်ပေးသည့် လုပ်ငန်းဆောင်တာ များကိုသာ အဓိကဆောင်ရွက်နိုင်ခဲ့ သည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိ ပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန် အစည်းအဝေးသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူကျင်းပခဲ့သည့် အစည်းအဝေးဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် လွှတ်တော်ဖွဲ့ စည်းခြင်း၊ အမြဲတမ်းကော်မတီများ ဖွဲ့စည်းခြင်း၊ ပူးပေါင်းကော်မတီများ ဖွဲ့စည်းခြင်းများကို ပြုလုပ်နိုင်ခဲ့ကာ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေ စာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေး ကော်မတီတို့ကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။
ထို့ပြင် လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များရွေးချယ်ခြင်း၊ ဒုတိယသမ္မတများ ရွေးချယ်ခြင်းနှင့် သမ္မတရွေးချယ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည် ထောင်စုလွှတ်တော်မှ ၀န်ကြီးဌာန ၃၄ ခုနှင့် ၀န်ကြီးဦးရေ ၃၀ တို့အား လည်းကောင်း၊ အခြေခံဥပဒေဆိုင် ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရှစ်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခြောက်ဦး၊ ပြည် ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီး ခြောက်ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်တို့အား ရွေးချယ်တင်မြှောက် ခဲ့သည်။
ပထမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်း ၁၀၆ ခု နှင့် အဆို ၄၃ ခုတို့အား တင်သွင်း မေးမြန်းခဲ့ပြီး မေးခွန်း ၁၀၆ ခုကို ဖြေကြားခဲ့ကာ အဆို ၄၃ ခုတို့အား ဆွေးနွေးဆုံးဖြတ်ခဲ့သည်။
ယခုအခါ အစိုးရသစ်တက်ပြီးနောက် ပထမအကြိမ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးများကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူခြင်း မဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌများနှင့် နာယက က ခေါ်ယူ၍ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် စတင် ကျင်းပတော့မည်ဖြစ်ရာ ယခုတစ်ကြိမ် လွှတ်တော်တွင် ပြည်သူများ၏ ဆန္ဒ အမှန်နှင့်အခက်ခဲများ ကိုယ်စားပြု တင်ပြဆွေးနွေးမည့် နှစ်ပေါင်း ၅၀ အတွင်း ဒီမိုကရေစီအကျဆုံး လွှတ်တော်ဖြစ်လာရန် ပြည်သူများက ယုံကြည် မျှော်လင့်နေကြခြင်း ဖြစ်ကြောင်း ပြည်သူများကဆိုပါသည်။
နိုင်ငံတော်အချုပ်အခြာ အာဏာ ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁(က) တွင် ပြဋ္ဌာန်း ထားသည်ဖြစ်ရာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တစ်ခုနှင့် တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်း မဖြစ်ပေါ်စေရန်ကို အလေးထား ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှ တာဝန်ရှိပုဂ္ဂိုလ် များအားလုံးအနေဖြင့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရား စီရင်ရေးအာဏာတို့တွင် တစ်ခုနှင့် တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်းတို့ ပြုလုပ်မည်ဆိုပါက ဖွဲ့ စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်မည် ဖြစ်ကြောင်း ဥပဒေအတိုင်ပင်ခံ တစ်ဦး က ရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး အာဏာနှင့် အဓိကသက်ဆိုင်သူများမှာ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး အာဏာနှင့် အဓိကသက်ဆိုင်သူများ မှာနိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးမှ အစိုးရ အရာရှိများဖြစ်ကြောင်း၊ တရားစီရင်ရေး အာဏာနှင့် အဓိက သက်ဆိုင်သူ များမှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားသူကြီးများ အပါအ၀င် အခြားသော တရားရေးအရာရှိများ အားလုံးဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)အရ သိရသည်။
နိုင်ငံတော် အချုပ်အခြာအာဏာ ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၁၁(က)တွင် ပြဋ္ဌာန်းထားသည် ဖြစ်ရာ ဥပဒေပြုရေး အာဏာနှင့် အဓိက သက်ဆိုင်သူများမှာ လွှတ် တော်ကိုယ်စားလှယ်များဖြစ်သည်ဟု ဆိုသော်လည်း အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို လွှတ်တော် အစည်းအဝေးများမှ တစ်ဆင့် ထောက်ပြဝေဖန်ရမည့် အရေးအပါဆုံး သူများ ဖြစ်နေသည်။
လွှတ်တော်တွင် အဓိကတာဝန်ကြီး နှစ်ရပ်ရှိကြောင်း၊ ယင်းတို့မှာ ဥပဒေပြုရေး တာဝန်၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားရေးအဖွဲ့တို့ အပြန်အလှန် ထိန်းကျောင်းမှု reciprocal control of check and balance လုပ်နေရေးပင်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများအား တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့်ပြည်သူများ အနေဖြင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များနှင့် ၀န်ကြီး များအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စွပ်စွဲပြစ်တင်နိုင်သည့် အချက်ငါးချက်နှင့် ပတ်သက်၍ စွပ်စွဲပြစ် တင်စရာကိစ္စရပ်များ ပေါ်ပေါက်လာပါက လွှတ်တော်ကိုယ်စားလှယ်များ သိရှိစေရန် ဆောင်ရွက်နိုင်ရန်မှာလည်း များစွာအရေးပါကြောင်း ဥပဒေ ပညာရှင်တစ်ဦးက အကြံပြုခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရားစီရင်ရေးစနစ်ကို check and balance လုပ်ပေးနိုင်တာ လွှတ်တော်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်း ဒေသကြီးလွှတ်တော်တွေဟာ ဒီတာဝန် ကိုအများဆုံးယူသင့်ပါတယ်။ အခု ခန့်အပ်တဲ့ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးတွေ အထဲမှာ ယခင်စနစ်ဟောင်းက အငွေ့အသက် မကင်းတဲ့ အဂတိတရားလိုက်စားနေ ဆဲဖြစ်တဲ့ တရားသူကြီးတွေ ပါဝင်တဲ့ အတွက် နစ်နာနေဆဲ ပြည်သူတွေရဲ့ နစ်နာမှုတွေကို လွှတ်တော်ကကြား နာပြီးစွပ်စွဲပြစ်တင်တာတွေလုပ်သင့် ပါတယ်။ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာရှေ့နေတွေ ပါဝင်ပြီး တရားရုံးအဆင့်ဆင့် မည် သို့မည်ပုံ လာဘ်ယူနေကြတယ်၊ တရားသူကြီးအဆင့်ဆင့်က မလျော် သြဇာသုံးပြီးအမှုကိုစီရင်ဆုံးဖြတ်နေ ကြတယ်ဆိုတာ လက်တွေ့သိရှိပြီး ဖြစ်တဲ့အတွက် လွှတ်တော်က တရား သူကြီးတွေကို စွပ်စွဲပြစ်တင်လုပ်တဲ့ အခါ တိတိကျကျလုပ်နိုင်မှာ ဖြစ်ပါ တယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီး လိုမျိုးမှာ စပြီး တရားစီရင်ရေးကို ထိန်းကျောင်းကြားနာမယ့် ကော်မတီ ဖွဲ့ပြီး ပြည်သူတွေရဲ့နစ်နာမှုတွေကို ဖော်ထုတ်သင့်ပါတယ်”ဟုဥပဒေ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။



တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တွေမှာလည်း ပြည်သူတွေရဲ့ အသံတွေကို တင်ပြနိုင်တဲ့၊ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်နိုင်တဲ့ မေးခွန်းနဲ့အဖြေကဏ္ဍကို ထည့်သွင်း လုပ်သင့်ပါတယ်။ ဘာလို့ လဲဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်လို့ပါ။ နောက်ပြီး တရားစီရင်ရေးကဏ္ဍကို ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ တရား စီရင်ရေးကဏ္ဍကို စောင့်ကြည့်ဖို့ လုံးဝတာဝန်ရှိပါတယ် . . .
“တစ်နိုင်ငံလုံးမှာရှိတဲ့ ကိစ္စ အားလုံးကို လွှတ်တော် ကိုယ်စားလှယ် တွေက အတိအကျ မသိနိုင်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စွပ်စွဲ ပြစ်တင်ချင်စရာရှိလာရင် သက်ဆိုင် ရာပါတီတွေကနေတစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်တွေသိရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လွှတ် တော်ကိုယ်စားလှယ်တွေက သိရှိမှ စွပ်စွဲပြစ်တင်မှုကို လွှတ်တော်မှာ တင်ပြနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လည်း ဒီမိုကရေစီအကျဆုံး၊ လွတ်လပ်ပြီး ပြောရေးဆိုခွင့်အရှိဆုံး၊ စည်းကမ်းအရှိဆုံး နိုင်ငံရေးစနစ် တစ်ခုကို အားယူပြောင်းလဲနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် အခု ကျင်းပမယ့် လွှတ်တော် အစည်းအဝေး တွေဟာ ပြည်သူတွေအတွက် များစွာ အရေးပါပြီး ကိုယ်စားလှယ်တွေက လည်း ပြည်သူတွေလိုအပ်ချက်တွေ ကို ဒီမိုကရေစီကျကျ ကိုယ်စားပြု တင်ပြ အဆိုတင်သွင်းနိုင်ဖို့ ပြည်သူ တွေကမျှော်လင့်နေတာဖြစ်ပါတယ်” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုပါသည်။
“ဒီမိုကရေစီဆိုတာ ပေးလို့ရ တာမျိုးမဟုတ်ဘဲ၊ ဒီမိုကရေစီ ကျင့် စဉ်တွေကို လက်တွေ့ကျင့်သုံးရတာ ဖြစ်တဲ့အတွက် လွှတ်တော်အဆင့် ဆင့်မှ ကျင့်စဉ်တွေကိုစတင်ကျင့်သုံး သင့်ပါတယ်။ ဒီတစ်ခေါက် လွှတ် တော်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခု တည်းကိုပဲ ဝေဖန်ထောက်ပြတာမျိုး မဟုတ်ဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို လည်း ဝေဖန် ထောက်ပြစေချင်ပါ တယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူ မှမရှိစေရ ဆိုပေမယ့် တရားသူကြီး တချို့ဟာ ခုထိ ဥပဒေအထက်မှာ ရှိပြီး ဥပဒေကို လက်တစ်လုံးကြား လုပ်နေတယ်။ တရားရေးဆိုင်ရာ မကျွမ်းကျင်မှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေကြောင့် ပြည်သူတွေ ဟာနစ်နာခံစားနေရဆဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရား စီရင်ရေးစနစ်မှာအားနည်းချက်ရှိနေ တာ၊ တရားသူကြီးတွေကို အခွင့် အာဏာ အလွန်အကျွံ ပေးထားတာ တွေကို ပြင်ဆင်စေချင်ပါတယ်။ ဂျူရီစနစ်မရှိတဲ့ အတွက် အဂတိတရား လိုက်စားမှုတွေ၊ ငါတကောကော နေနိုင်တာတွေကိုလည်း စိစစ်ဝေဖန် သုံးသပ်စေချင်ပါတယ်။ တရားရေး မဏ္ဍိုင်က တရားသူကြီးတွေကို ဒီထက်ပိုပြီး ထိန်းကျောင်းနိုင်မယ့် ဥပဒေတွေကိုလည်း ပြဋ္ဌာန်းစေ ချင်ပါတယ်။ အခုလွှတ်တော်နှစ်ရပ် သာမဟုတ်ဘဲ တိုင်းဒေသကြီးလွှတ်တော်တွေ အားလုံးမှာလည်း ပြည်သူတွေ နစ်နာခံစားနေရတဲ့ တရားရေး ဆိုင်ရာကိစ္စတွေကို လွှတ်တော်ကိုယ် စားလှယ်အသီးသီးက ဝေဖန်ထောက်ပြ စေချင်ပါတယ်။ မဏ္ဍိုင်သုံးရပ်က သီးခြားစီရပ်တည်ရမှာ ဖြစ်ပေမယ့် ပြည်သူတွေကို တိုက်ရိုက်နစ်နာစေတဲ့  တရားစီရင်ရေးစနစ်ကို ကျယ်ကျယ် ပြန့်ပြန့် ဝေဖန်ဆွေးနွေးပေးကြဖို့ ဥပဒေပြုမဏ္ဍိုင်နဲ့ သတင်းမီဒီယာ မဏ္ဍိုင်ကို တိုက်တွန်းပါတယ်”ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
“ Eleven Media Group  အပါအ၀င် သတင်းမီဒီယာတွေနဲ့ ပတ်သက်တဲ့အမှုတွေ အားလုံးကို အရှုံးပေး ဆုံးဖြတ်ခဲ့တာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ လေ့လာကြည့်ရင် သတင်းမီဒီယာတွေကို ကာကွယ် တဲ့ ဥပဒေစီရင်ထုံး၊ ဥပဒေရှိသင့်တယ်ဆိုတာ သဘောပေါက်မှာ ဖြစ်ပါတယ်။ အသရေဖျက်မှုနဲ့ ပတ်သက်တဲ့ တရားစီရင်မှုတွေ၊ စီရင်ထုံးတွေ၊ တရားရုံးမထေမဲ့မြင်ပြုမှုနဲ့ ပတ်သက်တဲ့ စီရင်ထုံးတွေ လေ့လာကြည့်ရင် သတင်းမီဒီယာတွေ အတွက် လုံလောက်တဲ့ တရားဥပဒေကာကွယ်မှု မရှိဘူးဆိုတာ သိသာပါတယ်။ ကျွန် တော်တို့  Eleven Media Group   ဟာ ငါးနှစ်တာကာလအတွင်းမှာ တရားရုံး အဆင့်ဆင့်နဲ့ ပတ်သက်ပြီး အတွင်း ကျကျ (Investigative Reporting) ရယူထားပြီး အတွေ့အကြုံ ရှိထားပါတယ်။ တရားစီရင်ရေးမှာ ပတ်သက်ပါဝင်သူ အဆင့်ဆင့်က ပြည်သူလူထုအပေါ် ပြုမှုဆက်ဆံတာမျိုး တွေကို အချိန်မီ ထိန်းသိမ်းဖို့ လိုအပ်တဲ့အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေမှာ အခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အာဏာအပြည့် အ၀ရှိဖို့လိုပါတယ်။ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ၊ ဥပဒေကိုမျှော့ကြိုးလို သုံးစွဲ မှုတွေ၊ အမှုဆင်မှုတွေကို တခြားလူ မပြောနဲ့ ကျွန်တော်ကိုယ်တိုင် ခံစားဖူးတာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးနဲ့အညီ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ သတင်းမီဒီယာတွေသာမက ဘဲ လွှတ်တော် အဆင့်ဆင့်ပါ တာဝန်ယူ ပေးကြဖို့ တိုက်တွန်းတာပါ”ဟု Eleven Media Group  မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြော ကြားခဲ့သည်။
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကျင်းပပြီးစီးခဲ့သည့် လွှတ်တော် အသီးသီး၏ အစည်းအဝေးများသည် မိမိတို့ အားလုံးအတွက် ပထမဆုံး အတွေ့အကြုံများပင်ဖြစ်ပါကြောင်း၊ နောက်နောင်တွင် ပိုမိုရင့်ကျက်လာ ကြမည်ဖြစ်ပြီး ပြည်သူ၏အကျိုး စီးပွားကိုယခုထက် ပိုမိုတွင်ကျယ်စွာ ထမ်းဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း ကိုလည်း နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“အခုကျင်းပမယ့် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွေမှာ ပြည်သူတွေအတွက် ပိုပြီးအောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံ ကြည်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေထက် ပိုကောင်းမယ်လို့ ယုံကြည်ပါတယ်”ဟု လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် ပြင်ဆင်ဆောင် ရွက်နေသည့် ဒေါ်ဘောက်ဂျာက ပြောကြားခဲ့သည်။
“အခုကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေက မဆလခေတ် (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်)ကနဲ့ မတူဘူး။ ပါတီစုံလွှတ်တော်ဖြစ်တယ် ဆိုတော့ အဆင့်ပိုမြင့်တယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးမှာက အတွေ့အကြုံက နည်းသေးတဲ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း အသားမကျသေးဘူး။ အခု လွှတ်တော် ကိုယ်စားလှယ်တွေမှာ အတွေ့အကြုံလည်း ရှိလာပြီ။ လုပ်ချင်ကိုင်ချင် စိတ်လည်း ပိုများလာကြတော့  အခုကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေက ပိုပြီးအဆင့်မြင့်လာမယ်လို့ ထင်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ပြီးကတည်းက ဒီမိုကရေစီပါတီတွေ က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့အသံကို လိုက်စုပြီးလာမယ့် လွှတ်တော် အစည်းအဝေးတွေ မှာ ပြည်သူတွေရဲ့အသံကို ထင်ဟပ် နိုင်မယ့် အကြောင်းအရာတွေကို တင်ပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဒါကြောင့် လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပြည်သူတွေရဲ့အသံတွေ ပိုမိုထင်ဟပ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
“ပထမ အစည်းအဝေးကတော့ မီးဖိုတည်လိုက်တဲ့ သဘောပါပဲ။ ဖိုခနောင့်တွေ ဆိုင်လိုက်တယ်။ အလုပ် လုပ်ဖို့အတွက်အဖွဲ့တွေဖွဲ့ခဲ့ကြတယ်။ အခု ဒုတိယ အစည်းအဝေးကတော့ တကယ် အလုပ်လုပ်တော့မယ့် လွှတ်တော်လို့ ယူဆပါတယ်။ ပြည်သူတွေကလည်း ဒီမိုကရေစီကျကျ ဆွေးနွေးနိုင်မယ့် လွှတ်တော် အစည်းအဝေးလို့ ယုံကြည်နေကြတယ်။ မျှော်လင့်နေ ကြတယ်။ စိတ်ဝင်စားမှုလည်းရှိနေ ကြပါတယ်။ ပြည်သူတွေဘက်က တော့ အခု လက်ရှိ အခြေအနေကို အားမလို အားမရ ဖြစ်နေတာတွေ ရှိတယ်။ ဆန္ဒစောတာတွေရှိနေတယ်။ ဒီလိုတွေ ရှိနေတာကြောင့်ပဲ အခုလုပ်မယ့် အစည်းအဝေးကို ပိုမျှော်လင့်နေကြတာ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့သစ်က သူတို့လုပ်နိုင်တာတွေ ထက် ပိုလုပ်ဖို့ကြိုးစားနေတာကို ကျေးဇူးတင်ပါတယ်။ ဟိုဟာတွေ လျှော့ပေးနေတယ်၊ ဒီဟာတွေ လျှော့ပေးနေတယ်။ ဒီအရာတွေက ကျေးဇူးတင်စရာတွေပါ။ ဒါပေမယ့် အဲဒါတွေနဲ့ မလုံလောက်သေးပါဘူး။ တကယ့်အပိုင်းတွေ ရှိနေသေးပါတယ်။ ဒီအပိုင်းတွေကို အခု လုပ်မယ့် အစည်းအဝေးကစပြီး အစိုးရအဖွဲ့သစ်က တစ်ဆင့်ချင်း လုပ်ဆောင်သွားနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု တရားလွှတ်တော် ရှေ့နေဦးသန်းမောင်(စစ်တွေ) က ပြောကြားခဲ့သည်။
“ပြည်သူတွေ မျှော်လင့်တာနဲ့ မခြား ကျွန်တော်တို့ကလည်း ပိုပြီး မျှော်လင့်ထားပါတယ်။ ဒုတိယ အစည်းအဝေးမှာ ဒီမိုကရေစီကျကျ ပိုပြီး ဆွေးနွေးလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပထမ အစည်းအဝေးတုန်းကလည်း ကျွန်တော်တို့ ကိုယ်တိုင် တော်တော်လေး အံ့သြမိပါတယ်။ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ဆွေးနွေးခွင့်ရခဲ့လို့ပါ။ အဲဒီတုန်းကဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရော၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရော ပြောခဲ့တာရှိပါတယ်။ အားလုံးဟာ အခုမှစတာဖြစ်တဲ့အတွက် သင်ကြားရင်းနဲ့လုပ် ဆောင်သွားကြမယ်ဆိုတာပါ။ ပထမ အစည်းအဝေးမှာတော့ လွတ်လွတ် လပ်လပ်ပဲ ကျွန်တော်တို့ တင်သမျှ အဆိုတွေကို ဆွေးနွေးခွင့်ရခဲ့ပါတယ်။ အခု ဒုတိယ အစည်းအဝေးမှာတော့ ပထမအကြိမ်ကထက်ပိုပြီးတော့ နှစ် ပေါင်း ၅၀ အတွင်း ဒီမိုကရေစီ အခွင့်အရေးနဲ့အညီ အပြည့်အ၀ ဆွေးနွေးခွင့်ရမယ့် လွှတ်တော်အစည်းအဝေး ဖြစ်လာလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်”ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်ရေးသား ခွင့်၊ အဲဒီမှာစတုတ္ထမဏ္ဍိုင်ကိုပဲ နိုင်ငံတော် သမ္မတကအစ လွှတ်တော် ဥက္ကဋ္ဌအဆုံး အသိမှတ်ပြုလာတဲ့ ကာလပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စကားလုံးအရ စာရွက်ပေါ်မှာရေးသားထားတာ မဟုတ်ဘဲနဲ့ တကယ်အသက်ဝင်နေတယ်ဆိုတာ ပြဖို့ အတွက် အခြေခံဥပဒေဆိုင်ရာ ကနေ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မီဒီယာကို ကွပ်ကဲနိုင်တဲ့ စာနယ်ဇင်းကောင် စီလို၊ သတင်းမီဒီယာ သမားတွေကို ကာကွယ်ပေးတဲ့ဥပဒေ ကျွန်တော်တို့နိုင်ငံမှာ လိုပါတယ်။ ကျွန်တော် တို့ အခုဝန်ထမ်း တစ်ယောက်ကို တရားစွဲမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီး ဌာနက ခွင့်ပြုချက်ယူရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ပြစ်မှုတွေ ရှိပါတယ်။ အဲဒီလိုပဲပေါ့ ဂျာနယ်လစ် တစ်ယောက်ဖြစ်ဖြစ်၊ စာရေးဆရာ တစ်ယောက်ကိုဖြစ်ဖြစ် တရားစွဲမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် တောင်းခံတာတို့၊ ညှိနှိုင်း ပေးတာတို့။ အခုကျွန်တော်တို့ ဥပဒေမှာမရှိတဲ့အခါကျတော့  ဥပဒေပေါ်လာဖို့ လိုအပ်ပါတယ်”ဟု ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Parkroyal Hotel  တွင် Hot News Journal ကပြုလုပ်ခဲ့သည့် SSC  ၀န်ဆောင်မှုအပေါ် ရေးသားခဲ့သော သတင်းဆောင်းပါးနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
“လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပြည်သူတွေရဲ့အသံကို ထင်ဟပ်စေမယ့်၊ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် အဆိုတွေ၊ ဥပဒေကြမ်းတွေ တင်သွင်းဆွေးနွေး သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြည်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် မဲဆန္ဒနယ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က “ဒီမိုကရေစီလမ်းကို တကယ်လျှောက်ရင် မြိုင်မြိုင်ဆိုင်ဆိုင်လေး လုပ်ကြသလို၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တွေမှာလည်း ပြည်သူတွေရဲ့အသံတွေကို တင်ပြနိုင်တဲ့၊ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်နိုင်တဲ့ မေးခွန်းနဲ့အဖြေကဏ္ဍကို ထည့်သွင်းလုပ်သင့်ပါတယ်။ ဘာလို့ လဲဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်လို့ပါ။ နောက် ပြီး တရားစီရင်ရေး ကဏ္ဍကို ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ တရားစီရင်ရေး ကဏ္ဍကို စောင့်ကြည့်ဖို့ လုံးဝတာဝန်ရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း တရားစီရင်ရေးနဲ့ ပတ်သက်လို့ စောင့်ကြည့်တင်ပြ သွားဖို့ရှိပါတယ်”ဟု ပြောကြားခဲ့ သည်။
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာငါးချက်
-         နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း
-         ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း
-         အကျင့်သိက္ခာ ပျက်ပြားခြင်း
-         ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၏ အရည်အချင်းပျက်ယွင်းခြင်း
-         ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း
ထူးခြားချက်- ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား  ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကသာမက နိုင်ငံတော်သမ္မတကပါ စွပ်စွဲပြစ်တင်နိုင်ပြီး ထိုသို့ စွပ်စွဲ ပြစ်တင်ရန် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်နှင့် ထောက်ခံချက် မလိုအပ်ကြောင်း သိရသည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ဟာ ဒီကနေ့မနက် ရန်ကုန်ကိုရောက်ပြီး ညနေပိုင်းမှာတော့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကင်တားနားဟာ ဒီကနေ့ သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့ကနေ လာမယ့် သြဂုတ်လ ၂၅ ရက် ကြာသပတေးနေ့အထိ နေထိုင်သွားမယ့် မြန်မာပြည် ခရီးစဉ်တွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိသလို ဒါဟာ အရပ်သားအစိုးရ ပြောင်းအပြီးမှာ လူအခွင့်အရေး အခြေအနေတွေကို ပထမဆုံး  လာရောက်လေ့လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီကနေ့မနက် ၈ နာရီ ၅၀ က ရန်ကုန်ကို ရောက်ခဲ့အပြီး နေပြည်တော်ကို တိုက်ရိုက်သွားခဲ့ရာ ညနေ ၄ နာရီမှာတော့ မြန်မာအစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပထမဦးဆုံး တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့အတူ ဒု-ရဲချုပ်တို့နဲ့ ထပ်မံတွေ့ဆုံပြီး အခုညပိုင်းမှာတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ချုပ်ရဲ့ ညစာစားပွဲကို မစ္စတာ ကင်တားနား တက်ရောက်ခဲ့ပါတယ်။ မနက်ဖြန် မစ္စတာ ကင်တားနားဟာ နောက်ထပ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ ထပ်မံတွေ့ဆုံဖို့ရှိတယ် ဆိုပေမဲ့ ဘယ်သူတွေနဲ့ အတိအကျ တွေ့မယ် ဆိုတာကိုတော့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။
တခါ မနက်ဖြန်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို လေ့လာသူ အနေနဲ့ မစ္စတာ ကင်တားနား တက်ရောက်မယ်လို့ ကုလသမဂ္ဂက သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားသလို မစ္စတာ ကင်တားနားဟာ သြဂုတ်လ ၂၃ ရက် အင်္ဂါနေ့ကျမှ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်မှာမို့ မနက်ဖြန် လွှတ်တော်အစည်းအဝေးထဲကို သွားနိုင်တယ်လို့လည်း အတော်များများက ခန့်မှန်းနေကြပါတယ်။
လာမယ့် သြဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ပါ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ စီစဉ်ထားသလို NLD ပါတီရဲ့ ရှေ့နေအဖွဲ့နဲ့လည်း သီးသန့် ထပ်မံတွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီမှာ NLD ပါတီက ရှေ့နေတွေ ပြုစုထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းကို မစ္စတာ ကင်တားနားနဲ့ ဆွေးနွေးတင်ပြဖို့ ရှိတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ အနှစ် ၂၀ ကျော် လူ့အခွင့်အရေး ချိုးဖောက်ခံရတာ အားလုံးပါတယ်လို့တော့ ကျနော် အာမ မခံဘူး။ NLD ပါတီပေါ်မှာ ဖိနှိပ်ခဲ့တာတွေနဲ့ ပတ်သက်တာ၊ NLD ပါတီကို ဖြိုခွင်းဖို့ ကြိုးစားတာတွေနဲ့ ပတ်သက်တာ အဲဒါတွေကိုတော့ ရှင်းပြပါမယ်။ တိုင်းရင်းသားကိစ္စကလည်း သီးခြား ဖြစ်ပါလိမ့်မယ်။ မစ္စတာ ကင်တားနားက ဒီကိုမလာခင် သူ အစီရင်ခံစာတစောင် တင်ပါတယ်။
“အဲဒီ တင်တဲ့ အစီရင်ခံစာမှာ မြန်မာပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော် ပြည့်ပြည့်စုံစုံ ပါတယ်လို့ ကျနော်သိတယ်။ အဲဒီလို ပြည့်ပြည့်စုံစုံ Report လုပ်နေတဲ့ ပုဂ္ဂိုလ်ကို လက်ရှိအစိုးရက ၀င်ခွင့်ပေးတယ်၊ တွေ့ခွင့်တွေပေးတယ် ဆိုတာဟာ လက်ရှိအစိုးရ အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုအတွက် အဆင်သင့် ဖြစ်နေတယ်လို့ အဲဒီလိုမြင်ရင် ရပါတယ်။”
NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မစ္စတာ ကင်တားနားနဲ့ တွေ့မယ့် အစီအစဉ်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီရက်တွေအတွင်း မြန်မာနိုင်ငံထဲမှာ တိုးတက်မှု ရှိတယ်ဆိုတဲ့ နိုင်ငံရေး မြင်ကွင်းတွေ တွေ့ရတယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဒါကလည်း  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့တာ၊ တခါ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ဦးစီးကျင်းပတဲ့ ဆွေးနွေးပွဲကို သွားခဲ့တာတွေဟာ ကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့ အလားအလာတွေလို့ ဆိုနေကြတာပါ။
ဒါ့ကြောင့် အခု မြန်မာနိုင်ငံ ရောက်နေတဲ့ မစ္စတာ ကင်တားနားကို အရင် စစ်အစိုးရ လက်ထက်ကလို မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ပိုပြီး သွားလာ လေ့လာခွင့်ရှိဖို့ လိုမယ်လို့ CRPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသလို သူတို့နဲ့ မစ္စတာ ကင်တားနား တွေ့ဖြစ်မယ် ဆိုရင်လည်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေတွေ၊ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
“နယ်စပ်ဒေသပေါ့၊ တိုင်းရင်းသား ဒေသတွေအထိ သွားနိုင်လိမ့်မယ်လို့တော့ ကျနော် မျှော်လင့်မထားပါဘူး။ အများဆုံး သွားခွင့်ပေးမယ်ဆိုရင် နိုင်ငံရေး အကျဉ်းကျနေတဲ့ အကျဉ်းသားတွေနဲ့ တွေ့ခွင့်ပေးတာမျိုး၊ အကျဉ်းထောင် အချို့ကို သွားခွင့်ပေးတာမျိုးလောက်ပဲ သွားခွင့်ရလိမ့်မယ်လို့ ထင်ပါတယ်။”
CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း မစ္စတာ ကင်တားနားဟာ တခြား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှု အဖွဲ့တွေနဲ့ တွေ့မယ် ဆိုတာမျိုးကိုတော့ ဒီနေ့ထိ ဘယ်အဖွဲ့ကိုမှ အကြောင်းကြားတာ မရှိသေးပါဘူး။ ဒါကလည်း ဒီနေ့ဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ်တာမို့ မနက်ဖြန် တနင်္လာနေ့မှာ သိနိုင်စရာ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ခန့်မှန်းပါတယ်။
“ဒီနေ့အထိတော့ အကြောင်းမကြားသေးပါဘူး။ အခု လုပ်ရကိုင်ရတာ အများကြီး ကျနော်တို့အတွက် လုပ်သာကိုင်သာရှိတယ် ဆိုတာတော့ အားလုံး သိတဲ့အတိုင်းပါပဲ။ ဒါကို မေးလာရင်လည်း ဒီအတိုင်းပဲ ကျနော်တို့ ပြောမှာပါ။ ဖြစ်နေတဲ့ ကိစ္စမျိုးမှာ ဒါကတော့ ရပ်သင့်တယ်၊ ဒီပြဿနာမျိုးဟာ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားသင့်တယ်၊ ဒီလောက်ပဲ ကျနော်တို့ ပြောလို့ရမယ်။
“အခုလက်ရှိ အခြေအနေမျိုးကို ကျနော်တို့ အားလုံးပေါ့၊ သက်ဆိုင်သူ အားလုံး၊ ဆိုလိုတာက ကျနော်တို့ နိုင်ငံရေးပါတီတွေ အပါအ၀င် တခြား နိုင်ငံရေး အင်အားစုတွေရော၊ အာဏာပိုင် အဖွဲ့အစည်းများကရော၊ အစိုးရပိုင်းကရော နားလည်မှု တည်ဆောက်နေတဲ့ သဘောထားမျိုးကို ဆက်ပြီးတော့ သယ်ဆောင်သွားနိုင်မယ် ဆိုရင်တော့ ကျနော်ထင်ပါတယ်၊ နိုင်ငံရေး အကျဉ်းသား ပြဿနာကလည်း ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။”
NDF ပါတီက ဒေါက်တာ သန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အရင် စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံကို ၃ ကြိမ် လာခဲ့ဖူးသလို သူ့ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ၂၀၁၀ ဖေဖော်ဝါရီလ အပြီးမှာတော့ စစ်ခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေး ကောင်စီကို အကြံပြုထားတာလည်း ဖြစ်ပါတယ်။

Source : VOA 

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana မြန်မာနိုင်ငံသို့ ရောက်ရှိ

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၂၁ ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံတွင် ရှိနေစဉ် အတွင်း အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန်
စီစဉ်ထားကြောင်း သိရသည်။

၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံး လာရောက်ခဲ့ပြီး သုံးကြိမ် လာရောက်ခဲ့ဖူးကာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင် ဆောင်ရွက်နေသည်။ Tomás Ojea Quintana နောက်ဆုံး လာရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်မှာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ဖြစ်သည်။
Profile
အမည် - Tomás Ojea Quintana
လူမျိုး - အာဂျင်တီးနား
အခြား - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင် ဆောင်ရွက်နေသည်။ ရှေ့နေ။ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည်မှာ ၁၄ နှစ်ကျော်ပြီဖြစ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes