Saturday 12 May 2012

ဂျက်စီကာ စဲန်ချက်ဇ်ကို မဲပေးကြဖို့ ဖိလစ်ပိုင် ဒု သမ္မတက တိုက်တွန်း

 


အမေရိကန်အိုင်ဒယ်လ် ရုပ်သံလွှင့် အစီအစဉ်ဟာ နိုင်ငံတကာက ရုပ်မြင်သံကြား ပရိသတ်ကို ဖမ်းစားနိုင်တဲ့ အစီအစဉ်တခု ဖြစ်ခဲ့သော်လည်း နိုင်ငံတခုရဲ့ ထိပ်တန်းခေါင်းဆောင်တဦးက အိုင်ဒယ်လ်တဦးဦးကို မဲပေးကြဖို့ တိုက်တွန်းတဲ့အဖြစ်ကတော့ တခါမှ မဖြစ်ဖူးခဲ့ပါ။ သို့သော်လည်း ဖိလစ်ပိုင် ဒု သမ္မတ Jejomar Binay က ဖိလစ်ပိုင် အမေရိကန် မိခင်နဲ့ မက္ကဆီကန် အမေရိကန် ဖခင်တို့က မွေးဖွားလာတဲ့ ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) ကို မဲပေးကြဖို့ တိုက်တွန်းလိုက်ကြောင်း ဖိလစ်ပိုင် ထိပ်တန်း ရုပ်သံလွှင့်ဌာန ABS – CBN ရဲ့ ၂၀၁၂ မေလ ၁၁ ရက်နေ့သတင်းတွင် ဖော်ပြထားပါတယ်။
ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အစိုးရခေါင်းဆောင်တဦးက အမေရိကန်အိုင်ဒယ်လ် ပြိုင်ပွဲဝင်တဦးကို ထောက်ခံအားပေးလိုက်ခြင်း ဖြစ်ပါတယ်။
အသက် နှစ်နှစ်အရွယ်က စပြီး သီချင်းဆိုလာတဲ့ အသက် ၁၆ နှစ်အရွယ် ဂျက်စီကာ စဲန်ချက်ဇ်ဟာ နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဖိလစ်ပိုင် ဒု သမ္မတက ထောက်ခံအားပေးမှုကို ရရှိရုံတင် မကပါဘူး။ ဂရင်မီ၊ တိုနီဆုရှင် အနုပညာရှင်တွေ၊ ထိပ်တန်းဂီတပညာရှင်တွေ၊ ရုပ်သံလောကက ပုဂ္ဂိုလ်တွေ၊ နာမည်ကြီးအဆိုတော်တွေနဲ့ အမေရိကန်အိုင်ဒယ်လ်ဆုရရှိသူတွေ၊ အိုင်ဒယ်လ်ပြိုင်ပွဲမှာ ထိပ်တန်းရောက်ခဲ့သူတွေရဲ့ ထောက်ခံအားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။
ဂျက်စီကာရဲ့ သီချင်းတွေကို ထုတ်လုပ်ချင်သူတွေ၊ သူ့ကို တေးရေးပေးလိုသူတွေနဲ့ သူနဲ့အတူ သီချင်းအတူ သီဆို ထုတ်လုပ်ချင်သူတွေကလည်း အဆင်သင့် ရှိနေပါတယ်။ ဖိလစ်ပိုင် ဒု သမ္မတက “၁၁ နှစ်မြောက် အမေရိကန်အိုင်ဒယ် ထိပ်တန်းသုံးဦးထဲက တဦးအဖြစ် ဂျက်စီကာ စဲန်းချက်ဇ် ပါဝင်ခြင်းအတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း၊ သူ့ရဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းအဆင့် စွမ်းဆောင်နိုင်မှုဟာ လေးစားဘွယ်ရာဖြစ်ကြောင်း" ပြောဆိုလိုက်ပြီး နိုင်ငံတကာရောက် ဖိလစ်ပိုင်တွေအနေနဲ့ ဂျက်စီကာ စဲန်းချက်ဇ်ကို အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဂျက်စီကာ စဲန်းချက်ဇ်ဟာ ဒီနှစ် အမေရိကန်အိုင်ဒယ်လ်ရဲ့ ထိပ်တန်းသုံးဦးထဲက တဦး ဖြစ်လာခဲ့သော်လည်း နောက်ဆုံး ၇ ဦး ယှဉ်ပြိုင်စဉ်က မဲအနည်းဆုံး ရရှိခဲ့ပြီး အကဲဖြတ်တွေက သူတို့ရဲ့ မဲအနည်းဆုံးသူတဦးအား ပြိုင်ပွဲတွင်း ဆက်လက် ရှိနေခွင့်ကို အသုံးပြုခဲ့တဲ့အတွက် ပြိုင်ပွဲမှာ ဂျက်စီကာ ဆက်လက် ရှိနေခဲ့ပါတယ်။
ထိုစဉ်က ဂျက်စီကာအနေနဲ့ ပရိသတ်ရဲ့ မဲ အရေအတွက်ကို ရနိုင်ဖို့ လိုအပ်ခဲ့ပေမယ့် ထိပ်တန်းအဆိုတော်တွေကတော့ သူ့ကို တခဲနက် အားပေးကြပါတယ်။ ဂျက်စီကာကို အားပေးကြသူတွေထဲမှာ မယ်ရီ ဂျေ ဘလိတ် (Mary J. Blige) ၊ ဂျနီဖာ ဟောလီဒေး (Jennifer Holliday) ၊ ဘီယွန်းစေး (Beyonce) စတဲ့ အမျိုးသမီး အဆိုတော်တွေ၊ ရစ်ချတ် မာ့ဇ် (Richard Marx) (ရစ်ချတ် မာ့ဇ် ရဲ့ Right Here Waiting ကိုတော့ မြန်မာပရိသတ်တွေ သိကြမှာပါ။)
ဝဲလ် အိုင် အမ်မ် (will.i.am) နဲ့ ဘလက် အိုင်း ပီးစ် (Black Eyed Peas) အဖွဲ့က apl.de.ap စတဲ့ အမျိုးသား အဆိုတော်တွေ ပါဝင်သလို ဒီနှစ် အိတ်က်စ် ဖက်တာ (X Factor) အစီအစဉ်ရဲ့ ပရိသတ်အားပေးမှုအရဆုံး ခရစ်စ် ရနေး (Chris Rene) လည်း ပါဝင်ပါတယ်။ (ခရစ်စ် ရနေး (Chris Rene) ရဲ့ ရမ် ဟုန်းမီ (Young Homie) (http://www.vevo.com/watch/chris-rene/young-homie/USSM21200271) ဟာ အိတ်က်စ် ဖက်တာ ပရိသတ်အားလုံးကို အမှတ်တရ ဖြစ်စေခဲ့ပါတယ်။)
 ဘလက်ခ် အိုင်း ပီးစ် ထဲမှာ ဆိုခဲ့တဲ့ ဖာဂီ (Fergie) ရဲ့ Big Girls Don’t Cry ၊ ဘီယွန်းစေးကို ဂရမ်မီဆု ရစေခဲ့တဲ့ If I Were a Boy ၊ ဆယ်ကျော်သက် အဆိုတော်တွေရဲ့ အိုင်ကျုန်း (iTunes) နံပါတ် ၁ သီချင်းတွေ ဖြစ်တဲ့ (ဂျက်စတင်ဘီဘာရဲ့ ရည်းစား) စလီနာ ဂိုမက်ဇ် (Selena Gomez) သီဆိုတဲ့ A Year Without Rain ၊ ဒဲန်မီ လဗာတို (Demi Lovato) သီဆိုတဲ့ Skycraper စတဲ့ သီချင်းတွေ အပါအ၀င် အမေရိကန်အိုင်ဒယ်တွေနဲ့ ထိပ်တန်းအဆိုတော်တွေရဲ့ သီချင်းတွေကို ရေးတဲ့ တိုဘီ ဂက်ဒ် (Toby Gad) ကလည်း ဂျက်စီကာအတွက် သီချင်းတွေ ရေးပေးချင်တယ်လို့ ပြောပြီး ဒီနှစ်ပြိုင်ပွဲမှာ ဂျက်စီကာ အနိုင်ရမယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။ ဖောက်က်စ် (Fox) ရုပ်သံနဲ့ အမေရိကန်အိုင်ဒယ်လ် ထုတ်လုပ်သူတွေကလည်း ဂျက်စီကာကို အမေရိကန်အိုင်ဒယ်လ် ဖြစ်စေလိုကြမှာပါ။
 ဒီနှစ် အမေရိကန်အိုင်ဒယ်လ်ပြိုင်ပွဲမှာ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) ကလည်း လျော့တွက်လို့ မရတဲ့အတွက် ဆိုးဆိုးရွားရွား အမှားအယွင်း မဖြစ်ခဲ့ရင် ဂျက်စီကာ ဟာ ဒီနှစ် အမေရိကန်အိုင်ဒယ်လ် ဖြစ်လာနိုင်ပါတယ်။ ဂျက်စီကာသာ ဒီနှစ် အမေရိကန်အိုင်ဒယ်လ်ဖြစ်ခဲ့ရင် သူဟာ အသက်အငယ်ဆုံး အမေရိကန်အိုင်ဒယ်လ် ဖြစ်သွားပါလိမ့်မယ်။
Ref: BurmaToday

American Idol ပြိုင်ပွဲရဲ့ နောက်ဆုံးလက်ကျန်လေးယောက်ရဲ့ နောက်ဆုံးဖျော်ဖြေမှုပါ။ ဒီလေးယောက်ထဲမှာ Hollie Cavanagh တစ်ယောက်ကတော့ ပြိုင်ပွဲကို နုတ်ဆက်သွားပါပြီး။ 
1. Jessica Sanchez
2. Hollie Cavanagh 
3. Joshua Ledett 
4. Phillip Phillips
 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes