Friday 11 May 2012

မြန်မာ၏အနာဂတ်ကို လေးလေးနက်နက် မျှော်လင့်ထားဟု ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်း ပြောကြား

 မြန်မာနိုင်ငံ၏ အနာဂတ်ကို လေးလေး နက်နက်မျှော်လင့်ထားသည်ဟု ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံမှ မထွက်ခွာမီ မေလ ၁ ရက်နေ့က ရန်ကုန် မြို့ White Rice စားသောက်ဆိုင်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 
 
"ဒီနိုင်ငံမှာရှိတဲ့ ခေါင်းဆောင်တွေဟာ ဒီမိုကရေစီနဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ တူညီတဲ့သန္နိဋ္ဌာန် နဲ့ မြန်မာနိုင်ငံအတွက် သင်ခန်းစာသစ် တစ်ခုရေးဆွဲနေကြပါတယ်။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ကလည်း မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ အတွက်ကူညီဖို့ တာဝန်ညီတူညီမျှရှိကြရမှာ ဖြစ်တယ်။ "ပြုပြင်ပြောင်းလဲမှုအတွက် အမှန်တကယ် ကြိုးပမ်းနေတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒီအတွက် မြန်မာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးနိုင်ဖို့လိုတယ်။ ဒါဟာ မြန်မာနိုင်ငံတင်သာမက အာဆီယံ ဒေသတွေနဲ့ ကမ္ဘာမှာပါ အင်မတန် အရေးကြီးပါတယ်။ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုက ရေစီ အတွေ့ အကြုံတွေဟာ ကန့်သတ် ချက်တွေရှိတယ်။ အခြေခံကစပြီး စွမ်းအားတွေ မြှင့်တင်ဖို့လိုပါတယ်"ဟု ဘန်ကီမွန်းက ပြောသည်။ 

"အရင်းအမြစ်တွေဟာ ရှားပါးနေ ပါတယ်။ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေထက်စာရင် ဖွံ့ဖြိုးရေး ထောက်ပံ့မှုရရှိတဲ့အပိုင်းမှာ ခြောက်ဆ နည်းပါတယ်။ သို့သော်မြန်မာနိုင်ငံဟာ အခုအခါမှာတော့ ပိုမိုများပြားတဲ့ အင်အား၊ ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ ဒီမိုက ရေစီလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ပွင့်လင်းတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး စတဲ့ လုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။ "တစ်ချိန်တည်းမှာပဲ လက်ရှိအခြေ အနေဟာ သေချာခိုင်ခံ့မှု မရှိသေးတဲ့ အဆင့်တစ်ခုပဲ ရှိပါသေးတယ်။ အနှောင့် အယှက်တွေ၊ အတိုက်အခိုက်တွေရှိမြဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး အခိုက် အတန့်မှာ ပြောင်းလဲမှုကို ရေရှည်တည် မြဲအောင် ကျွန်ုပ်တို့တွေ ထိန်းသိမ်းပေး ကြဖို့ လိုပါတယ်"ဟု ၎င်းက ပြောကြားသည်၊မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အဓိကအချက်ဖြစ်ပြီး ကချင်ပြည်နယ် အတွင်း လက်ရှိဖြစ် ပေါ်နေသော ပဋိပက္ခ များကို အဓိကထား ဆွေးနွေးခဲ့သည်။

မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂ အနေဖြင့် ငြိမ်းချမ်းရေးအတွက် ဒုက္ခ သည်များအား ပြန်လည်နေရာချထား ပေးရေး၊ ပြန်လည် ထူထောင်ရေးနဲ့ ပတ် သက်ပြီး နည်းပညာနှင့် စီမံဖွဲ့စည်းမှု အပိုင်းတွင် လက်ငင်း ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

"တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ အခြားပြည်နယ်များကဲ့သို့ အပစ်အခတ် ရပ်စဲရေးမရနိုင်စရာ အကြောင်းမရှိဘူး လို့ပဲထင် ပါတယ်။ ထိုအချိန်အထိ ကုလ သမဂ္ဂ လူသားချင်းစာနာမှုလုပ်ငန်းစဉ် တွေဟာ လွတ်လပ်စွာသွားလာဝင် ရောက်ရမှာဖြစ်ပါတယ်။ ဒီအမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ဆို တာ မြန်မာနိုင်ငံပိုင်ဖြစ်ပြီး မြန်မာနိုင်ငံ ဦးဆောင် ရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဟာ ကျွမ်းကျင်လိမ္မာသူတွေနဲ့ လိုအပ်တဲ့ ငွေ အရင်းအမြစ်ကို ဒီလုပ်ငန်းစဉ် လည် ပတ်နိုင်ရေးအတွက် ကူညီထောက်ပံ့ ပေးမှာဖြစ် ပါတယ်"ဟု ဘန်ကီမွန်းက ပြောသည်။ 

မစ္စတာဘန်ကီမွန်းသည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် သူရဦးရွှေမန်းတို့နှင့်တွေ့ဆုံခဲ့ပြီး ပြည် သူ့လွှတ်တော်တွင်ပထမဆုံး နိုင်ငံခြား သံတမန်အဖြစ် မိန့်ခွန်းပြောကြားခဲ့ သည်။
Secretary-General Ban Ki-moon (left) makes a historic address to the Union Assembly, Myanmar’s joint houses of parliament, as the first foreigner to do so. (UN Photo/Mark Garten) 
ဇော်ဝင်းသန်းနှင့် မေစန္ဒီ 
Ref: The Myanmar Times

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes