Monday 7 May 2012

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့က မြန်မာကို ကူညီဖို့ နည်းလမ်းရှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​NLDဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​ကမ္ဘာလုံးဆိုင်ရာ ​အမျိုးသမီးရေးရာအဖွဲ့က ​အမေရိ ​ ကန်နိုင်ငံဆိုင်ရာ ​သံအမတ်ကြီး ​Melanne ​Verveer ​တို့ ​ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ​မနေ့က ​တွေ့ဆုံခဲ့ပြီး ​မြန်မာအမျိုးသမီးတွေကို ​ကူညီနိုင်ဖို့ ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။
ကမ္ဘာ့အမျိုးသမီးရေးဆိုင်ရာ ​သံအမတ်ကြီး ​Melanne ​Verveer ​ဟာ ​မေလ ​၆ရက်ကနေ ​မေလ ​၁၁ ​ရက်နေ့အထိ ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်နေတာဖြစ်ပြီး ​ခရီးစဉ်အတွင်း ​မြန်မာနိုင်ငံက ​အမျိုးသမီးတွေရဲ့ ​စိန်ခေါ်မှုနဲ့ ​အခွင့်အလမ်းတွေ၊ ​စွမ်းဆောင်နိုင်ရည် ​၊ ​လုပ်ပိုင်ခွင့်တိုး ​တက်မြင့်မားအောင် ​လုပ်ဆောင်နိုင်ဖို့ ​အဓိကထားလေ့လာသွားမယ်လို့ ​သိရပါတယ်။ ​  

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​နေအိမ်မှာ ​မြန်မာ ​အမျိုးသမီးတွေဘ၀ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ​ပတ်သက်ပြီးအဓိကထားဆွေး ​နွေးသွားတယ်လို့ ​NLD ​ပြောရေးဆိုခွင့်ရှိသူ ​ဦးအုန်းကြိုင်က ​ခုလိုပြောပါတယ်။

လေးနာရီခွဲကနေ ​၅နာရီခွဲထိ ​တွေ့ဆုံဆွေးနွေးကြပါတယ်၊ ​ဆွေးနွေးတဲ့အကြောင်းအရာ ​အသေးစိတ်ကို ​နှစ်ဘက် ​လုံးက ​ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး၊ ​ကျနော်တို့ ​သိရတာကတော့ ​အမျိုးသမီး ​ဘ၀ဖွံ့ဖြိုးတိုးတက်ရေး ​၊ ​နိုင်ငံရေး ​လူမှုရေး၊ ​စီးပွားရေး ​ဖွံ့ဖြိုးတိုးတက်ရေး ​ကြိုးပမ်းရာမှာ ​အမျိုးသမီးတွေရဲ့ ​အရေးပါပုံ ​ကိစ္စတွေကို ​ဆွေးနွေးကြတယ် ​ပြောပါတယ်၊ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ​မျက်နှာစာမှာ ​ပြည်တွင်းပြည်ပ ​သတင်း ​ထောက် ​တွေ ​ကို ​လက်ခံတွေ့ဆုံတဲ့အခါ ​ အမေရိကန် ​သံအမတ်ကြီးက ​ကချင်ပြည်နယ် ​စစ်ပွဲကြောင့် ​ဒုက္ခရောက်သူတွေများပြီး ​ဒုက္ခသည်တွေထဲမှာ ​အမျိုးသမီးတွေ ​ကလေးငယ်တွေလည်း ​ပါဝင်တဲ့အတွက် ​ အမြန်ဆုံးကူညီနိုင်ရေးအတွက် ​စီစဉ်ကြိုးပမ်းသွားမှာ ​ဖြစ်တဲ့အကြောင်းလည်း ​ပြောသွားခဲ့ပါတယ်။

ကမ္ဘာ့အမျိုးသမီးရေးဆိုင်ရာ ​သံအမတ်ကြီး ​Melanne ​Verveer ​ဟာ ​ထိုင်းနိုင်ငံ ​မြောက်ပိုင်း ​ချင်း ​မိုင်ကို ​သွားရောက်ပြီး ​ အမျိုးသမီးတွေနဲ့ ​မိန်းကလေးငယ်တွေရဲ့ ​အခြေအနေနဲ့ ​ပတ်သက်ပြီး ​တိုင်းရင်းသူ ​အမျိုး ​သမီးအဖွဲ့တွေနဲ့ ​သွားရောက်တွေ့ဆုံဖို့ ​ရှိနေတယ်လို့လဲ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

Ref: ABC Radio Australia

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes