Saturday 12 May 2012

ရွှေဝါရောင်မှာ ကျူးလွန်ခဲ့တာကို တောင်းပန်ပြီး

ဂျာမဏီ နိုင်ငံ ဘာလင်မြို့ကို ရောက်ရှိ နေတဲ့ မြန်မာ ပါလီမန် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ ဟာ (Tagesspiegel -Daily Mirror ) သတင်းစာတိုက်မှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ရာထူး ခန့်အပ် နိုင်မလား အမေးကို အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားရာမှာ နိုင်ငံတော် ဖွဲ့ စည်း အုပ်ချုပ်ပုံမှာ သမ္မတ အရည်အချင်း ကို ဖေါ်ပြထားတာနဲ့  ပါတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မဖြစ်နိုင်ကြောင်း နဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပြုပြင်နိုင်မှသာ သမ္မတ ဖြစ်နိုင်လာမယ်ဆိုတာ ဖြေကြားသွားပါတယ်။

ဂျာမန်လူမျိုး ဗုဒ္ဓဘာသာဝင်တဦးက သူဟာ ဗုဒ္ဒဘာသာဖြစ်လို့  -၂၀၀ရ-ခုနှစ်က ရဟန်းသင်္ဃာတော်တွေကို ရက်ရက် စက် စက် သတ်ဖြတ်ခဲ့ကြတာကို သိရလို့ စိတ်ထိခိုက်ခဲ့ ရပါတယ်တဲ့။

ဒါကို အခုအစိုးရက တောင်းပန်ဖို့  မရှိသေးဘူးလားလို့ မေးရာမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက “အဲဒီအချိန်မှာ ပြည်သူ့ လွှတ်တော် မရှိသေးလို့  လွှတ်တော် အတွင်းက တောင်းပန်ဖို့  မရှိခဲ့ဘူး။ အခုအချိန်မှာ ပြည်သူ့ လွှတ်တော် ရှိလာပြီဖြစ်လို့ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့  တောင်းပန်ပါတယ် ဆိုတဲ့အကြောင်း” ဖြေဆို သွားပါတယ်။ အစိုးရ အနေနဲ့  အခုလို ပြည်သူ ကို တောင်းပန် စေလိုတာကတော့ လိုအပ်နေတယ်လို့ အစည်းအဝေးမှာ လက်ခံ ပြောဆိုသွားကြပါတယ်။

Source:(ခိုင်အောင်ကျော်- နယူးယောက်ပေးပို့သည်)

Ref: ရွှေဟင်္သာ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes