Tuesday 8 May 2012

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်တော့မည်


K_bankထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် မြန်မာနိုင်ငံသို့ တရားဝင် ဘဏ်မှ တဆင့် ငွေလွှဲနိုင်တော့မည်ဖြစ်သည်။ 

ဤသို့ ငွေလွှဲ နိုင်ရန်အတွက် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (AGD) နှင့် ထိုင်းနိုင်ငံ K-Bank (Kasikorn Bank) တို့သည် ယနေ့ သဘောတူ လက်မှတ်ထိုး လိုက်ပြီးဖြစ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည်၊ တရားမ၀င် ခိုးဝင်ပြီး အလုပ်လုပ်ကိုင် ခဲ့သည့်အတွက် တရားဝင် ငွေလွှဲနိုင်ခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကျော်ရှိခဲ့သည်ဟု ခန့်မှန်းကြပါသည်။ နှစ်စဉ် ဘတ်ငွေ ဘီလီယံချီပြီး တရားမ၀င် နည်းဖြင့် ငွေလွှဲခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။

ဤပြသနာကို ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားများကို တရားမ၀င် အလုပ်သမားဘ၀မှသည် တရားဝင်အလုပ် သမားများအဖြစ် မှတ်ပုံတင် ပတ်စပို့လုပ်စေပြီး ဖြေရှင်းလိုက်ပါသည်။ ဤသို့ကြောင့် တရားဝင်လာသော မြန်မာအလုပ် သ မားများအတွက် ယခုကဲ့သို့ တရားဝင်ငွေလွှဲမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။
AGD_bankတရားဝင် ငွေလဲနှုန်းကို မြန်မာနိုင်ငံ ဗဟိုက သတ်မှတ်နိုင်ပြီးနောက်ပိုင်း တရားဝင် ငွေလွှဲမှုများလည်း အဆင်ပြေလာမည်ဖြစ် ပါသည်။ ယနေ့ မေလ ၈ ရက်နေ့ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် မှ သတ်မှတ်သော ရည်ညွှန်း နိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate  မှာ အမေရိကန် တစ်ဒေါ်လာ လျှင်မြန်မာငွေ  ၈၂၅  ကျပ် သတ်မှတ် ကြောင်း သိရပါသည်။ ထို့အပြင် Cross Exchange Rate  အရ တစ်ယူရို လျှင် ၁၀၇၅.၅  ကျပ်၊ စင်္ကာပူ တစ်ဒေါ်လာ လျှင် ၆၆၁.၄၀ ကျပ်၊ စတာလင်ပေါင် တစ်ပေါင် လျှင် ၁၃၃၅.၃ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် လျှင် ၁၃၀.၈၂ ကျပ်၊ အိနိ္ဒယရူပီး တစ်ရူပီး လျှင် ၁၅.၆၂၉ ကျပ်၊ မလေးရှားရင်းဂစ် တစ်ရင်းဂစ်လျှင်၂၆၉.၉၂ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် လျှင်၂၆.၆၂၁ ကျပ်နှင့် ဂျပန် ယန်း တစ်ရာ လျှင် ၁၀၃၀.၈ကျပ် သတ်မှတ်ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes