Saturday 21 April 2012

မြန်မာ့ငွေကြေးနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို အမေရိကန် ကူညီမယ်


 ပြန်မာပြည်ကို စီးပွားပိတ်ဆို့ထားတာ ပြန်ဖွင့်ပေးမယ်လို့ပြောခဲ့တဲ့ ဟီလာရီ ကလင်တန်
မြန်မာနိုင်ငံက ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို အားပေးထောက်ခံတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ပြန်ဖွင့်ပေးဖို့ အမေရိကန်အစိုးရက ပြန်လည်စဉ်းစားနေရာမှာ အမေရိကန်ကုမ္ဗဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံမှု လုပ်ဆောင်တာကို ပြန်ဖွင့်ပေးဖို့နဲ့ မြန်မာပြည်ရဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေကိုအကူအညီပေးဖို့ကိစ္စတွေကိုပထမဦးစားပေးစဉ်းစားဆောင်ရွက် သွားလိမ့်မယ်လို့ အမေရိကန်ထိပ်တန်းအရာရှိတစ်ယောက်က ပြောကြားကြောင်း ရိုက်တာ သတင်းထဲမှာ ရေးသားထားပါတယ်။

အခုလ စောပိုင်းတုန်းက မြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုတွေ စတင်ဖယ်ရှားပေးတော့မယ်လို့ အမေရိကန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကတိပြုပြောခဲ့ပြီးနောက်ပိုင်း အခုတော့ အရေးယူမှုတွေနဲ့ပတ်သက်ပြီး နောက်ဆုံးအဆင့် ပြန်လည်သုံးသပ်မှုတွေ လုပ်နေပါပြီလို့ အဲဒီအရာရှိက ပြောပါတယ်။

လာမည့် သီတင်းပတ်တွေအတွင်း အဖြေ တိတိကျကျ ထွက်လာတော့မယ့်အကြောင်းလည်း အဆိုပါ အရာရှိက ပြောတယ်။ 
Ref: BBC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes