Friday 20 April 2012

အလုပ်သမား ၂ သိန်းခေါ်ယူခွင့်ပြုရန် မြန်မာအစိုးရထံ ထိုင်း တောင်းခံ


ဘန်ကောက်မြို့တနေရာက မြန်မာအလုပ်သမားများ
နောက်လမှာ မြန်မာနိုင်ငံ၌ပြုလုပ်မည့် နှစ်နိုင်ငံ အာဏာပိုင်များပါဝင်သည့် အစီးအဝေးတွင် အစိုးရအဆင့် တိုက်ရိုက်ဆက်သွယ်ပြုလုပ်ရေး အစီအစဉ်ကို အတည်ပြုပြီးပြီးဆိုတာနှင့် ထိုင်းနိုင်ငံအတွင်း လစ်လပ်နေတဲ့နေရာတွေအတွက် မြန်မာနိုင်ငံမှ အလုပ်သမား ၂ သိန်း ငှါးရမ်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Anusorn Kraiwatnusorn က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။  

ထိုင်းနိုင်ငံအတွင်း အလုပ်သမားပြတ်လပ်မည့်အရေးကို ကားကွယ်ရန်အတွက် ထိုကဲ့သို့ ၂ နိုင်ငံ အစိုးရအဆင့် တိုက်ရိုက်ဆက်သွယ် အလုပ်သမားခေါ်ယူရန် ရေးဆွဲထားသော အဆိုပါ အစီအစဉ်ကို သဘောတူညီမှုရရှိပါက အလုပ်သမားများအနေနှင့် ဘန်ကောက်ကို လေကြောင်းခရီးဖြင့် တိုက်ရိုက် ၀င်ရောက်နိုင်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ မြို့တော်တော်များများမှာ အလုပ်သမားအမြောက်အများကို ရရှိနိုင်ပြီး၊ အလုပ်ခန့်အပ်မည်ဆိုပါက မဆိုင်းမတွ ချက်ချင်းပင် လက်ခံကြမည်ဖြစ်ကြောင်း အလုပ်သမားရေးဝန်ကြီးဌာနမှ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Anusorn Kraiwatnusorn က ပြောကြားသည်။  

Ref: The Nation

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes