Friday 20 April 2012

အရှင်ဂမ္ဘီရ လူဝတ်လဲပြီ


အရှင်ဂမ္ဘီရ
 ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းမှာ ဦးဆောင်ခဲ့မှုနဲ့ ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့ရာက မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုညီညီလွင် (အရှင်ဂမ္ဘီရ) ဟာ ပြီးခဲ့တဲ့ နှစ်ဆန်း ၂ ရက်နေ့က လူဝတ်လဲလိုက်ပြီလို့ ပြောပါတယ်။

လွတ်လွတ် လပ်လပ်နေချင်လို့ လူဝတ်လဲလိုက်တာဖြစ်ပြီး မိတ္ထီလာမြို့ မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့ မိဘတွေရဲ့ နေအိမ်မှာပဲ နေထိုင်တယ်လို့ ကိုညီညီလွင်က ပြောပါတယ်။

လူထွက်လိုက်တာဟာ အပြီးထွက်လိုက်တာဖြစ်ပြီး အပြင်မှာ ဘာတွေလုပ်ကိုင်စားသောက်မယ်ဆိုတာတော့ တိတိကျကျ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ကိုညီညီလွင်ခေါ် အရှင်ဂမ္ဘီရဟာ သာသနာဘောင်မှာ ၁၃ ၀ါနေထိုင်ခဲ့တယ်လို့ ပြောပါတယ်။  
Ref: DVB


0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes