![]() |
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှု အတော်များများကို အမေရိကန်က လျှော့ပေးလိုက် |
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ချပေးလိုက်ပါတယ်။
အစိုးရမဟုတ်တဲ့ အမေရိကန် NGO အဖွဲ့တွေကို လူသားချင်းစာနာတဲ့လူမှုရေးလုပ်ငန်းတွေ အခုအခါ မြန်မာနိုင်ငံထဲမှာ သွားရောက်လုပ်ခွင့်ပေးမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
သြစတြေးလျနိုင်ငံကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ထိပ်ပိုင်းက တခြားခေါင်းဆောင်တွေအပေါ် ငွေကြေးဆိုင်ရာနဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။
တခါ ဗြိတိန် ၀န်ကြီးချုပ် David Cameron ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ထားရေးနဲ့ပတ်သက်လို့ သူထောက်ခံကြကြောင်း ပြောပါတယ်။
EU ဥရောပ သမဂ္ဂကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းရေးကိစ္စနဲ့ ပတ်သက်လို့ အခုလ နှောင်းပိုင်းမှာ ဆုံးဖြတ်မယ်လို့ ယူဆရပါတယ်။
Ref: BBC
0 comments:
Post a Comment