Saturday 29 October 2011

October 28 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာတက္ကသိုလ်တွေထဲက တစ်အခုအပါမ၀င်ဖြစ်တဲ့ မဟီဒေါ တက္ကသိုလ်ဟာ တက္ကသိုလ်အတွင်း ရေတွေဝင်လာပြီဖြစ်တဲ့အတွက် ကျောင်းသားတွေ တက္ကသိုလ်ဝန်ထမ်းတွေကို ရေလွတ်ရာတွေကို အမြန်ရွှေ့ပြောင်းကြဖို့ အရေးပေါ်သတင်းထုတ်ပြန်ထားပါတယ်။ တက္ကသိုလ်ရဲ့ ထောက်ပံ့ကယ်ဆယ်ရေးစခန်းကိုတော့ Kanchanaburi မှာ ပြင်ဆယ်ထားတယ်လို့ဆိုပါတယ်။

ရေကြီးမှုကြောင့်ရပ်နားထားရသော မြေအောက်ဥမင်ဖောက်လုပ်ရေးလုပ်ငန်းတစ်ခုရဲ့မြင်ကွင်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ မြောက်ပိုင်းနှင့် အနောက်ဘက်ပိုင်းရှိ အဓိကကျတဲ့ လမ်းမကြီး ၁၄ ခုရှိ မီးပွိုင့်တွေအားလုံးလည်းရပ်နားထားရပါတယ်။

ဖရဟိုယိုးထင်လမ်းပေါ်က ကစီကွန်ဘန်ရှေ့ သဲအိပ်တွေဆင့်ပြီး ရေကာတာလုပ်နေကြတဲ့ပုံ ဖြစ်ပါတယ်။

ကျောက်ဖရားမြစ်ရေဟာ ၂၀ စင်တီမီတာကနေ ၅၀ စင်တီမီတာအထိ မြင့်တက်လာတဲ့အတွက် သာဖရချန် မော်တော်ဆိပ်ကနေ စံနန်းမလွန်ကွင်း၊ မြဘုရားနှင့် ရှေးဟောင်းနန်းတော်တို့ဘက်ကို စီးဝင်လာရာလမ်းကို မြင်ရပုံဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ဘန်ကောက်မြို့တော်ရဲ့ မြောက်ဘက်ပိုင်းနှင့် အနောက်ဘက်ကို ဝေဟင်မှ ရေကြီးမှုအခြေမှုအခြေအနေကို လေ့လာနေပုံ ဖြစ်ပါတယ်။

ဒိုမောင်းလေဆိပ်ရဲ့ ၉၀ရာခိုင်နှုန်းဟာရေလွှမ်းမိုးခံခဲ့ရပြီး Vibhavadi Rangsit လမ်းမနှင့် ၁.၂ မီတာမြင့်တဲ့ လေယာဉ်ကွင်းဟာ ရေတစ်ညီတည်းဖြစ်သည်အထိလွှမ်းခဲ့တယ်လို့သိပါသည်။

ရေကြီးမှုကြောင့် အောက်စီဂျင်ခက်ခဲ့လာတဲ့အတွက် အရေးပေါ်လူတာ ၅၂ ဦးကို ဘူမိဘော ဘုရင့်ဆေးရုံမှ တခြားဆေးရုံများသို့ ပြောင်းပေးနေပုံဖြစ်ပါတယ်

ဆူကုန်ဗစ် လမ်းသွယ် ၄၈ နှင့် ၅၀ အတွင်း ရေလွှမ်းနေပုံဖြစ်ပါတယ်


ရေဘေးကယ်ဆယ်ရေးအဖွဲ့ဟာ ကယ်ဆယ်ရေးစင်တာတွေကို ဒေသကိုးခုမှာ ဖွင့်လစ်ထားပါတယ် အဲဒီနေရာတွေကတော့ Kanchanaburi, Ratchaburi, Phetchaburi, Samut Sakhon, Chon Buri, Chachoengsao, Nakhon Ratchasima, Nakhon Nayok  နှင့် Samut Prakan တို့ဖြစ်ကြပါတယ်။ 
Ref: Bangkok Post

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes