Sunday 23 October 2011

ထိုင်းရေဘေးကြောင့် မြန်မာအလုပ်သမား သောင်းချီပြီး နေရပ်ရင်းသို့ ပြန်

(၂) လကျော်ကြာ မိုး အဆက်မပြတ် ရွာသွန်းမှုနှင့် ဆည်ရေဖောက်ချမှုကြောင့် အယုဒ္ဓယမြို့နှင့် ထိုင်းနိုင်ငံ နေရာ အနှံ့အပြား တို့တွင် ရေနစ်မြှုပ်နေသဖြင့် မြန်မာ အလုပ်သမား သိန်းချီပြီး နေရပ်ရင်းသို့ သွားခဲ့ပြီး ဖြစ်သည်။
ပထုံဌာနီမှ ပြန်လာသည့် ကရင် အလုပ်သမ မအေးက “ရေကလည်း တရက်ထက် တရက် ပိုကြီးလာ
တယ်။ တိုက်ခေါင်မိုး အပေါ်ထပ်မှာ နေရတယ်။ အလုပ်လည်း ဘယ်တော့ ပြန်လုပ်ရမလဲ မသေချာ ဘူးလေ။ ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားတော့ ရွာက အဖေ အမေက ပြန်လာဖို့ပြောလို့ ပြန်ကြ တာဖြစ်တယ်။ အများကြီးပဲ သမီးတို့တွေ ပြန်ကြတာ ” ဟုပြောသည်။
ဘန်ကောက် မဟာချိုင် နွန်ဌဘူရီ၊  ခြုံဘူရီနှင့် ဘွန်ထောင်ဌာနီ အပါအ၀င် အယုဒ္ဓယမြို့အနီး ပတ်ဝန်းကျင်
တို့မှအလုပ်သမားများ နေ့စဉ် မြန်မာပြည်  နေရပ်ရင်းသို့ ပြန်သွား နေကြကြောင်း မြန်မာပြည်သို့ ပြန်ပို့သည့် အကျိုးဆောင် အုပ်စုများက ပြောသည်။
မဟာချိုင်မြို့မှ အလုပ်သမားရေး ကူညီဆောင်ရွက်သူ တဦးက  “မဟာချိုင်က လ၀က ရုံးက နေ့တိုင်း အလုပ်သမားတွေ ထောင်ချီပြီး ပြန်သွား နေကြတယ်။ ပြန်လည် ပြည်ဝင်ခွင့်ဗီဇာ re-entry တုံးထုတာ  ပုံမှန်ဈေး  ဘတ် (၁၀၀၀) နဲ့ မရတော့ဘူး။ ပွဲစားတွေကို ဘတ် (၁၂၀၀) ပေးနေရတယ်။ တုံးထုလို့ မပြီးလို့ အလုပ်သမား ရာပေါင်းများစွာ လ၀က ရုံးဝင်းထဲမှာ ညအိပ်ပြီး စောင့်နေကြတယ်”ဟု ပြောသည်။
မဟာချိုင် လ၀ကရုံးမှ  နေ့စဉ် အလုပ် သမားတစ်ထောင် ထက်မနည်း ပတ်စပို့ တုံးထုပြီး အိမ်ပြန်နေ ကြသည်မှာ (၁၀)  ရက်ကျော် ရှိနေပြီးဖြစ်ကြောင်း မဟာချိုင်မှ အလုပ်သမား အရေး ဆောင်ရွက်သူက ရှင်းပြသည်။
ထိုင်းနိုင်ငံ (၁၅) ခရိုင်အတွင်း ရေကြီးမှုကြောင့် စက်ရုံ အလုပ်ရုံပေါင်း တစ်သောင်းကျော် ပိတ်ထား ရဆဲဖြစ် သဖြင့် အလုပ်သမားပေါင်း တသန်းခန့် အလုပ် ရပ်နားထားရပြီး အမေရိကန်ဒေါ်လာ ဘီလီလျှံချီပြီး
နစ်နာ ဆုံးရှုံးနေပြီ ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က ယမန်နေ့ ကကြေညာခဲ့သည်။
နှစ်ပေါင်း (၅၀) အတွင်း အဆိုးဝါးဆုံး ရေကြီးမှုကြောင့် ထိုင်းနိုင်ငံတွင်း သေဆုံးသူပေါင်း (၃၄၂) ယောက်အထိ ရှိပြီးဖြစ်ကြောင်း ထိုင်းအစိုးရက ယမန်နေ့က  ကြေညာခဲ့သည်။  ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေမှာလည်း သေဆုံးသူပေါင်း (၃၃၆) ယောက်ထက် မနည်း ရှိပြီးဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes