Friday 28 October 2011

October 27 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

အမျိုးသားဘောလုံးကွင်းမှာဖွင့်လစ်ထားတဲ့စခန်းတွင်းရှိ ရေဘေးဒုက္ခသည်တို့အတွက် ရေအစားထိုး အနုဇီဝအချိုရည်များပေးဝေရန် စေတနာ့ဝန်ထမ်း ထိုင်းစစ်သားများက လုပ်ပေးနေပုံဖြစ်သည်။ ထိုင်းတပ်မသုံးခှမှ စစ်သည်ပေါင်း ၅၀၀၀ လောက်သည် ဗဟိုအစိုးရကို အတည်ပြုထားသော ရေဘေးဒုက္ခသည်များကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းရေးအစီအစဉ်ကို ကူညီရန် အသင့်အနေအထားမှာရှိနေပြီဖြစ်သည်။

အလုံးအရင်းနဲ့ ၀င်လာတဲ့တွေဟာ အရေးပေါ်ရေကာတာတွေ တမံတွေကိုချိုးဖေါက်ပြီ Khlong Talat နယ်ထဲကိုဝင်လာပါတယ်၊ တလိပ်လိပ်တက်လာတဲ့ရေတွေဟာ ဒိုမောင်းလေဆိပ် ကားရပ်နားစခန်းတစ်ခုံးကိုပါ လွှမ်းမိုးသွားပြီး ၎င်းကားရပ်နားစခန်းဟာ ရေလွတ်နိုင်လိမ့်မယ် မျှောင်လင့်ချက်နဲ့ လာရောက်ရပ်နားထားတဲ့ကာတွေ များစွာရှိရာ နေရာလဲဖြစ်ပါတယ်။

Nonthaburi နယ် Bang Kruai-Jong Thanorm လမ်းပေါ်တစ်နေရာက ရေလွတ်ရာပြောင်းရွှေ့နေတဲ့ ဒေသခံပြည်သူတစ်ဦးဖြစ်ပါတယ်။ ၎င်းနေရာကို Khlong Maha Sawat နယ်ကနေ ရေတွေ အလုံးအရင်းနှင့်ဝင်စီးလာတာဖြစ်ပါတယ်။

ဘန်ကောက်ရဲ့အဓိက အထင်ကရနေရာဖြစ်တဲ့ မြဘုရားပတ်လမ်းတလျှောက် ရေတွေပြည့်လျှံနေတဲ့ပုံဖြစ်ပါတယ်။ ၎င်းနေရာဟာ ကျောက်ဘုရားမြစ်အနီးမှာရှိပြီး ကမ္ဘာလှည့်ခရီးသည်တို့ အဓိကလည်ပတ်လာရောက်ရာနေရာလည်းဖြစ်ပါတယ်။  

မြဘုရားပတ်လမ်းတစ်နေရာပါ။ ကျောက်ဘုရားမြစ်အနီးမှာရှိတဲ့အတွက် မြစ်ရေတိုက်ရိုက်စီးဝင်လာတာဖြစ်ပါတယ်



အစိုးရအိမ်တော်ကို ရေမ၀င်အောင် သဲအိပ်တွေဖြင့်ရေတမံဆောက်နေကြတဲ့ စေတာနာ့ဝန်ထမ်းတွေဖြစ်ပါတယ်။ မြို့နေပြည်သူများအား ရေလွတ်ရာ နေရာများသို့ ရက်အတန်ကြာနေရွှေ့ပြောင်းနေထိုင်ကြရန် အစိုးရမှ ကြေငြာချက်ထုပ်ပြီးလဲဖြစ်ပါတယ်။

ထိုင်းနိုင်တကာလေဆိပ်ဖြစ်တဲ့ စုဝဏ္ဏဘုံမိလေဆိပ်မှာ အိမ်ပြန်သူများနှင့်ပြည့်နှက်နေတဲ့ပုံဖြစ်ပါတယ်။ ဘန်ကောက်မြို့အပြင် ရေလွတ်ရာနယ်များကို ခရီးထွက်ကြတဲ့ခရီးသည်တွေဟာ တနေ့ကို ၂ သိန်းလောက်ရှိပြီး ဘတ်စကား အစီးရေ ၄ ထောင်လောက်နေ့စဉ်ပြေးဆွဲပေးနေရတယ်လို့သိရပါတယ်။

ဘန်ကောက်မြို့ရဲ့ Lak Si နယ်ထဲ ရေကြီးနေပုံဖြစ်ပါတယ်

ကျောက်ဖရားမြစ်မှလျှံကျလာသောရေထုကြောင့် ဖရချန် မော်တော်စိပ်အနီးရှိ နိဗ္ဗာန်ကုန်ဆိုင်အတွင်း၌ ရေနစ်မြုပ်နေသော ဗုဒ္ဓရုပ်ပွားတော်များ။

Ref: Bangkok Post

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes