Thursday 27 October 2011

မဲဆောက်မြို့  ECO စက်ရုံ၌ မြန်မာ အလုပ်သမားများ ဆန္ဒပြ

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ဘက်ရှိ အီးစီအို ဂါးမန်း အထည်ချုပ် စက်ရုံတွင် ယနေ့မနက် ၉ နာရီမှ ညနေ ၄ နာရီ ခွဲအချိန်အထိ မြန်မာ အလုပ်သမား ၈၀ ကျော် တောင်းဆို ဆန္ဒပြကြသည်ဟု  ဆန္ဒပြ အလုပ်သမားများ ကပြောပါသည်။ အလုပ်သမား များသည် အလုပ်သမားကဒ်အတွက် အရစ်ကျငွေပေးဆောင်ရာတွင် သဘောတူထားသည့် အတိုင်း မဟုတ်ဘဲ တိုးပြီးဖြတ်တောက်သည့်အတွက်  ဆန္ဒပြရခြင်းဖြစ်သည်ဟု အလုပ်သမားများက ဆိုပါသည်။
“အလုပ်သမားကဒ်က တနှစ်ကို (၃၆၀၀)ဘတ်ကျတယ်လေ။ အခုတော့ (၃၈၅၀) တောင်ပေးရမယ်တဲ့ ။ အမျိုးမျိုးအ ကြောင်းပြတယ်လေ။ အဲဒါကို တလ(၃၀၀)ဘတ် ဖြတ်နေကျကို (၈၀၀)ဖြတ် တယ်။ ပြီးတော့ (၅၀၀)ဖြတ်နေကျကို (၉၀၀)ဖြတ်တယ်လေ။ ပြီးတော့ လစာ ထုတ်တာကလည်း မမှန်ဘူးလေ။ တခါ သူတို့ ထုတ်ထားပေးတဲ့ လက်မှတ်ကလည်း အာမခံချက်မရှိဘူး၊ ရဲနဲ့ တွေ့ ရင် အမြဲတမ်း ဘတ်ငွေတရာ ပေးခဲ့ရတယ်လေ။ ဘယ်ဖြစ်မလဲ။” ဟု အလုပ်သ မားတဦးကပြောပါသည်။
ပြီးခဲ့သည့် စက်တင်ဘာ လကတည်းက ငွေကို တိုးပြီးဖြတ်တောက်လာခဲ့ပါသည်။ အလုပ်သမားများ၏ လုပ်အားခသည်လည်း တနေ့ကို (၆၃)ဘတ်မှ (၅၅)ဘတ်သာရှိပါသည်။ သဘောတူထားစဉ်ကဆိုရင် တနေ့ကို ရာကျော်ပေးမည်ဟု ပြောခဲ့ပါ သည်။ အချိန်ပိုကြေးကိုလည်း တနာရီ (၁၀)ဘတ်သာ ပြောသော်လည်း လက်တွေ့ မှာ အချိန်ပိုမရှိသည့် အတွက် ပိုပြီး အဆင်မပြေဖြစ်လာခဲ့ပါသည်။
အလုပ်သမားများကမူ လစာမှန်မှန်ထုတ်ပေးရေးနှင့် သဘောတူထားသည့်အတိုင်း အလုပ်သမားကဒ် ကြေးဖြတ်ရန် သဘောမတူပါက အလုပ်ပြန်ဆင်းမည်မဟုတ်ကြောင်း ပြောပါသည်။ အလုပ်ရှင်ကမူ နောက်လတွင် ဤကဲ့သို့ မဖြစ်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဂတိပြုခဲ့ပါသည်။ ဒါအပြင် ခရီးသွားလာရေး အထောက်အထား စာရွက်စာတမ်း များထုတ်ပေးထားသော်လည်း အာမခံချက် ရှိမရှိကိုမူ  စီစစ်ပေးရန် လိုအပ်ပါသည်။
Labour
ဆန္ဒပြ မြန်မာအလုပ်သမားများ (ဓါတ်ပုံ - အင်တာနက်)
ECO အထည်ချုပ် စက်ရုံသည်။ မြန်မာအလုပ်သမား(၂၀၀)ကျော်ရှိပြီး၊ မဲဆောက်မြို့ ကုလားပန်ရုံ၌ တည်ရှိပါသည်။ ထိုင်းနိုင်ငံ တာ့ခရိုင်ရှိ မဲဆောက်မြို့ တွင် ဤနှစ်အတွင်း အလုပ်သမားသစ် (၅၀၀၀၀)ကျော် မှတ်ပုံတင်စေခဲ့ပါသည်။ ဤအထဲတွင် လုပ်အားခပြသနာ၊ အချိန်ပိုကြေးပြသနာနှင့် လစာမမှန်မှုများကြောင့် မကြာခနဆိုသလို အလုပ်သမား ဆန္ဒပြမှုများဖြစ်စေခဲ့ပါသည်။
Ref: ရွှေဟင်္သာသတင်းဌာန

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes