Thursday 27 October 2011

ကျောက်ပန်းတောင်းတွင် ကမ္ဘာလှည့်ခရီးသည်ကိုသတ်သူ သေဒဏ်စီရင်ခံရ

ကမ္ဘာလှည့်ခရီးသည် ဂျပန်အမျိုးသမီး သေဆုံးခဲ့တဲ့ပြစ်မှုအတွက် တရားခံ ကိုမင်းသိုက်ကို မန္တလေးတိုင်း မြင်းခြံခရိုင်တရားရုံးက ဒီလ ၁၈ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ တရားခံ ကိုမင်းသိုက်ကို ရန်ကုန်အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်မှာ ကျောက်ပန်းတောင်းရဲစခန်းက ဂျပန်အမျိုးသမီးအလောင်း ကို ကျောက်ပန်းပန်းတောင်းမြို့နဲ့ ၁၂ မိုင်အကွာက တောထဲတနေရာမှာ တွေ့ခဲ့ပါတယ်။ အဲဒီနောက် အလောင်းကို ဆေးစစ်ရာမှာ မုဒိမ်းပြုကျင့်ပြီးသတ်လိုက်တာလို့ မြင်းခြံတရားရုံးက ဆုံးဖြတ်ခဲ့ပြီး မုဒိမ်း၊ လူသတ် နှစ်မှုအတွက် သေဒဏ်ချမှတ်တာလို့ ကျောက်ပန်းတောင်း ဆေးရုံရပ်ကွက်က ဆိုပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီအမျိုးသမီးဟာ ကားလက်မှတ်ဝယ်ပြီးမှ အဆိုပါဆိုင်ကယ်တက္ကစီ သမားနဲ့ ပြောင်းလိုက်သွားတာဖြစ်ပြီး အခင်းဖြစ်တဲ့အရပ်က ရွာသူတစ်ဦးက တွေ့ရှိပြီး ရွာသားတွေ ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ပြီးနောက် သက်ဆိုင်ရာ အဆင့်ဆင့်ကိုအပ်ပြီး ရဲလက်ရောက်သွားတာလို့ ပြောဆိုကြပါတယ်။

သေဆုံးသူ ဂျပန်အမျိုးသမီးကော၊ တရားခံရော နှစ်ဦးစလုံး အသက် ၃၀ ခန့်အရွယ်တွေဖြစ်ပြီး တရားခံမှာ ဇနီးနဲ့ ကလေးတဦး ကျန်ရစ်တယ်လို့ မြို့ခံက ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးက ဂျပန်အမျိုးသမီးအလောင်းကို ပြန်လိုချင်ကြောင်းနဲ့ တရားခံကို ဘယ်လိုအရေးယူမယ်ဆိုတာ စောင့်ကြည့်နေတယ်လို့ မြန်မာအာဏာပိုင်တွေကို နှစ်ချက်တောင်းဆိုခဲ့တယ်ဆိုတဲ့သတင်း ကျောက်ပန်းတောင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။
Ref: DVB

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes