Wednesday 23 May 2012

 လာမည့် ဇွန်လအတွင်း မြန်မာဘဏ်အချို့ T/T ၊ LC အပါအ၀င် နိုင်ငံခြားငွေကြေး ၀န်ဆောင်မှုလုပ်ငန်း စတင်နိုင်မည်

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသော မြန်မာဘဏ်များ အာဆီယံနိုင်ငံများနှင့် ဂျပန်ဘဏ်များ အပါအ၀င် အာရှဘဏ်များနှင့် ချိတ်ဆက်ထားပြီးဖြစ်ပြီး လာမည့် ဇွန်လအတွင်း လုပ်ငန်းစတင်နိုင်ရန် ဗဟိုဘဏ်၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။ 

နိုင်ငံခြားဘဏ်လုပ်ငန်းလုပ် ကိုင်ခွင့်ရရှိထားသော မြန်မာဘဏ် ၁၁ ဘဏ်အနက် ခုနစ်ဘဏ်ဝန်းကျင် မှာ နိုင်ငံတကာဘဏ်များ အသိအမှတ်ပြု သင်္ကေတနံပါတ်(SWIFT Code) (SWIFT-Society for Worldwide Interbank Financial Telecommunication) ရရှိပြီဖြစ်ပြီး ဗဟိုဘဏ် ခွင့်ပြုချက်ရရှိပါက T/T (Telegraph Transfer)နှ hfLC (Letter of Credit) အပါအ၀င် နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှု စတင်ပေးအပ်နိုင်ပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများထံမှ သိရပါသည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေကြေး ၀န်ဆောင်မှုလုပ်ငန်း ပြုလုပ်ခွင့်ရရှိ လာပါက အဆိုပါ ပုဂ္ဂလိကဘဏ် များအနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ငွေကြေးလွှဲပြောင်းမှုများ အပါအ၀င် နိုင်ငံခြားဘဏ်လုပ်ငန်းကို စတင်နိုင်မည်ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်မှ အထွေထွေ  မန်နေဂျာ ဦးဇော်လင်းထွဋ်က “SWIFT Code  ကျပြီ။ အခု k Testing လုပ်နေတယ်။ ဇွန်လ ၃ ရက်နေ့ကျရင် Live လုပ်လို့ရပြီ။ ဗဟိုဘဏ် ခွင့်ပြုချက် ကျတာနဲ့ T/T  လွှဲတာတို့၊  LC ဖွင့် တာတို့လုပ်လို့ရပါပြီ”ဟု ပြောကြားပါသည်။

ထို့ပြင် မြန်မာဘဏ်များသည် အမေရိကန်၊ ဥရောပရှိဘဏ်များ အပါအ၀င် နိုင်ငံတကာဘဏ်များ နှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင် ပြင်ဆင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲဖွင့်လှစ်ခွင့် မပေးသေးသော်လည်း ၂၀၁၄ခုနှစ်ထက်နောက်မကျဘဲ နိုင်ငံ ခြားဘဏ်များနှင့် မြန်မာဘဏ်များ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးနေအေး၏ ပြောကြားချက်ကို ကိုးကားထားသည့် ရိုက်တာသတင်းဌာန၏ ဖော်ပြချက် အရ သိရပါသည်။

ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်းကို အစိုးရပိုင်ဘဏ်များဖြစ်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)နှင့်  မြန်မာ့ စီးပွားရေးဘဏ်(MEB)တို့တွင်သာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ယခု ပုဂ္ဂလိကဘဏ်များကို လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ပါသည်။

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes