Tuesday 22 May 2012

“မဟာချိုင် ပတ်စပို့ရုံးရှေ့မြန်မာအလုပ်သမားတစ်ဦး ကားတိုက် သေဆုံး”

ယမန်နေ့ညဥ့်က မဟာချိုင် ပတ်စပို့ ထုတ်ပေး သည့် ရုံးရှေ့ ကားလမ်းဖြတ်ကူးစဉ် အလုပ်သမား၂ဦး မတော် တဆ ကားတိုက်မိရာ ဆေးရုံပေါ်တွင် အမျိုး သား တစ်ဦးသေဆုံးသွားကြောင်း မိသားစုတစ်ဦး   ပြောပြချက် အရ သိရှိ ရသည်။
               ကားတိုက်ခံရသည့် အလုပ်သမား၂ဦးမှာ ဘန်ကောက်မြို့ စိုင်တိုက်ကောင် ပင်ကောက် တွင် ပန်းရံ လုပ်နေသည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ၊အောင်ကြီးညောင်ပင်သာရွာမှ အသက် ၂၄ နှစ်အရွယ် ကိုနေ၀င်းအောင် နှင့် တရွာတည်း နေ အသက် ၂၂ နှစ်အရွယ် မအေမီထွန်း တို့ဖြစ်ကြသည်။
          ယမန်နေ့ညနေ ၉နာရီခန့်က မြန်မာဘက်အခြမ်းမှ ပတ်စပို့လုပ်ကိုင်အပြီး ကား ဘန်ကောက်သို့ ပြန်ရန်
ကားလမ်းအကူးအတွင် အရှိန်ပြင်းစွာ မောင်းနှင့်လာသည့် ဟိုင်းလတ်အမျိုးအစား ကားတစ်စီး တိုက်မိခဲ့ခြင်း
ဖြစ်သည်။
  ပတ်စပို့ ကုမ္ပဏီမှ မျက်မြင် တစ်ဦးက “ကားက တအားမြန်တယ်။ ၆၀ မိုင်နုန်းလောက်မောင်းလာတာ  ယောက်ျားကို တည့်တည့်တိုက်တာ၊ဦးခေါင်းမှာ ဒဏ်ရာ ပြင်းပြင်းရရှိသွားတယ်။  အမျိုးသမီးက တစ်ဆင့်ခံ လွင့်ထွက်သွားတာပါ၊ ကားရှေ့ ဘန်ကာ အတော်ပိန်ချိသွားပါတယ်” ဟုပြောသည်။

ကားတိုက်မိသူများအား မဟာချိုင် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မအေးမီထွန်းမှာ သတိပြန်ရခဲ့သော်လည်း
ကိုနေ၀င်းအောင်မှာ ညဥ့် ၁၂ နာရီကျော်ခန့် တွင် သေဆုံးသွားခဲ့သည်။

မြန်မာသံမှူး ဦးနိုင်ထွန်းက “ ဒီပတ်စပို့ ရုံးဖွင့်စကတည်းက ကားတိုက်မှုဖြစ်နိုင်တယ်၊ လမ်းက အလွန်ကျဉ်း
ပြီးတော့ ကားမောင်တာတွေမြန်တယ်၊ တစ်နေ့မဟုတ်တစ်နေ့ အန္တရာယ်ဖြစ်နိုင်တယ်၊ ထိုင်းအာဏာပိုင်တွေ
ကို အကြောင်းကြားပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ ဖြစ်အောင် လုပ်ပေးပါလို့  BAT က အကြောင်းကြားခဲ့ တယ်။ကျနော် လည်းချက်ခြင်း တာဝန်ရှိသူ လူကြီးတွေကို အကြောင်းကြားခဲ့တယ်။ သူတို့ဘက်က တာဝန် မကျေတာဖြစ်တယ်။ တိုးဒေါင်း တွေချထားပေးဖို့ ကျနော်ပြောခဲ့တယ်။ သေဆုံးမှုတွေအတွက် နစ်နာကြေးေ တွရရှိ အောင်နဲ့ သဂြိုဟ် ကိစ္စရပ်တွေအတွက် လိုအပ်တာတွေကို ကျနော်တို့ ကူညီပေးသွားပါမယ်” ဟုပြောသည်။

မဟာချိုင် ၀တ်လန်စံ အနီးရှိ ပတ်စပို့ ထုတ်ပေးရေးရုံးအား ထိုင်းအစိုးရက  ဧပြီလ ၂၃ ရက်နေ့တွင် ဖွင့်လှစ် ခဲ့ရာ ယမန်နေ့ က အထိ ယာယီပတ်စပို့ စာအုပ်ပေါင်း၁၂၅၀၀ ကျော်ခန့် ထုတ်ပေးနိုင် ခဲ့ပြီဖြစ် ကြာင်း ရုံးတာဝန်ရှိ သူတစ်ဦး ပြောပြချက်အရသိရှိရသည်။
        ပတ်စပို့ ရုံးမှာ အိမ်ယာ စီမံကိန်းအတွင်း တည်ရှိသော်လည်း အစားအသောက်ဆိုင်များနှင့် ပတ်စပို့ ကုမ္ပဏီအချို့တို့မှာ ရုံးနှင့် ကားလမ်းခြားသည်။ ကားလမ်းမှာကျဉ်းမြောင်းပြီး မြို့ပြင်ဘက် တွင်ရှိသော နေရာဖြစ်နေ သဖြင့်ကားများနှင့် မော်တော်ဆိုင်ကယ် တို့မှာ အရှိန်ပြင်းပြင်းမောင်နှင့်လေ့ရှိသည်။ ကားနှင့်ဆိုင်ကယ်များ အရှိန်လျှော့၍ မောင်းရန် အချက်ပြမီးများနှင့် တိုးဒေါင်(ဘုတုံး) များ ကားလမ်းတွင် တစ်စုံတစ်ခု ပြင်ဆင် ထားခြင်း မရှိပါက နောင် လည်း ကားတိုက်သေဆုံးမှုဖြစ်နိုင်သေးကြောင်း ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားများအဖွဲ့BATကစိုးရိမ်ကြောင်း  ပြောသည်။ 
 
 မြတ်ညို (အလွတ် သတင်းထောက်)
Ref: GoldenWorkers

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes