Thursday 24 May 2012

ရိုဟင်ဂျာတချို့ အန္ဒိယမှာ ပြည်ဝင်ခွင့်ဗီဇာရ

အိန္ဒိယ ​အစိုးရနဲ့ ​ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာကော်မရှင်ရုံးကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ ​မြန်မာနိုင်ငံကရိုဟင်ဂျာလူမျိုး ​၂၅၀၀လောက် ​တလကြာ ​ဆန္ဒပြခဲ့ပြီးနောက် ​အိန္ဒိယ ​အစိုးရ ​က ​တရားဝင် ​ပြည်ဝင်ခွင့် ​ဗီဇာတွေထုတ်ပေးလိုက်ပြီလို့ ​သိရပါတယ်။
အိန္ဒိယ ​နိုင်ငံက ​အခုလို ​ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးလိုက်တဲ့အတွက် ​လွန်ခဲ့တဲ့နှစ်တွေက ​မြန်မာနိုင်ငံ ​ကနေ ​အိန္ဒိယ ​နိုင်ငံကိုထွက်ပြေးရောက်ရှိလာကြတဲ့ ​ရိုဟင်ဂျာလူမျိုးတွေဟာ ​မြန်မာနိုင်ငံကိုအတင်း ​အဓမ္မပြန်ပို့နိုင်တဲ့ ​အန္တာရယ်ကနေ ​သက်သာရာရတယ်လို့ ​ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြပ်ရေးအေဂျင်စီရဲ့ပြောဆိုချက်အရ ​အိန္ဒိယ ​နိုင်ငံအရှေ့မြောက်ပိုင်းမှာ ​ရခိုင်ပြည်ကနေ ​ထွက်ပြေးလာကြတဲ့ ​ရိုဟင်ဂျာလူမျိုးတွေ ​တသိန်းလောက်ရှိတယ်လို့ဆိုပါတယ်။

အိန္ဒိယ ​အစိုးရကနေအခုလို ​ကာလရှည် ​ဝီဇာတွေထုတ်ပေးတဲ့အတွက် ​ရိုဟင်ဂျာလူမျိုးတွေဟာ ​အိန္ဒိယ ​နိုင်ငံမှာ ​နိုင်ငံရေးခိုလှုံခွင့်တွေ၊ ​ကျောင်းတက်ခွင့်တွေ ​ရသွားနိုင်တယ်လို့ ​ကုလသမဂ္ဂဒုက္ခသည် ​အဖွဲ့ကပြောပါတယ်။

ဒါမေမဲ့တရားဝင်အမြဲတန်းနေထိုင်ခွင့် ​ရရှိနိုင်ဖို့ဆိုတာ ​နှစ်နဲ့ချီကြာဦးမှာဖြစ်တယ်လို့လဲပြောပါတယ်။

Ref: ABC Radio Australia

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes