Sunday 22 April 2012

မြန်မာ့ ငွေလဲလှယ်နှုန်းပြုပြင်ပြောင်းလဲမှု အပေါ် IMF ချီးကျူး

မြန်မာအစိုးရသစ်ရဲ့ ငွေကြေးလဲလှယ်မှုစနစ် ပြုပြင်ပြောင်းလဲလိုက်တဲ့အပေါ် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde က ချီးမွမ်းစကား ဆိုလိုက်ပါတယ်။

IMF အနေနဲ့ မြန်မာ့ငွေကြေးဆိုင်ရာအာဏာပိုင်တွေနဲ့အတူ ဆောင်ရွက်နေရာမှာ အထူးသဖြင့် လက်ရှိ ငွေကြေး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နေကြောင်း၊
မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ အချိန်ယူပြီး လုပ်ဆောင်နေခဲ့တာ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရဟာ ဧပြီလ (၂) ရက်နေ့ကစပြီး ကျပ်ငွေ အမေရိကန် တစ်ဒေါ်လာ ကို (၈၁၈) ကျပ်နှုန်း နဲ့ နှုန်းရှင် ထားပြီး သတ်မှတ်ခဲ့ပါတယ်။ ရှင်းလင်းတဲ့ငွေကြေးစနစ်နဲ့ အတူ မြန်မာပြည်ပိုပြီး ပွင့်လာတာနဲ့အမျှ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးအဆင်ပြေ ချောမွေ့ လာနိုင်တယ်လို့လေ့လာသူတွေက ဆိုပါတယ်။

မိမိတို့ IMF အနေနဲ့ မြန်မာပြည် ငွေကြေးစနစ်မှာ နေ့တဓူဝ လိုသမျှ ကူညီသွားမှာ ဖြစ်ကြောင်း IMF အကြီး အကဲ Christine Lagarde က ပြောဆိုပါတယ်။ စီးပွားရေး ပိတ်ဆို့မှု တချို့က ရုတ်သိမ်းထားပြီး ဖြစ်ပါတယ်၊ အခု မြန်မာပြည်မှာ အရှိန်အဟုန် တစ်ခုတော့ ရနေပါပြီ၊ အဲဒီအရှိန်အဟုန် ဆက်လက်တည်တံ့နေဖို့ကိုပဲ အထူးတလည် မျှော်လင့်မိပါတယ်လို့ IMF အကြီးအကဲ က ပြောဆိုပါတယ်။

RFA

Ref: MNN

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes