Sunday 22 April 2012

ယခုနှစ် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ရငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆၃ ဘီလျံထိမြင့်တက်၊ မြန်မာနိုင်ငံမှ ၁၅ မှ ၂၀ ဒသမ ၄၅ ရာခိုင်နှုန်းရရှိပြီး နိုင်ငံခြား ကုမ္ပဏီများမှ ရောင်းချခွင့် ၈၀ မှ ၈၅ ရာခိုင်နှုန်းထိရရှိ

7295
မင်းဘူးမြို့နယ်အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း ပိုက်လိုင်းသွယ်တန်းမှုအား ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆၃ ဘီလျံကျော်အထိ စံချိန်တင်မြင့် တက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့သဘာ ၀ဓာတ်ငွေ့တင်ပို့ရာ၌ ၂၀၀၉- ၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၂ ဘီလျံကျော်ပမာဏ ရရှိပြီး အများဆုံးရရှိခဲ့သည့်နှစ်ဖြစ် ခဲ့ကြောင်းစာရင်းများအရ သိရသည်။
ယခုနှစ်တွင်မူ အဆိုပါပမာဏကို ကျော်လွန်ကာ အမေရိကန်ဒေါ် လာ ၃ ဒသမ ၅၆၃ ဘီလျံကျော်ထိ ရရှိပြီး အများဆုံးရရှိသည့် နှစ်ဖြစ် လာခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် သဘာဝ ဓာတ်ငွေ့ ပြည်ပသို့တင်ပို့ရာတွင် လက်ရှိ၌ ရဲတံခွန်နှင့် ရတနာသဘာဝဓာတ် ငွေ့စီမံကိန်းနှစ်ခုမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကိုသာ ပြည်ပတင်ပို့ ခြင်းဖြစ်ပြီး ရွှေနှင့် ဇောတိက စီမံကိန်းများမှာ ၂၀၁၃ ခုနှစ်မှသာ အစောဆုံး ထုတ်ယူ တင်ပို့နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ မည်သည့်သ ဘာဝဓာတ်ငွေ့စီမံကိန်းမှမဆို မြှုပ်နှံ ထားသည့် နိုင်ငံခြားကုမ္ပဏီများဖြင့် ရောင်းချမှုနှင့်ပတ်သက်သည့် အချိုး ခွဲဝေရာတွင် မြန်မာနိုင်ငံမှ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အနေဖြင့် ရောင်းချခွင့်ရာ ခိုင်နှုန်းမှာ ၁၅ ရာခိုင်နှုန်းသာ အများ စုရရှိပြီး ရဲတံခွန်စီမံကိန်းတစ်ခုတွင် သာ ၂၀ ဒသမ ၄၅ ရာခိုင်နှုန်းရောင်း ချခွင့်ခွဲဝေထားသည်။

နိုင်ငံခြားကုမ္ပဏီများမှမူ ရဲတံ ခွန်စီမံကိန်းတစ်ခုတည်းတွင်သာ ၈၀ ရာခိုင်နှုန်းဝန်းကျင်ရရှိခြင်းဖြစ်ပြီး ကျန် စီမံကိန်းများအားလုံးတွင် ၈၅ ရာခိုင် နှုန်းအထိရောင်းချခွင့်ရရှိထားသည်။
ထို့အတွက် မြန်မာနိုင်ငံအနေ ဖြင့် သဘာဝဓာတ်ငွေ့ထွက်သည်၊ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာဘီလျံဖြင့်ချီကာရရှိသည် ဟုဆိုသော်လည်း နိုင်ငံအနေဖြင့် အဆိုပါ ပမာဏအတိုင်းရရှိခြင်း မ ဟုတ်ဘဲ ခွဲဝေထားသည့် ရာခိုင်နှုန်း အနည်းငယ်အတိုင်းပင် ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွက် လိုအပ်၍ အဆို ပါစီမံကိန်းများမှ သွယ်ယူကာ ပြည် တွင်း လျှပ်စစ်မီးကဏ္ဍ၌ အသုံးပြု မည်ဆိုပါကလည်း အသုံးပြုသည့် ဌာနအနေဖြင့် မြန်မာ့ရေနံနှင့်သဘာ ၀ဓာတ်ငွေ့လုပ်ငန်းအား သဘာဝ ဓာတ်ငွေ့အတွက် ကျသင့်ငွေအား ပေးချေရကြောင်းလည်း သိရသည်။

သဘာဝသယံဇာတများအား ထုတ်ယူသည့် လုပ်ငန်းများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ခြင်း အပေါ် လုပ်ငန်းရှင်တစ်ဦးကလည်း “စာရင်းပဲရှိတယ်၊ တကယ်ရတာက ဘာမှမပြောပလောက်တဲ့ ပမာဏ ဖြစ်နေတယ်။ သဘာဝဓာတ်ငွေ့တစ် မျိုးတည်းမဟုတ်ဘူး။ သတ္တုတွင်း ထွက်နဲ့ သစ်လုပ်ငန်းတွေမှာလည်း ဒီလိုပဲ နိုင်ငံခြားကုမ္ပဏီတွေကပဲ အ ကျိုးအမြတ်အများကြီးရနေကြတယ်။ တချို့စီမံကိန်းတွေဆို လွန်ခဲ့တဲ့နှစ် တွေကမှ သဘောတူလိုက်တာတွေ ရှိတယ်။ အရင်တုန်းက ကိုယ်ကဘာ မှမတတ်လို့ လက်ခံခဲ့တယ်ဆိုရင် တောင် လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်း က သစ်နဲ့သဘာဝဓာတ်ငွေ့စီမံကိန်း တွေကို လက်မခံခဲ့သင့်တော့ဘူး။ တရုတ်ကိုသွယ်နေတဲ့ သဘာဝဓာတ် ငွေ့ပိုက်လိုင်းမှာ မြန်မာက Shareholder  အနေနဲ့ဆို ခုနစ်ရာခိုင်နှုန်း ကျော်ကျော်လေးနဲ့ လက်ခံလိုက်တာလေ။ မလုပ်သင့်ဘူးပေါ့ဗျာ။ ကိုယ့်နိုင်ငံ အကျိုးအမြတ်ကို ထည့်မတွက်ပဲ လုပ်ချင်သလို လုပ်ခဲ့တယ်ဆိုတာ ပေါ်လွင်နေတယ်။ သဘာဝသယံဇာတပေါပြီး တကယ်အကျိုးခံစားတော့ တခြားနိုင်ငံ ဖြစ်နေတာမျိုးကတော့ နောက်ထပ် မဖြစ်သင့်တော့ဘူး။ ကိုယ့်နိုင်ငံက သဘာဝဓာတ်ငွေ့ ထွက်ပေမယ့် လျှပ်စစ်မီးနဲ့ကား အတွက်တောင် လုံလုံလောက်လောက် မသုံးရသေးဘူး။ စီမံကိန်းတွေကို လက်ခံရင် နိုင်ငံ့အကျိုးတော့ ကြည့်ပါ အရင်လို ကြားပွဲစားနဲ့ ကိုယ်ကျိုး ကြည့်မလုပ်ဖို့ လိုပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။   

ရတနာစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့် ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ                 ရောင်းချခွင့်ရာခိုင်နှုန်း
TOTAL                  ၃၁ .၂၄ ရာခိုင်နှုန်း
MOGE          ၁၅ ရာခိုင်နှုန်း
UNOCAL      ၂၈ .၂၆ ရာခိုင်နှုန်း
PTTEP                  ၂၅ .၅၀ ရာခိုင်နှုန်း

ဘဏ္ဍာရေးနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာရေးနှစ်  ပမာဏ
၂၀၀၆-၂၀၀၇    ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈    ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉   ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀  ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁    ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂    ၃၅၆၃ .၈၀

ရဲတံခွန်စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့် ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ                  ရောင်းချခွင့် ရာခိုင်နှုန်း
PETRONAS ၄၀ .၇၅ ရာခိုင်နှုန်း
MOGE         ၂၀ .၄၅ ရာခိုင်နှုန်း
NIPPON         ၁၉ .၄၀ ရာခိုင်နှုန်း
PTTEP                  ၁၉ .၄၀ ရာခိုင်နှုန်း

ရွှေစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိမည့် ရာခိုင်နှုန်း
ကုမ္ပဏီ                 ရောင်းချခွင့် ရာခိုင်နှုန်း
DAEWOO       ၈၅ ရာခိုင်နှုန်း
MOGE          ၁၅ ရာခိုင်နှုန်း
OVL             ၁၇ ရာခိုင်နှုန်း
GAIL             ၈ .၅ ရာခိုင်နှုန်း
KOGAS                  ၈ .၅ ရာခိုင်နှုန်း

ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု နိုင်ငံအလိုက် ရပ်တည်မှု
နိုင်ငံ   ပမာဏ(ဘီလျံကုဗမီတာ)
ရုရှား   ၁၇၆  ဒသမ ၄၈
နော်ဝေ          ၉၅ ဒသမ ၇၂
ကနေဒါ        ၉၂ ဒသမ ၂၄
နယ်သာလန်    ၄၉ ဒသမ ၆၇
အယ်လ်ဂျီးရီးယား       ၃၁ ဒသမ ၇၇
အမေရိကန်     ၂၉ ဒသမ ၄၆
ကာတာ         ၁၈ ဒသမ ၇၅
တာ့မစ်နစ္စတန် ၁၆ ဒသမ ၇၃
ဥဇဘက်ကစ္စတန်        ၁၅ ဒသမ ၇၀
ဂျာမနီ ၁၂ ဒသမ ၈၀
ဗြိတိန် ၁၂ ဒသမ ၁၇
ကာဇက်စတန်  ၁၀ ဒသမ ၃၀
ဘိုလီးဗီးယား   ၉ ဒသမ ၈၁
အင်ဒိုနီးရှား    ၉ ဒသမ ၆၇
လစ်ဗျား         ၉ ဒသမ ၁၇
မြန်မာ ၈ ဒသမ ၂၉
အဇာဘိုင်ဂျန်   ၇ ဒသမ ၁၉
အီရန်  ၅ ဒသမ ၆၇
အီဂျစ်  ၅ ဒသမ ၅၀
ဒိန်းမတ်        ၄ ဒသမ ၀၁
မိုဇမ်ဘစ်        ၃ ဒသမ ၅၀
ဘယ်လ်ဂျီယမ် ၂ ဒသမ ၅၄
ကိုလံဘီယာ    ၁ ဒသမ ၈၀
မလေးရှား      ၁ ဒသမ ၂၀
စပိန်   ၁ ဒသမ ၀၀
အာဂျင်တီးနား ၀ ဒသမ ၈၈
ပြင်သစ်        ၀ ဒသမ ၈၄
မက္ကဆီကို      ၀ ဒသမ ၇၉
အီတလီ        ၀ ဒသမ ၁၃

ဇောတိကစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့် ရရှိမည့် ရာခိုင်နှုန်း
ကုမ္ပဏီ                  ရောင်းချခွင့်ရာခိုင်နှုန်း
PTTEPI        ၈၅ ရာခိုင်နှုန်း
MOGE          ၁၅ ရာခိုင်နှုန်း

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes