Thursday, 26 April 2012 11:38
0 Comments

ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနသည် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄ နှင့် ၀င်ငွေခွန် စည်းမျဉ်း (၇) တို့အရ အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၂) မှ သဘောတူ ခွင့်ပြုချက် အရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
![]() |
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံး၏ ဆိုင်းဘုတ်အား မြင်ရစဉ် (ဓါတ်ပုံ - Mizzima) |
အဆိုပါ ထုတ်ပြန်ချက်အရ အခြေ ပစ္စည်းမှ မြတ်စွန်းငွေ ခေါင်းစဉ်မှအပ ကျန်ဝင်ငွေ ခေါင်းစဉ်များမှ နိုင်ငံခြားငွေဖြင့် ၀င်ငွေ ရရှိလျှင် ယင်းဝင်ငွေ အပေါ် ၀င်ငွေခွန် စည်းမျဉ်း (၈) ပါ ပြဌာန်းချက်များနှင့်အညီ တွက်ချက်၍ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသား
ဖြစ်ပါက ကျပ်ငွေဖြင့် လည်းကောင်း၊ ပြည်ပနေ နိုင်ငံခြားသား ဖြစ်ပါက ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစား ဖြင့်လည်းကောင်း ၀င်ငွေခွန်ပေး ဆောင်ရမည်။
ဤအမိန့်ကြော်ငြာစာဖြင့် ၁၂၃/၂၀၀၆၊ ၁၂၄/၂၀၀၆၊ ၁၂၅/၂၀၀၆၊ ၁၅၆/၂၁၁၊ ၁၅၇/၂၀၁၁၊ ၄၈/၂၀၁၂၊ ၅၃/၂၀၁၂ တို့ကို ဖျက်သိမ်းကြောင်းလည်း ထုတ်ပြန်ထားပါသည်။ ယခုထုတ်ပြန်သည့် အမိန့် ကြေငြာစာသည် ဧပြီလ (၁) ရက်နေ့မှစပြီး အကျိုးသက်ရောက်မှု ရှိစေရမည် ဖြစ်သည်ဟု သိရှိရပါသည်။
Ref: ရွှေဟင်္သာသတင်းဌာန