Thursday 26 April 2012

စင်ကာပူရောက် မြန်မာများ တရားဝင် ငွေလွှဲနိုင်ပြီ

Singapore_Skylineစင်ကာပူ နိုင်ငံရှိ မြန်မာ အလုပ်သမားများ အနေဖြင့် ဧပြီလ (၂၃) ရက်မှ စတင်၍ မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် ငွေလွှဲနိုင်ပြီ ဖြစ်ကြောင်း သမ၀ါယမ ဘဏ်မှ ထုတ်ပြန် ထားပါသည်။

ငွေလွှဲရာတွင်လည်း တစ်ရက်လျှင် စင်ကာပူနိုင်ငံသုံးငွေ (၃၀၀၀) သာ လွှဲပို့ နိုင်ပါသည်။ ငွေလွှဲ ၀န်ဆောင်ခ နှုန်းမှာလည်း တစ်ကြိမ်လျှင် ပမာဏ မည်မျှပင် လွှဲသည်ဖြစ်စေ အမေရိကန် ဒေါ်လာဖြင့် တွက်ပါက လေးဒေါ်လာ နီးပါးနှင့် ညီမျှသော လွှဲခကို ပေးဆောင် ရပါမည်။ ဤကဲ့သို့ စင်ကာပူမှ ငွေလွှဲခဲ့ပါလျှင် ရန်ကုန်မြို့မှအပ အခြားသော မြို့များသို့ ထပ်မံ ပေးပို့ ရမည့် သူများအတွက် ဆိုပါက ပြည်တွင်း ငွေလွှဲနှုန်း အတိုင်း ၀န်ဆောင်စရိတ် ယူမည်ဟု သမ၀ါယမဘဏ် (CB) ဘဏ်လီမိ တက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က ဆိုပါသည်။

“စီးပွားရေး လုပ်ငန်းကြီးတွေ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းကြီးတွေ ကတော့ ဆွစ်ဖ် SWIFT စနစ်ပြီးမှ လုပ်လို့ရမယ်” ဟု ဦးဖေမြင့်က ဆိုပါသည်။

CB_bank
သမဝါယမဘဏ်၏ ၂၀၁၀-၂၀၁၁ အစုရှယ်ယာရှင်များ အစည်းအဝေးအား မြင်ရစဉ် (ဓါတ်ပုံ - အင်တာနက်)
ဤငွေလွှဲ လုပ်ငန်းကို စင်ကာပူနိုင်ငံမှ All Best Exchange Co.,Ltd ပုဂ္ဂလိက ကုမ္ပဏီနှင့် ပြည်တွင်းရှိ သမ၀ါယမဘဏ် တို့က ချိတ်ဆက်၍ ဆောင်ရွက်ပေးပါသည်။ အလားတူ မလေးရှားရောက် မြန်မာ နိုင်ငံသားများ အတွက်လည်း ဧပြီ လကုန် ပိုင်းတွင် မလေးရှားနိုင်ငံမှ ငွေလွှဲနိုင်ရန် စီစဉ်ထားကြောင်း သမ၀ါယမ ဘဏ်က ဆိုပါသည်။ သမ၀ါယမဘဏ် နိုင်ငံခြားငွေလွှဲပို့ရေး လုပ်ငန်းကို AGD အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်ကလည်း ကြိုးစားခဲ့ပါသည်။သို့သော်မအောင်မြင်ခဲ့ပေ။

 မြန်မာအစိုးရကမူ ၂၀၁၁ နိုဝင်ဘာ ၂၅ ရက်မှစတင်၍ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် အတွက် ပြည်တွင်း ပုဂ္ဂ လိကဘဏ် (၁၁) ခုကို လိုင်စင် ချပေးထား ခဲ့ပါသည်။

Ref:  ရွှေဟင်္သာသတင်းဌာန

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes