Wednesday 25 April 2012

နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည်အချို့ ဆန္ဒပြ

နို့ဖိုး ဒုက္ခသည်စခန်း
ထိုင်းနိုင်ငံ တာ့ခရိုင် အုန်းဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၁၀၀ ကျော်ဟာ ဒီမနက် စခန်းတွင်းမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိပ်ခ်ျစီအာ) ရုံးကို သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၉  ကနေ ၂၀၁၁ အထိ နို့ဖိုးဒုက္ခသည်စခန်းမှာ ၀င်ရောက်ခိုလှုံနေသူတွေကို ခုချိန်ထိ ကုလသမဂ္ဂ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသေးတဲ့အတွက် ဆန္ဒပြပြကြတာလို့ နို့ဖိုးဒုက္ခသည်စခန်း ကော်မတီအတွင်းရေးမှုး စောသူးလေဒိုစိုးက ပြောပါတယ်။

”အဓိက ဒုက္ခသည်ဖြစ်ရေးပဲ၊ လူသစ်က လူဟောင်းဖြစ်ဖို့အတွက်ဘဲ။ သူတို့ကို ယူအန်အိပ်ခ်ျစီအာက လောလောဆယ် အသိအမှတ်မပြုသေးဘူး၊ ပရီ (အကြို) အဆင့်ပဲ ရှိသေးတယ်။ ယူအန်အိပ်ခ်ျစီအာက လောလောဆည် ဘာမှ အဖြေပေးလို့မရသေးဘူး။ အခုလက်ရှိက လူဟောင်းဖြစ်ဖို့ ထိုင်းအာဏာပိုင်လက်ထဲမှာရှိတယ်။”

ဆန္ဒထုတ်ဖော် တောင်းဆိုရာမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရေးသာမက စားနပ်ရိက္ခာ လုံလောက်စွာ ထောက်ပံ့ရေး၊ အနာဂတ်မဲ့နေမှုနဲ့ နိုင်ငံမဲ့ဖြစ်နေမှုတို့ကို ဖြေရှင်းဆောင်ရွက်ပေးရေးနဲ့ ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်အရေးကို ပိုမိုအလေးထား လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။

ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေကို စခန်းက ကုလသမဂ္ဂ တာဝန်ရှိသူတွေက အထက်ကို ပြန်တင်ပြမယ်ဆိုတဲ့အကြောင်း ပြန်လည် ဖြေဆိုခဲ့တယ်လို့ စောသူးလေးဒိုစိုးက ပြောပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်ပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး ကုလသမဂ္ဂက အသိအမှတ်မပြုသေးသူပေါင်း ၆၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

Ref: DVB

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes