Wednesday 19 October 2011

ရေဘေးကြောင့် အလုပ်သမားထောင်ပေါင်းစွာ အလုပ်လက်မဲ့ဖြစ်


ဒေသ ၂၀ မှာရှိတဲ့ စက်ရုံများနှင့် လုပ်ငန်းများ စုစုပေါင်း ၁၄၁၇၂ ခု ရေဘေးသင့်မှုကြောင့် အလုပ်သမားပေါင်း ၆၆၃၂၁၈ ဦးတို့ ဆိုးရွားစွာထိခိုက်ကြရကြောင်း အလုပ်သမားကာကွယ် စောင့်ရှောက်ရေးနှင့် ဖွင့်ဖြိုးရေးဌာန၏ ညွှန်ကြားရေးမှုး Arthit Isamo က မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ 

ပထုမ်ဌာနီမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ရေဘေးကြောင့် စက်ရုံပေါင်း ၃၃၂၆ ခု ပိတ်ခဲ့ရပြီး အလုပ်သမားပေါင်း ၂၁၈၄၇၄ ဦး အလုပ်လက်မဲဖြစ်ခဲ့ရကြောင်း မနေ့ နေ့လည်ပိုင်းက ထုတ်ပြန်တဲ့ ၎င်းရဲ့ အစီရင်ခံစားထဲမှာ ဖေါ်ပြထားပါတယ်။ န၀ နခွန် စက်မှုဇုန်မှာဖြစ်ပွားခဲ့တဲ့ ရေဘေးဟာလည်း လုပ်ငန်းပေါင်း ၂၂၇ ခုကို ရပ်ဆိုင်းခဲ့ရတဲ့အတွက်ကြောင့် အလုပ်သမားပေါင်း ၁၇၅၀၀၀ ကိုထိခိုက်စေခဲ့ကြောင်း ၎င်းကပြောပါတယ်။ သူ့အနေနဲ့ ပထုမ်ဌာနီ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် ဖွင့်ဖြိုးရေးဝန်ထမ်းများအား အလုပ်သမားတွေ သူတို့အလုပ်တွေပိတ်ထားရချိန်မှာ တခြားထူထောင်ရေးလုပ်ငန်းတွေနှင့်ဖြည့်ဆည်းပေးဖို့ ညွှန်ကြားထား ကြောင်း ပြောပါတယ်။ 

အယုဒ္ဓယနယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့် ဖွင့်ဖြိုးရေးရုံး၏တင်ပြချက်အရ ဗန်ဘာအင်းနှင့် ရိုဂျန နယ်မှာရှိတဲ့ ထူထောင်ရေးလုပ်ငန်း ၃၀ အနက် ၁၅ ခုမှာရှိတဲ့ အလုပ်သမားတွေကို အကူအညီအပြည့်အ၀ပေးပြီးဖြစ်ကြောင်းနှင့် တခြား ၁၄ ခုမှာလဲ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်းကို လတစ်လရဲ့ လစာတစ်ဝက်ပေးပြီးသောသူများကို ထုတ်ပေးပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသွားပါတယ်။ 

ရေဘေးသင့်ပြီး ၅ ရက် ၆ ရက်အကြာ ပထုမ်ဌာနီနယ်ရဲ့အခြေအနေတွေနှင့် တွက်ဆကြည့်ရင် အယုဒ္ဓယနယ်ဟာ အလုပ်သမားပေါင်း ၁၀၀၀၀၀ သူတို့အလုပ်တွေပိတ်ခဲ့ရနိုင်တယ်လို့တွက်ဆကြည့်နိုင်ကြောင်း ၎င်းကပြောပါတယ်။ 

မောင်ရွယ်ရောက်
Source: The Nation

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes