Wednesday 19 October 2011

အကျဉ်းစံ

လရောင်အောက်မှာနေ...

လကိုလေ မမြင်ရ...

ငါ ဘယ်ရောက်နေတာလဲ....။

ပါဝင်ခွင့်မရတဲ့ လောကမှာ...

သတိရရုံလေးပါပဲ.....။ 

မင်းကိုနိုင်

ဒီကဗျာဟာ ကိုမင်းကိုနို်င်ရဲ့ ၂၀၁၁ ခုနှစ် ၄၉  နှင့်ပြည့်မွေးနေ့မှာ သူနှင့် အခန်းချင်းကပ် နံရံခြား လေးနှစ်အတူနေ သူငယ်ချင်းဖြစ်ခဲ့ရတဲ့ ကိုဇာဂနာက သူ့သူငယ်ချင်း ကိုယ်တိုင်ရေးခဲ့တဲ့ ဒီကဗျာကို ရွတ်ဖတ်ခဲ့ပြီး မင်းကိုနိုင်ဘယ်လိုလူစားလဲလို့ ပြသခဲ့ပါတယ်...
ဒီကဗျာကို ဖတ်ရင်း ကိုဇာဂနာရဲ့ကဗျာရွတ်သံကိုနားထောင်ရင်း
ကာဗျာစပ်
စာဖတ်
သီချင်းလေးပင် တဆပ်ဆပ်ငြီးတတ်တဲ့
နူးညံ့တဲ့နှစ်လုံးသားတစ်စုံကို
ဘာအတွက်များ အကျဉ်းချထားရသလဲလို့
မေးခွန်းတွေထွက်ကျလာခဲ့တယ်.....။
တစ်ချိန်တည်းမှာဘဲ ကဗျာရဲ့ခေါ်ဆောင်ရာ
ကဗျာရှင်ရဲ့ရင်ဆီကို ကျွန်တော် ချဉ်းကပ်ထိုးဖေါက်
အလည်ရောက်ခဲ့တယ်....
အပြန်ခရီးမှာတော့ ခေါင်းငိုက်စိုက်ချရင်း မေးနေမိတဲ့မေးခွန်းတစ်ခုက
“ဘာအတွက်များ အကျဉ်းချထားရက်ကြသလဲ”.....

တကယ်တော့ ကိုမင်းကိုနိုင်ရဲ့ ဒီကဗျာမှာ ခေါင်းစဉ်ပါမလာပါဘူး ကိုဇာဂနာကလဲ ခေါင်းစဉ်ထည့်ပြောမသွားပါဘူး...။
ဒါနဲ့ဘဲ ကဗျာရှင်ကိုရုပ်လုံးပေါ်စေမယ့် “အကျဉ်းစံ” ဆိုတဲ့ ခေါင်းစဉ်လေးကို ကျွန်တော်ပေးလိုက်မိပါတယ်။ 
ကဗျာရှင်ကို စော်ကားမိရင် ဒါမှမဟုတ် တိုတောင်းလှတဲ့ဒီကဗျာရဲ့ ရှည်လျားလှတဲ့ စိတ်ဝိညာဉ်နောက် ကျွန်တော့်ခေါင်းစဉ်က ထပ်ချပ်မကွာ မလိုက်ပါနိုင်ဘူးဆိုလျင် ခွင့်လွှတ်ရန် ကဗျာရှင်ကို အထူးမေတ္တာရပ်ခံပါသည်။

ကိုမင်းကိုနိုင် အကျဉ်းစံဘ၀မှ အမြန်ဆုံးလွတ်မြောက်ပါစေ...။
မေတ္တာဖြင့်
မောင်ရွယ်ရောက်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes