Friday 21 October 2011

ပခုက္ကူ ရေဘေး ၅၈ ဦးသေ၊ ၃၂၀ ပျောက်ဆုံး

ချင်းမိုင်(မဇ္စျိမ) ။       ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘက် ရွှေချောင်းချောင်း ထဲ မျောပါ သေဆုံးသူမှာ သောကြာနေ့ မွန်းတည့်ချိန်အထိ  ၅၈ ဦးအထိ ရှိသွားပြီဖြစ်ကာ လူ ၃၂၀ ပျောက်ဆုံး
နေဆဲ ဖြစ်သည်ဟု အစိုးရအရာရှိများက ပြောသည်။

မိုးရွာသွန်းမှုကြောင့် ရွှေချောင်းနံဘေးမှ ကွက်သစ် ခေါ် ကျူးကျော်ရပ်ကွက်ဟု ခေါ်တွင်သည့်ဒေသမှ  အိမ်ခြေ အနည်းဆုံး ၅၀၀ ခန့် ချောင်းထဲ မျောပါသွားခဲ့သည်။ ပျောက်ဆုံးနေသူပေါင်း ၃၂၀ ကျော်ရှိနေသေးသည်ဟု ပခုက္ကူ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က မဇ္ဈိမသတင်းထောက်ကို ပြောသည်။

“ချောင်းရိုးတလျှောက်က အိမ်ခြေတွေက တချို့နေရာတွေမှာ ကိုက် ၄၀၀၊ ၅၀၀ လောက် မြေကြီးပြိုသွားတာ။ ၁၅ ပေ၊ ၂၀ လောက် မြေက နိမ့်ပြီးတော့ ရေတိုက်စားပြီးတော့ အိမ်တွေ ပြိုသွားတာ။ အားလုံးပေါင်း အိမ်က ၅၀၀ လောက်က ပါသွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

pakhukuu2
ရေစီးဒဏ်ကြောင့် ကျိုးပျက်သွားသည့် ပခုက္ကူမြို့ အရှေ့ဘက် ပခုက္ကူ-မန္တလေး ကားလမ်းပေါ်ရှိ ရွှေချောင်း ချောင်းကူး ကွန်ကရစ်တံတားကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ ) ရွှေချောင်း တံတားကျိုးပျက်မှုကြောင့် ပခုက္ကူ-မန္တလေး သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုရန် တံတား၏ မြောက်ဘက်ရှိ သဲချောင်းကူး လမ်းဟောင်းတနေရာကို ယန္တရားများအသုံးပြု ရှင်းလင်းခဲ့ရာ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။ ရေနှင့် မျောပါသွားရာက အနည်းဆုံး လူ ၅၈ ဦး သေဆုံးခဲ့သည်။
ကျိုးပျက်သွားသည့် ရွှေချောင်း ချောင်းကူး ကွန်ကရစ်တံတား :: ရေတိုက်စားမှုကြောင့် ကျိုးပျက်သွားသည့် ပခုက္ကူမြို့ အရှေ့ဘက် ပခုက္ကူ-မန္တလေး ကားလမ်းပေါ်ရှိ ရွှေချောင်း ချောင်းကူး ကွန်ကရစ်တံတားကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ ) ပခုက္ကူမြို့အရှေ့ဘက်မှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် ရွှေချောင်း ချောင်းတလျှောက် အောက်တိုဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းက ရေအဟုန်ပြင်းစွာ စီးဆင်းခဲ့မှုကြောင့် ရွှေချောင်း ချောင်းကူးတံတား ကျိုးပျက်ကာ ပခုက္ကူ-မန္တလေး သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ပြတ်တောက် သွားခဲ့သည်။ ရေနှင့် မျောပါသွားရာက အနည်းဆုံး လူ ၅၈ ဦး သေဆုံးခဲ့သည်။ နေအိမ် နေရာဟောင်းတွင် ရွှေ၊ ငွေ ပစ္စည်း ရှာဖွေနေသူ :: ရေစီးနှင့် အတူပါသွားသည့် နေအိမ် နေရာဟောင်းတွင် ရွှေ၊ ငွေ ပစ္စည်း ရှာဖွေနေသူ တဦးကို  ပခုက္ကူမြို့ အရှေ့ဘက် ရွှေချောင်း အတွင်း သောကြာနေ့က အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ ) အောက်တိုဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းက စီးဆင်းခဲ့သည့် ရေကြောင့် ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်နှင့် (၂) ရပ်ကွက် တို့ရှိ ရွှေချောင်း ချောင်းကမ်းပါး အနီးတဝိုက် နေအိမ် နှစ်ရာထက်မနည်း ရာနှုန်းပြည့် ပျက်စီးခဲ့သည်။ ရေနှင့် မျောပါသွားရာက အနည်းဆုံး လူ ၅၈ ဦး သေဆုံးခဲ့သည်။ နေအိမ်ပျက်ရှေ့တွင် ထိုင်နေသည့် အမျိုးသမီး :: ရေစီးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်ပျက်ရှေ့တွင် ထိုင်နေသည့် အမျိုးသမီး တဦးကို  ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် အတွင်း သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) အောက်တိုဘာလ ၂ဝ ရက်နေ့ နံနက်ပိုင်းက အဟုန်ပြင်းစွာ စီးဆင်းခဲ့သည့် ရေကြောင့် ရွှေချောင်းတလျှောက် မျောပါ ပျောက်ဆုံးနေသူများအနက် အောက်တိုဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် မည်သူမည်ဝါဟု ခွဲခြားနိုင်သည့် ကျား၊မ အလောင်းပေါင်း ၆ဝ နီးပါး ရှိကြောင်း တရားဝင် စာရင်းဇယားများအရ သိရပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် ဆွေမျိုးသားချင်းတစု :: သဲများ အပြည့်ဖုံးအုပ်သွားခဲ့သည့် နေအိမ် နေရာဟောင်းတခုတွင် ပျောက်ဆုံးနေသူများနှင့် ပစ္စည်းများ ရှာဖွေနေသည့် ဆွေမျိုးသားချင်းတစုနှင့် ဝိုင်းအုံကြည့်ရှုနေသူများကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် ရွှေချောင်း အနီး တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ ) ရွှေချောင်း တလျှောက်ရှိ အချို့နေရာများတွင် ကိုက် ၃ဝဝ ခန့်အကျယ် အနက် ၁၅ ပေမှ ပေ ၂ဝ ခန့် မြေလွှာနိမ့်ကျသည် အထိ ရေတိုက်စားမှု ရှိသကဲ့သို့ အချို့မြေနိမ့် နေရာများတွင် ၁၅ ပေခန့် အမြင့်အထိ သဲများ ဖုံးအုပ် မြေမျက်နှာပြင် မြင့်တက်သွားခဲ့သည်။ သဲချောင်းကူးလမ်းတခု ယန္တရားများ အသုံးပြု တည်ဆောက် :: ရွှေချောင်း တံတားအစား ပခုက္ကူ-မန္တလေး သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲရန် သဲချောင်းကူးလမ်းတခု ယန္တရားများ အသုံးပြု တည်ဆောက်နေသည်ကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် ရွှေချောင်း အနီး တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ရွှေချောင်းတံတားမှာ ၁ဝ ဘီး၊ ၁၂ ဘီး ယာဉ်များ ဖြတ်သန်းခွင့် မရှိသဖြင့် ယင်းသဲချောင်းကူး လမ်းနေရာတွင် ယခင်က ယာဉ်ကြီးများ သွားလာခဲ့ပြီး အောက်တိုဘာ ၂ဝ ရက်နေ့ ရေစီးဒဏ်ကြောင့် သဲများ ဖုံးအုပ်သွားသဖြင့် ပြန်လည် ဖောက်လုပ်ခဲ့ရခြင်းဖြစ်သည်။

ရေဘေး ဒုက္ခသည်များ အတွက် ပခုက္ကူမြို့တွင် တိလောကရာမ၊ မိုးကုတ်ကျောင်း၊ မသတောင်၊ ကျောက်မီး
ကျောင်း စသည့် ဘုန်းကြီးကျောင်း လေးကျောင်းတွင် ဖွင့်လှစ်ထားသည်။

ယင်းအပြင် ပခုက္ကူမှ မန္တလေးမြို့ဘက်ထွက်ခွာရာတွင် အဓိကဖြစ်သည့် ရွှေချောင်းချောင်း ကွန်ကရက် တံတား မှာလည်း ကျိုးပြတ်သွားသဖြင့် ခရီးသည်တင်ကားများ သွားလာမှု ရပ်ဆိုင်းထားရသည်ဟု ဒေသခံများထံမှ သိရ သည်။ ပခုက္ကူမြို့ မီးသတ်တပ်ဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက အရေးပေါ်လမ်းတခု ဖောက်လုပ်လျက်ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

ပေါက်မြို့နယ်  ယောချောင်းဘေးရှိသော ရွာများဖြစ်သည့် မြစ်ဖျား ၊ ပျဉ်းကျောင်း၊ ကျောင်းကုန်း၊ နသာ၊ကျွန်ပင်း၊ မီးချောင်းတွင် ၊ လေးတိုင်း၊ လှည်သာ၊ ကမွန်းထောင့်၊ သဖန်းထောင့် ၊စညောင်း၊ ဒဲ့ဖျား ၊ လျည်းကျ ၊ ကျကွဲ။ အရှေ့ကဖြူ ၊အနောက်ကဖြူ ၊ တောင်ဘလူ၊ ရမာ ၊ ကျခန်း ကျေးရွာများ ရေဘေးသင့်ခဲ့သည်ဟု ဆိုသည်။

ကြာသပတေးနေ့ညနေပိုင်းက ပခုက္ကူမြို့ပေါ် ရပ်ကွက်ထဲတွင်  မုန်းတိုင်းအဖျားခတ်လိမ့်မည်ဟု ပခုက္ကူမြို့ ရပ်ကွက်အာဏာပိုင်များက သတိထားကြရန် သတိကြေငြာခဲ့သေးသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes