Saturday 22 October 2011

ဗိုလ်ချုပ်အောင်ဆန်းပုံကို ရုံးတွေမှာ ချိတ်လို့မရ

ဗိုလ်ချုပ်အောင်ဆန်း

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ဆွဲခွင့် ရှိမရှိဆိုတာကို လွှတ်တော်အမတ်တစ်ဦးက အစိုးရကို မေးမြန်းရာမှာ သမ္မတရုံးဝန်ကြီးက လက်ရှိနိုင်ငံတော်အကြီးအကဲပုံသာ ချိတ်ဆွဲခွင့်ပြုတယ်လို့ ပြန်ဖြေကြားပါတယ်။



ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက သောကြာနေ့က ပြည်သူ့လွှတ်တော်အတွင်းမှာ အစိုးရကို မေးမြန်းခဲ့တာပါ။ 



သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ကတော့ လက်ရှိနိုင်ငံတော်အကြီးအကဲပုံသာ ခွင့်ပြုထားပြီး အရင်ခေါင်းဆောင်တွေပုံကို ခွင့်ပြုမထားဘူလို့ ပြန်ဖြေတာကြားရခဲ့ကြောင်း လွှတ်တော်တက်ခဲ့သူ တခြားပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးသိန်းညွန့်က ဘီဘီစီကို ပြန်ပြောပြပါတယ်။ 



မေးမြန်းသူ ဦးထွန်းမြင့်ဦးဟာ အရင်က အထွေထွေအုပ်ချုပ်ရေးက အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်လောက်ထိ သူတို့ရုံးမှာ ဗိုလ်ချုပ်ပုံကို ချိတ်ခဲ့တယ်လို့ ပြောပြကြောင်း သိရပါတယ်။ 
Ref: BBC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes