Monday 4 June 2012

နျူကလီးယားအစီအစဉ် စွန့်ပစ်လိုက်ပြီလို့ မြန်မာပြော

မြန်မာနိုင်ငံမှာ ​နျူကလီးယားအစီအစဉ်တွေအားလုံး ​စွန့်ပစ်လိုက်ပြီလို့ ​ကာကွယ်ရေးဝန်ကြီး ​ဒုဗိုလ်ချုပ်ကြီး ​လှမင်းက ​ပြောလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ​ပြုလုပ်တဲ့ ​အာရှလုံခြုံရေးဆိုင်ရာ ​ညီလာခံမှာ ​ပြောသွားခဲ့တာဖြစ်ပါတယ်။
အရင်အစိုးရလက်ထက်တုန်းက ​ငြိမ်းချမ်းတဲ့နည်းနဲ့ ​နျူကလီးယားစွမ်းအင်သုံးစွဲနိုင်အောင် ​သုသေသနတွေ ​လုပ်ခဲ့ပေမယ့် ​လက်ရှိအစိုးရခေတ်မှာတော့ ​နျူကလီးယားအစီအစဉ်အားလုံးကို ​စွန့်ပစ်လိုက်ပြီလို့ ​ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ​မြောက်ကိုးရီးယားနိုင်ငံနဲ့ ​ပူးပေါင်းပြီး ​နျူကလီးယားအစီအစဉ်တွေရှိနေတယ်ဆိုတာကို ​အရင် ​အစိုးရက ​ငြင်းဆန်ခဲ့ပြီး ​နောက်ပိုင်းမှာတော့ ​နျူကလီးယားနဲ့ပတ်သက်ပြီး ​သူသေသနလုပ်တဲ့အဆင့်သာရှိခဲ့ပြီး ​နျူကလီးယားလက်နက်ထုတ်ဖို့ ​မကြိုးစားဘူးလို့ ​နောက်ပိုင်းမှာ ​ပြန်ပြောင်းထွက်ဆိုခဲ့ပါတယ်။

မြောက်ကိုးရီးယားနဲ့ ​ထားရှိတဲ့ဆက်ဆံရေးကိုလည်း ​တချို့နိုင်ငံက ​စိုးရိမ်မကင်းဖြစ်နေတဲ့အတွက် ​မြန်မာနဲ့ ​မြောက်ကိုးရီးယားဆက်ဆံရေးကိုလည်း ​ပွင့်လင်းမြင်သာမူရှိအောင် ​လုပ်ဆောင်သွားမယ်လို့လဲ ​ပြောသွားခဲ့ပါတယ်။

  Ref: Radio Australia

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes