Tuesday 5 June 2012

ကလေးဝမြို့နှင့်ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာ အနီးတွင် ရေနံမှော်အသစ်ပေါ်

ကလေးဝမြို့နှင့် ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာအနီးတွင် မတ်လဆန်းပိုင်းမှ စတင်ကာ ရေနံမှော်အသစ်ပေါ်နေကြောင်း သိရသည်။ကလေး-ကလေးဝကားလမ်းဘေးရှိ ပိတောက်စိုက်ခင်း၊ သစ်တောကြိုးဝိုင်းအနီးတွင်တည်ရှိကာ လာရောက်တူးဖော်သူများဖြင့် စည်ကားနေကြောင်း သိရသည်။

( မှော်ကတော့ မတ်လဆန်းပိုင်းလောက်က စပေါ်တာပါ။ ကျွန်တော်တို့ကတော့ဒီမေလထဲကမှ ရောက်ခဲ့တယ်။ ပေါ်ကာစကတော့ အတောင်ရေ တစ်ရာအောက်လောက်နဲ့လည်းဆီတွေ့ကြတယ်။ ဒါပေမယ့် ကျင်းကရေရှည်မခံဘူးလေ။
 
 ဒီတော့ကျင်းနက်နက်လိုက်ကြတယ်။ ခုတော့ အနည်းဆုံးတောင်ရေ ၂၅၀ ကနေ ၃၅၀ လောက်ထိလိုက်ကြတာတွေ့ရတယ်။ ပေါက်နေတဲ့ ကျင်းတွေထဲမှာတော့ တစ်ရက်ကို ပေပါ ၆
လုံးရနေတဲ့ကျင်းက တစ်ကျင်းရှိတယ်။ ကျန်တဲ့ ကျင်းတွေလည်းအနည်းအများခပ်နေကြရတာပါပဲ။ မနေ့ကပဲ အတောင် ၂၈၀ နဲ့ တစ်ရက်ကိုနှစ်လုံးလောက်ခပ်ရမယ့် ကျင်းတစ်ကျင်းပေါက်သွားတယ် ) ဟု
မှော်သားတစ်ဦးမှပြောပြခဲ့သည်။

ရေနံမှော်တွင် လက်ရှိ ကျင်းပေါင်း ၁၀၀ ခန့် တူးဖော်နေကြပြီးကလေးဝမြို့နယ်နှင့် ကလေးမြို့နယ်အတွင်းမှ လာရောက်တူးဖော်နေကြပြီးအများစုမှ ရေနံလုပ်ငန်းလုပ်ကိုင်နေကြသူများဖြစ်ပြီး အခြားမှော်များမှ
ရွှေ့ပြောင်းလားကြသူများဖြစ်သည်။
 
 ရေနံဈေးနှုန်းမှာ တစ်ပေပါလျှင် ကျပ်တစ်သိန်းတစ်သောင်းဈေး ပေါက်နေပြီး မှော်အမည်ကို ခုနစ်မိုင်မှော်ဟုယာယီပေးထားကြကြောင်းသိရပါသည်။

မှော်တည်ရှိရာမှာ မြစ်သာမြစ်နှင့်တစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင်ဖြစ်ပြီး နွေရာသီ ရေရှားပါးမှုကြောင့်
 မှော်သားများမှာကျင်းအတွက်သုံးရေနှင့်လူသုံးရေ၊ချိုးရေတို့ကို မြစ်အတွင်းသို့သွားရောက်သယ်ယူကြရသည် ဟု သိရသည်။

( ဒီမှာက ရေပဲရှားတယ်။ တောင်ကျချောင်းရေကလည်း သိပ်မရှိတော့မြစ်ထဲသွားခပ်ရတယ်။ ဆိုင်ကယ်နဲ့သွားရတာပေါ့။ နောက် ကျင်းတွေမှာစက်မောင်းဖို့နဲ့ ရေထုပ်လုပ်ဖို့အတွက်လည်း ရေက မရှိမဖြစ်လိုနေတော့တစ်ရက်ကို မြစ်ထဲ လေးငါးခေါက်ဆင်းနေရတယ် ) ဟု မှော်သားတစ်ဦးမှပြောခဲ့သည်။

လနဲ့မြ - မြန်မာပို့ စ် ဂျာနယ် 
Ref: MNN

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes