Wednesday 6 June 2012

ထိုင်းအစိုးရဌာန ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး ကော်မတီမှ နိုင်ငံသားစီစစ်ရေး (ပတ်စ်ပို့ပြုလုပ်ရန် ဘတ်ဆက်ခြင်း)လုပ်ငန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့အထိအချိန်တိုးမြင့်ပေး သဘောတူခြင်း

   ထိုင်းအစိုးရဌာနမှ ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲရေး ကော်မတီသည် နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်ကို ဒီဇင်ဘာ၁၄ ရက်အထိ အချိန်တိုးမြင့်ပေးရန်ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီးများအစည်းအဝေးသို့ ရက်သတ္တ ၂ ပတ် အတွင်း တင်ပြမည်ဖြစ်သည် 
   ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး 
နိုင်ဖဒင်ချိုင် စာစုမီစမ်က မြန်မာ လော ကမ်ပူးချား နိုင်ငံသားတို့၏ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်ကို ဇွန်လ ၁၄ က်နေ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ အချိန်တိုးမြင့်ရန်ကော်မတီအစည်းအဝေးက သဘောတူဆုံးဖြတ်    ကြောင်းနှင့် ၄င်းကို ရက်သတ္တ ၂ ပတ်အတွင်းဝန်ကြီးများအစည်းအဝေးသို့ တင်သွင်းသွားမည် ဟုပြောကြားခဲ့သည် ထို့အပြင် ထိုအစည်းအဝေးက အလုပ်သမားဝန်ကြီးဌာနအတွင်းဝန် နိုင် စုမ်ကီယတ် ချာယာ့စီဝုမ် ဥက္ကဋ္ဌ့အဖြင့်ပါဝင်သော ရွှေ့ပြောင်းအလုပ်သမားများ လူမှုဖူလုံရေးခံစားခွင့်ရရှိရန်  အချက်လက်  လေ့လာပြင်ဆင်ရေးလုပ်ငန်းဆပ်ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်သည် အလုပ်သမားဝန်ကြီး ဌာန အတွင်းဝန်က ပြောရာတွင် ယခုဖွဲ့စည်းလိုက်သော လုပ်ငန်းကော်မတီသည် မှတ်ပုံတင်ထားသော (ပန်း
ရောင်ဘတ်လုပ်ထားသော) အလုပ်သမားများအပါဝင် နိုင်ငံသားစီစစ်ပြီးသော အလုပ်သမားများအတွက် လူမှု  ဖူလုံရေး အာမခံရန်ပုံငွေသို့ ဝင်ရောက်နိုင်ရန်နှင့်  လက်ရှိသတ်မှတ်ထားသော ခံစားခွင့် ၇ မျိုး ဥပမာ  မတော်တဆထိခိုက်ခြင်း ဖျားနာခြင်း မီးဖွါးခြင်း အငြိမ်းစားယူခြင်း စသည်တို့အထဲမှ သင့်တော်သော ခံစားခွင့်မျိုးရရှိရန် မည်သို့ပြုလုပ်သင့်သည် သို့မဟုတ် အခြားမည်သည့်ပုံစံမျိုးနှင့် ပြုလုပ်သင့်သည်တို့်ကို 
အချက်လက်ပြုစုပြီး ၇ လအတွင်း အပြီးသတ်လုပ်ဆောင်သွားမည်ဟုပြောကြားခဲ့သည်။

  သတင်းအချက်အလက်ကို ထိုင်သတင်းထုတ်ပြန်ရေးဌာန
http;//thainews.prd.go.th  ထုတ်ပြန်ချက်အတိုင်းဘာသာပြန်ထားပါသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes