Tuesday 5 June 2012

ဒီကနေ့ကစပြီး ၂၄ နာရီ ပတ်လုံး မီးရမယ်

ဒီကနေ့ကစပြီး ​မြန်မာတစ်နိုင်ငံလုံးမှာ ​၂၄ ​နာရီပတ်လုံး ​လျှပ်စစ်မီး ​ရရှိမယ်လို့ ​အမှတ် ​၂ ​လျှပ်စစ်စွမ်းအားဝန်ကြီးဌါနက ​ဇွန်လ ​၄ ​ရက်နေ့ ​ညနေက  ​ပြောပါတယ်။
ရွှေလီ ​ရေအားဓါတ်အားပေးစက်ရုံက ​လျှပ်စစ်ဓါတ်အားတွေ  ​ထုတ်လုပ်နိုင်မှုပိုလာတဲ့အတွက် ​ကြောင့် ​လျှပ်စစ်ဓာတ်အား ​ပုံမှန်ပေးနိုင်တာလို့ ​ပြောပါတယ် ​။

ပြီးခဲ့တဲ့  ​ဇွန်လ ​၂ ​ရက်နေ့ကတည်းက ​ရန်ကုန်နဲ့ ​မန္တလေးမြို့တွေမှာ  ​လျှပ်စစ်ကို ​ပိုပေးခဲ့တယ်လို့လဲ ​သိရပါတယ်။

လျှပ်စစ်မီးလုံလုံ ​လောက်လောက် ​မရရှိတဲ့ ​အတွက်  ​မေလက ​မြန်မာတစ်နိုင်ငံလုံး ​အနှံ့မှာ ​ဖယောင်းတိုင်တွေ ​ထွန်းပြီးတော့ ​ဆန္ဒပြပွဲတွေ ​ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ​ခုအခါမှာ ​ဆန္ဒပြမူကို ​အဆုံးသပ်လိုက်ပြီလို့လဲ ​သိရပါတယ်။

ကချင်လွှတ်မြောက်ရေးတပ် ​ကေအိုင်အေက ​မဟာဓာတ်အားလိုင်းတွေကို ​ဖျက်ဆီးတဲ့အတွက် ​လျှပ်စစ်ဓာတ်အားမလုံလောက်မူ ​ဖြစ်ခဲ့ရတယ်လို့ ​ပြောခဲ့ပြီးနောက် ​ရွှေလီ-မန်စံ ​၂၃၀ ​ကေဗွီအေ ​မဟာဓါတ်အားလိုင်း ​ကို ​ဇွန်လ ​၁ရက်နေ့က ​ပြုပြင်ပြီးစီးခဲ့တယ်လို့လည်း ​ အမှတ် ​၂ ​လျှပ်စစ်စွမ်းအား ​၀န်ကြီးဌါနက ​ထုတ်ပြန်ခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​ဘုတ်ဘုတ်က ​သတင်းပေးပို့ခဲ့ပါတယ်။

  Ref: Radio Australia

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes