Thursday 7 June 2012

လွှတ်တော်မှာ စစ်သားလျော့ချမှာကို ဒေါ်စု ကြိုဆို

မြန်မာနိုင်ငံမှာ ​သင့်တော်တဲ့ ​အခြေအနေတစ်ခုကို ​ရောက်ရင် ​လွှတ်တော်မှာ ​တပ်မတော်သားပါဝင်မှုကို ​လျှော့ချပေး ​သွားနိုင်ခြေ ​ရှိတယ်လို့ ​စင်္ကာပူနိုင်ငံမှာပြောကြားသွားတဲ့ ​ကာကွယ်ရေးဝန်ကြီး ​ဗိုလ်ချုပ်ကြီးလှမင်းရဲ့ပြောကြားချက်ကို ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ​ကြိုဆိုကြောင်း ​ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီးလှမင်းနဲ့ ​ညစာအတူစားပြီး ​ဒီကိစ္စကိုဆွေးနွေးလိုပြီး ​တပ်မတော်နဲ့အတူ ​လက်တွဲပြီး ​နိုင်ငံ့အတွက် ​အလုပ်လုပ်လိုကြောင်းလဲ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

"ဦးလှမင်းကို ​စကားကမ်းလှမ်းလိုက်ချင်တယ်။ ​ထမင်းဖိတ်ကျွေးပြီး ​အဲဒါလေးကို ​ဆွေးနွေးလိုက်ကြရအောင်ပါ။ဘာပဲဖြစ်ဖြစ် ​ကျမ ​တပ်မတော် ​နှင့် ​ခင်ခင်မင်မင် ​ရင်းရင်းနှီးနှီး ​နေချင်ပါတယ်။ဘာလို့လဲဆိုတော့ ​ကျမ ​ထူးထူးထွေထွေ ​ပြောနေစရာမလိုပါဘူး။ ​အားလုံးကလည်း ​သိပြီးသားပါ။  ​တပ်မတော်ကို  ​ကျမဖေဖေ ​ထူထောင်ခဲ့တာ ​ဖြစ်ပါတယ်။ခဏခဏပြောနေတဲ့ကိစ္စ ​ဖြစ်ပါတယ်။ ​ကျမ ​မွေးကတည်းက ​တပ်မတော်သားတွေ ​ကြားထဲမှာ ​မွေးလာတော့ ​တပ်မတော်သားတွေ ​ကြားထဲမှာ ​ကြီးပြင်းလာတာမို့လို့ ​အစကတည်းက ​ခင်မင်တဲ့ ​စိတ်ရှိပါတယ်။ကြီးလာတော့လည်း ​ပြောမသွားပါဘူး။အမြစ်တွယ်ပြီးသားပါ ​။ဒါကြောင့်မို့လို့ ​ဒါကြောင့် ​တပ်မတော်နဲ့ ​အမြဲပဲ ​လက်တွဲပြီးတော့ ​လုပ်ချင်တယ်။ကျမတို့ ​တပ်မတော်အတွက်ကော ​ကျမတို့ ​နိုင်ငံအတွက်ကော ​ကျမတို့ ​နိုင်ငံရေးသမားတွေအတွက်ကော ​သိက္ခာ ​ရှိတဲ့ ​ခြေလှမ်းတွေကို ​အတူတူ ​လက်တွဲပြီးတော့ ​လှမ်းချင်ပါတယ်။အဲဒီလို ​ဗိုလ်ချုပ်ပြီး ​လှမင်းကပြောတယ် ​ဆိုတော့ ​ကျမ ​အင်မတန်မှ ​သဘောကျပါတယ်။အားရပါတယ်။တပ်မတော်ဟာ ​အစဉ်အမြဲ ​ရနေတဲ့ ​အခွင့်အရေး ​တွေကို ​ထိန်းသိမ်းထားချင်တဲ့ ​တပ်မတော်မျိုး ​မဟုတ်ဘူး။နိုင်ငံနဲ့ ​သင့်တော်တဲ့ ​အခြေအနေတစ်ခုကို ​ဖန်တီးဖို့ ​လိုလားတဲ့ ​တပ်မတော် ​ဆိုတာကို ​ပြလိုက်တဲ့ ​အတွက် ​ကျမအနေနဲ့ ​အများကြီး ​ကြိုဆိုပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ထိုင်းနိုင်ငံ ​ခရီးစဉ်တစ်ချို့ ​ကြောင့် ​သမ္မတဦးသိန်းစိန်က ​စိတ်မကောင်းဖြစ်ပြီး ​ထိုင်းနိုင်ငံ ​ခရီးစဉ်ကိုဖျက်သိမ်းတာဖြစ်နိုင်တယ်ဆိုတဲ့ ​ရေးသားမှုတွေနဲ့ ​ပတ်သက်ပြီး ​မေးမြန်းတဲ့အခါ ​ဒေါ်အောင်ဆန်းစုကြည်က ​သူ့အနေနဲ့ ​မြန်မာနိုင်ငံက ​မည်သူ ​တစ်ဦး ​တစ်ယောက်ကိုမှ ​စိတ်ကွက်စေတဲ့ကိစ္စမျိုး ​မလုပ်ခဲ့တဲ့အကြောင်း၊ ​သူ့အနေနဲ့ ​ မြန်မာနိုင်ငံသား ​ရွေ့ပြောင်းလုပ်သားများနဲ့ ​နယ်စပ်ကဒုက္ခသည်တွေကို ​သွားရောက်တွေ့ဆုံတာဖြစ်ပြီး ​ရွေ့ပြောင်းလုပ်သားတွေ ​အတွက် ​တာဝန်ရှိ ​သူတွေနဲ့ ​တွေ့ဆုံ
ဆွေးနွေးခဲ့တာဟာလည်း ​နှစ်ဦးနှစ်ဘက် ​အကျိုးရှိဖို့ ​ကိစ္စ ​ဖြစ်ကြောင်း၊ဒီလို ​တွေ့ဆုံမှုတွေ ​ကြောင့် ​ငြိမ်းချမ်းရေး ​ဆွေးနွေးမှုတွေကိုအနှောက်အယှက် ​ဖြစ်စေမယ်လို့ ​မမြင်သလို ​သူနဲ့ ​အစိုးရကြားက ​ဆက်ဆံရေးကိုလည်းထိခိုက်မယ်လို့ ​မမြင်ကြောင်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောကြားသွားပါတယ်။
မယ်လက ​ဒုက္ခသည်စခန်းမှာ ​တစ်ချို့ ​အလှူရှင်တွေက ​ဆက်လက်မထောက်ပံ့တော့တဲ့အတွက် ​ဒုက္ခသည်တွေကို ​ထိခိုင်နိုင်တဲ့အတွက် ​ အလှူရှင်တွေနဲ့ ​ပြောဆို ​ဆွေးနွေးဖို့
ရှိတယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

လက်တလော ​ဖြစ်ပေါ်နေတဲ့ ​အစ္စလမ်ဘာသာဝင်တွေရဲ့ ​အရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ​တရားဥပဒေစိုးမိုးရေးဟာ ​အရေးကြီးကြောင်းပြောသွားခဲ့ပါတယ်။

“ကိစ္စ ​၂ ​ခုဆီကို ​ရောက်ပါတယ်၊တစ်ခုက ​။ ​နံပါတ် ​၁ ​ကတော့ ​ဥပဒေ ​စိုးမိုးရေးပေါ့။ ​နံပါတ် ​၂ ​က ​တော့ ​လှုံ့ဆော်တဲ့ ​သူများ ​ရှိသလားဆိုတဲ့ ​စိုးရိမ်ပူပန်မှုပဲ ​။ ​ဥပဒေ ​စိုးမိုးရေးလို့ ​ကျမ ​ဘာလို့ ​ပြောရလဲ ​ဆိုတော့ ​ဒီနိုင်ငံမှာ ​ဥပဒေ ​စိုးမိုးရေး ​ရှိတ်၏၏၏ယ် ​ဆိုလို့ ​ရှိရင် ​ပထမဆုံး ​ပြသနာ ​တစ်ခု ​အရေးအခင်းတစ်ခု ​ဖြစ်လိုက်တာ ​။ ​ရာဇ၀တ်မှုတစ်ခု ​ဖြစ်ပြီ ​ဆိုကတည်းက ​ပိပီပြင်ပြင်  ​မြန်မြန်ဆန်ဆန် ​အရေးယူလိုက်မယ် ​ဆိုလို့ ​ရှိလို့ ​ရှိရင် ​ဒီပြသနာတွေဟာ ​ကြီးပွါးသွားစရာ ​မရှိဘူး။အဲတော့ ​ပြသနာ ​တစ်ခု ​မရှင်းလိုက်တာနဲ့ ​နောက်တစ်ခု ​ထပ်ပြီး ​ကြီးကြီး ​ကျယ်ကျယ် ​ပေါ်လာတယ်။အဲဒီနောက်တစ်ခုကို ​လည်းသေသေချာချာ ​ဒါဟာ ​ဥပဒေပိုင်းဆိုင်ရာအဖွဲ့ ​အစည်းက ​ရှင်းလင်းရမယ့် ​ပြသနာ ​၊ ​ဥပမာဆိုရင် ​ရာဇ၀တ် ​ကျူးလွန်သူတွေကို ​ဖမ်းရမှာ ​အရေးယူရမှာ ​အမြန်ဆုံးပေါ့နော်။ ​ဒါ ​ရဲအဖွဲ့နဲ့ ​ဆိုင်တယ်။ဥပဒေ ​တရားရုံးတွေနဲ့ ​ဆိုင်တယ်။အဲဒီဟာတွေကို ​မြန်မြန်ဆန်ဆန် ​လုပ်နိုင်မယ် ​ဆိုလို့ ​ရှိရင် ​ပြသနာတွေကို ​ထိန်းထားလို့ ​ရတယ်။မြန်ုမြန်ဆန်ဆန် ​မလုပ်နိုင်ရင် ​ပြသနာတွေက ​တစ်ဆင့် ​ထက် ​တစ်ဆင့် ​ကြီးထွားမယ်၊နောက်ပြီးတော့ ​ကျမတို့ ​ပြည်သူတွေကလည်းဒါကို ​နားလည်ရမယ်။အခြေအနေကို ​မတည်ငြိမ်အောင် ​လှူံ့ဆော်နေတဲ့ ​သူတွေများ ​ရှိသလား။ ​ကျမတို့ ​ရဲ့ ​နိုင်ငံ ​လူမှု ​အသိုင်းအ၀ို၏င်းအတွက် ​အကျိုး ​ရှိသလား ​မရှိဘူးလားဆိုတာကို ​မဆင်ခြင်ပဲနဲ့ ​ထပြီးတော့ ​အော်မယ်ဆိုလို့ ​ရှိရင် ​မလိုလားအပ်ပဲ ​ပြသနာတွေကိုကြီးထွားနိုင်စေတယ်။ ​ပထမဆုံး ​ဖြစ်တဲ့ရာဇ၀တ်မှု ​တစ်ခုကို ​ထိထိမိမိနဲ့ ​မြန်မြန်ဆန်ဆန် ​ကိုင်တွယ်လိုက်နိုင်ပြီဆိုရင် ​ဒီမီးစဟာ ​မီးတောက်ကြီး ​မဖြစ်သွားနိုင်ပါဘူး။ ​ကျမ ​အမြဲပြောပါတယ် ​။ ​လူများစုဆိုတာ ​လူနည်းစုကို ​ကာကွယ်ရမယ်"

ဒေါ်အောင်ဆန်းစုကြည်က ​သူ့ရဲ့ ​ဥရောပခရီးစဉ်နဲ့ ​ပတ်သက်ပြီး ​ခုလို ​ပြောပြခဲ့ပါတယ်။

"ကျမ ​ဥရောပ ​ခရီးစဉ်ကို ​ဇွန်လ  ​၁၃ ​ရက်နေ့ ​မှာ ​စတင်ပါမယ်။၊ဆွစ်ဇာလန်က ​ဂျနီဗာ ​မြို့မှာ ​သွားပြီးတော့ ​ILO ​ပေါ့နော်၊သွားပြိးတော့ ​ကမ္ဘာ့အလုပ်သမား ​အဖွဲ့အစည်းမှာ ​သွားပြီးတော့ ​မိန့်ခွန်းပြောစရာရှိပါတယ်။ ​ဂျနီဗာ ​ကနေပြီးတော့ ​အော်စလိုကို ​သွားရပါမယ်၊အော်စလိုမှာတော့ ​လေး ​ငါးရက် ​ကြာမယ် ​ပြီးတော့ ​U2 ​အဖွဲ့ရဲ့ ​ပွဲကို ​တက်ဖို့ ​အစီအစဉ် ​ရှိပါတယ်။အဲဒီကနေ ​အင်္ဂလန်ကို ​သွားပါမယ်၊အဲဒီမှာ ​တစ်ပတ်လောက် ​ကြာမယ်၊နောက်ပြီးတော့ ​ပြင်သစ်ကို ​သွားပါမယ်၊အသေးစိတ်အစီအစဉ်ကိုတော့ ​တိတိကျကျ ​သိတဲ့ ​အခါ ​ကျရင် ​ကျွန်မတို့ ​ထုတ်ပြန်ပါမယ်။လေယာဉ်လက်မှတ်တွေ ​ဘာတွေ ​စီစဉ်ရအုံးမယ်"

ဒီအကြောင်းတွေကို ​ရေဒီယိုသြစတြေးလျသတင်းထောက် ​ကိုမောင်သန်းနဲ့ ​ဘုတ်ဘုတ်တို့က ​ပေးပို့ထားတာဖြစ်ပါတယ်။

Ref: Radio Australia

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes