Friday, 2 December 2011

ခွဲထွက်နှင့် နုတ်ထွက် တချို့ NLD ပါတီသစ်ကို ပြန်ဝင်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ခွဲထွက်ပြီး ပါတီသစ်တည်ထောင်ထားသူများ အပါအ၀င် နုတ်ထွက်ထားသူတချို့သည် NLD ပါတီသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။
NLD ပါတီမှ ခွဲထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)နှင့် အမျိုးသား ဒီမိုကရေစီပါတီတို့မှ အဖွဲ့ဝင်တချို့မှာ NLDသို့ ၀င်ရောက်ကြမည်ဟု သိရသည်။
 NLD မှတ်ပုံတင်မည်ဟု ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ပြန်ဝင်မယ့်သူတွေရှိလည်း ပြန်ဝင်ပေါ့ဗျာ။ ကျနော်တို့ကတော့ ပြောစရာမရှိပါဘူး၊ အခုအချိန်မှာ NLD ကလည်း ထင်ရှားတောက် ပ နေတာကိုး။ မိခင်ပါတီအပေါ် သံယောဇဉ် ရှိတဲ့သူတွေလည်း ရှိနေမှာပါ”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
သို့သော် ယခုအထိ NDF ပါတီဝင်များထဲက နုတ်ထွက်စာတင်သူမရှိသေးကြောင်း၊ ယခုကိစ္စမျိုးသည် တဦးချင်းကိစ္စဖြစ်ကြောင်း လည်း သူကပြောသည်။
NDF အနေဖြင့်လည်း ပါတီဖျက်၍ NLD နှင့် ပြန်လည်ပူးပေါင်းရန် အစီအစဉ်မရှိသေးကြောင်း၊ သို့သော် မဟာမိတ် ၁၀ ပါတီ အနေဖြင့် NLD နှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကိစ္စများအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ကြေညာထားကြောင်း ဦးခင်မောင်ဆွေက ဆက်ပြောသည်။
NDF ပါတီဝင် အမည်မဖော်လိုသူ တဦးကမူ“ကျနော်တို့ကတော့ နဂိုကလည်း NLD ဖြစ်ခဲ့တာ တကြောင်း၊ ကျနော်တို့ ယုံကြည် ခဲ့တဲ့ ရွေးကောက်ပွဲပြန်ဝင်မှာနဲ့ ပါတီ မှတ်ပုံတင်တာရှိလာပြီဆိုတော့ အခု ပါတီက ပြန်ထွက်ပြီး NLD ကို ပြန်ဝင်ဖို့ လုပ်နေပါတယ်”ဟု ဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း“ကျနော်သိသလောက်တော့ ကျနော်တို့နဲ့ လာရောက်ပူးပေါင်းတဲ့ လသာ ဦးကြည်မြင့်က ဂျာနယ်တစောင်မှာ ပြောတာ တွေ့လိုက်တယ်။ သူက NLD ထဲ ပြန်သွားမယ် ဆို တော့ သူ့ကိုယ်ပိုင် သဘောထားပဲလေ။ ဒါပေမယ့် သူက ကျနော်တို့ပါတီကနေ ထွက်စာမတင်ရသေးပါဘူး”ဟု ဧရာဝတီကို ပြော သည်။
ဦးကြည်မြင့်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း လသာမြို့နယ်မှလည်းကောင်း၊ ဦးသိန်းညွန့်သည် သင်္ဃန်း ကျွန်းမြို့နယ်ကလည်းကောင်း NLD ပါတီကိုယ်စားပြု၍ ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။
ဦးသိန်းညွန့်သည်၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ်မှ NDF ပါတီကိုယ်စားပြုဝင်ရောက်ခဲ့ပြီး ယခုအခါ NDF မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီပါတီကို ဦးဆောင်တည်ထောင် ထားသူဖြစ်သည်။
ဦးသိန်းညွန့်က ပါတီဝင် ၁၀၀၀ ကျော်ဖြင့် အမျိုးသား ဒီမိုကရေစီပါတီကို ယမန်နေ့ကမှတ်ပုံတင်ခဲ့ကြောင်း၊ NLD ပါတီနှင့် မဟာ ဗျူဟာ အရ အတူတူဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ အမြဲလေးစားလျက် ရှိကြောင်း၊ သို့သော် NLD နှင့် ပြန်လည် ပူးပေါင်းရေးကို ပြန်သုံးသပ်နေကြောင်း ပြောသည်။
“အခုလိုအချိန်မှာ နိုင်ငံရေး စကားပြောရမယ့်အစား စည်းမျဉ်းစဉ်းကမ်းတွေ ပြောလာတဲ့အခါကျတော့ ကျနော့်ဘက်က ပြန် လည်ပူးပေါင်းမယ့် အစီအစဉ်ကို ပြန် သုံးသပ်နေပါတယ်”ဟု ဦးသိန်းညွန့်က ပြောသည်။
ဦးသိန်းညွန့်က ဆက်လက်ပြီး “နှစ်ဦး နှစ်ဘက် တွေ့ပြီး နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုရင် မူလ အဖွဲ့ချုပ် စိတ်ဓာတ် နဲ့ မူလအဖွဲ့ချုပ်ပုံစံ အပေါ်မှာ ကျနော့်ဘက်က လက်တွေ့ကျတဲ့ အလုပ်လုပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် လေးစားတာကြောင့် သူဝင်မယ့် နေရာမှာ ကျနော့် ပါတီက မ၀င်ပါဘူး။ သူ့တဦးချင်းကိုတော့ ကျနော်တို့ ထောက်ခံပါတယ်”ဟု ဆိုသည်။
သို့သော် ဒီမိုကရက်တစ်ပါတီ(မြန်မာနိုင်ငံ) ၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်သန်းသန်းနုကမူ ၄င်းတို့ပါတီမှ NLD ပါတီသို့ ကူးပြောင်းမည့် ပါတီဝင် မရှိသေးကြောင်း၊ ယခုအခါ နိုင်ငံရေးပါတီတချို့တွင် NLD သို့ကူးပြောင်းကြမည် ဆိုသည်ကို သက်ဆိုင်ရာ ပါတီများက တရားဝင် ထုတ်မပြောသော်လည်း ကောလာဟလ အနေဖြင့်ကြားနေရကြောင်း ပြောဆိုသည်။
“ပါတီဖျက်ပြီး NLD ပြန်ဝင်မယ်ဆိုရင် သက်ဆိုင်ရာပါတီနဲ့ လက်ခံမယ့် NLD ပါတီတို့ရဲ့ ပါတီနဲ့ ပါတီခေါင်းဆောင်ပိုင်းတွေ နှစ် ဦး နှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှ ဖြစ်မယ်လို့ ကျမထင်တယ်”ဟု ဒေါ်သန်းသန်းနုက ဆက်ပြောသည်။
NLD မှ ထုတ်ပယ် ခံထားရသူများနှင့် ထွက်ထားကြသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် တချို့နှင့် အခြားသောနိုင်ငံ ရေး ပါတီတချို့မှ ပါတီဝင်များစွာလည်း ယခု ပါတီသစ်အဖြစ် မှတ်ပုံတင်ထားသည့် NLD သို့ ၀င်ရောက်ကြမည်ဖြစ်ပြီး တချို့မှာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲသို့လည်း ယှဉ်ပြိုင်ရန် ရှိကြောင်းသတင်းများ ထွက်ပေါ်နေသည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) ဥက္ကဌဟောင်း ကိုဖြိုးမင်းသိန်းကလည်း“ကျနော်ကတော့ NLD ပါတီက ရပ်တည်လှုပ်ရှားသွားမယ်။ ရွေးကောက်ပွဲ ၀င်ဖို့ ကိစ္စကိုတော့ သေချာ မပြောနိုင်သေး ပါဘူး”ဟု ပြောသည်။
ပြန်လည် မှတ်ပုံတင်ထားသည့် NLD ပါတီသည် ပါတီဝင် ၁၀ သိန်း လက်ခံနိုင်ရန် ပြင်ဆင်ထားပြီး ဒေါ်အောင်ဆန်းစုကြည် သည် လည်း ပါတီဝင်အဖြစ် အသစ်ပြန်လည်လျှောက်ထား ၀င်ရောက်မည်ဟု ဆိုသည်။
NLD သည် တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်သွားရန် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်က ဆုံးဖြတ်ချက်ချခဲ့သည်။
ထို့နောက် NLD ပါတီကို ပြန်လည်မှတ်ပုံတင်ရန် ပါတီ ဦးဆောင်သူ၂၁ ဦး အမည်စာရင်းဖြင့် ပါတီ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်သို့ သွားရောက် လျှောက်ထားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က လူငယ်နိုင်ငံရေးသမားများကိုလည်း လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ၀င်ရောက်သင့်ကြောင်း တိုက်တွန်းပြောကြားထားပြီး ကိုယ်တိုင်လည်း ၀င်ရောက်ရန်ရှိသည်ဟု သတင်းထွက်ပေါ်နေသည်။

အမေရိကန် သမ္မတ မှ မြန်မာပြည်သို့ အိတ်ဖွင့်ပေးစာ

Obama’s Letter to Aung San Suu Kyi
US Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Burma’s leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ဟီလာရီ ကလင်တန်တို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ရင်းနှီးစွာ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

Aung San Suu Kyi
Rangoon, Burma
Daw Aung San Suu Kyi:
It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton’s visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.
I thank you for your welcome of the Secretary’s visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.
Sincerely,
Barack Obama


Obama’s Letter to Thein Sein
Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Burma’s President Thein Sein on Thursday. Here is the letter in full as released by the State Department:
His Excellency
Thein Sein,
President of the Union of Burma,
Naypyidaw
Dear President Thein Sein:
I am pleased we had an opportunity to see each other in Bali (Indonesia), at the US-Asean Leaders Meeting two weeks ago. I am encouraged that under your leadership your country has undertaken several encouraging steps on the path toward reform.
I have asked Secretary of State Clinton to visit your country to discuss your vision for reform, explore how the United States can support and advance your efforts to transition to democracy and promote protection of human rights, and talk directly to your government and citizens about prospects for enhancing relations between our two countries. To that end, she will engage your government about our continuing concerns in the spirit of mutual interest and mutual respect. There is much work to be done, and as Secretary of State Clinton and I have said previously, the United States stands ready to serve as a genuine partner in your effort to achieve lasting change.
I appreciate your government’s help in planning and preparing for this milestone visit. I look forward to hearing the tangible outcomes of Secretary Clinton’s discussions, which we all hope will put us on a path to a new phase in our bilateral relationship.
Sincerely,
Barack Obama

Chatham House Prize 2011 ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်

လန်ဒန်မှာကျင်းပတဲ့ Chatham House ဆုပေးပွဲ
 ဗြိတိန်မှာရှိတဲ့ Chatham House အဖွဲ့ကြီးက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Chatham House Prize 2011 ဆုချီးမြှင့်ခဲ့ပါတယ်။

ကြာသပတေးနေ့ ညနေ လန်ဒန်မြို့က Chatham House မှာကျင်းပခဲ့တဲ့ ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုတင်သွင်းယူထားတဲ့ဗီဒီယိုပြောကြားချက် မှတ်တမ်းကိုလည်း ပြသခဲ့ရာမှာ ‘မြန်မာ အစိုးရအဖွဲ့ထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ တကယ်လုပ်ဆောင်ချင်သူတွေရှိနေပါတယ်၊ ဒီအချိန်ဟာ စွန့်စားထိုက်တဲ့အချိန်လို့ ကျမ ယူဆပါတယ်’ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အဲဒီဆုပေးပွဲအခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madaleine Albright က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုတက်ယူခဲ့ပါတယ်။

Chatham House ဟာ နိုင်ငံတကာရေးရာတွေကို လွတ်လပ်စွာသုံးသပ်ပြီး အဓိကကျတဲ့ နိုင်ငံတကာ ဖြစ်ရပ်တွေကို သိရှိနားလည်လာအောင် ဆောင်ရွက်နေတဲ့ ထင်းရှားတဲ့အဖွဲ့ဖြစ်ပြီး နှစ်စဉ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ထူးခြားတဲ့ အကျိုးပြုလုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဆုချီးမြှင့်ခဲ့ရာမှာ ၂၀၁၁ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင်ခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကလင်တန်ကို ကတိပေး

ချင်းမိုင် (မဇ္ဈိမ) ။       ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ
နိုင်ငံ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ပေးဖို့ ကိစ္စ ဒီလိုတိုက်တွန်းပါတယ်။ တိုက်တွန်းတဲ့အခါမှာ မိမိဘက်က ဖြေတာ ကတော့ တိုင်းရင်းသားများ ပြန်လည်စည်းလုံးညီညွှတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေးအတွက် သူတိုက်တွန်းသွားတဲ့ ကိစ္စ မိမိတို့ဘက်က အစွမ်းကုန်ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်” ဟု သူရ ဦးရွှေမန်းက ကြာသပတေးနေ့က မစ္စစ်ကလင်တန်နှင့် တွေ့ဆုံမှုအပြီး နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား သွားခြင်း
ဖြစ်သည်။

မစ္စစ်ကလင်တန်မှာ မနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတရုံးတွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီး
နေ့လည်စာ အတူစားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ရုံးတွင် သူရဦးရွှေမန်းနှင့် ဆက်လက် ဆွေးနွေးခဲ့သည်။
shwemannmeetcalinton2
ဟီလာရီကလင်တန်နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြော (ဓါတ်ပုံ မဇ္ဈိမ)
အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်လာသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းထက် ပိုမိုလွန်ကဲ
သာ အကျိုးအမြတ်များ ရလာလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာအစိုးရသစ် အတွင်း ပြုပြင် ပြောင်းလဲရေးလိုလား
သော ခေါင်းဆောင်တဦးဟု ထင်ရှားသော ယခင် စစ်အစိုးရ နံပါတ်သုံး ခေါင်းဆောင်ဟောင်းက ပြောသည်။

ဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာအစိုးရ၏ တိုးတက်ပြောင်းလဲမှု ခြေလှမ်းတိုင်းကို စောင့်ကြည့်ကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စတွေမှာ အကူအညီတွေ ပေးမည် ဆိုသည့် ကတိစကား အမေရိကန် ဝန်ကြီးဆီက ရလိုက်သည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

မြန်မာအနေဖြင့် မြောက်ကိုရီးယားထံမှ နျူကလီးယားနည်းပညာ အကူအညီရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည် ဆိုသော စွပ်စွဲချက်များကို အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတွင် ယတိပြတ်
ငြင်းဆိုလိုက်သည်။

“ ဒီနေ့ ဒီဟာနဲ့ ပတ်သက်လို့ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ပြောတဲ့အနေအထား ရှိပါတယ်။ အဲဒီမှာ တချို့ စွပ်စွဲတာက
တော့ နျူကလီးယားကိစ္စ အပါအဝင် မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ ပြောတယ်။ မဟုတ်ပါဘူး။
နျူကလီးယား ကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ်ထိုးလို့လည်း ရနိုင်တဲ့အနေအထား မဟုတ်ပါဘူး။ အဲဒါအပြင် ဒါဖြင့် မြောက်ကိုးရီးယားမှာ ဘာတွေလုပ်ခဲ့သလဲ ဆိုတဲ့အခါမှာ မိမိသူတို့ဆီက
လေကြောင်းရန် ကာကွယ်ရေး လက်နက်စက်ရုံတွေ လေ့လာတယ်။ ကြည့်တဲ့အခါမှာ လေယာဉ်ကိစ္စ သင်္ဘောကိစ္စ အခြားကိစ္စ လေ့လာသင့်တဲ့ကိစ္စလေ့လာတယ်။” ဟု သူရဦးရွှေမန်းက ပြောသည်။

ယခင်စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ရကြောင်း ပြောကာ “မိမိ သည် တပ်မှာ တာဝန်ရှိတဲ့အတွက် မြောက်ကိုးရီးယားမှာရှိတဲ့ မိမိတပ်မတော် နားလည်မှု စာချွန်လွှာထိုးခဲ့ပါတယ်။ အဲဒီထိုးခဲ့တဲ့ အချိန်မှာ မိမိဘေးမှာ ဒီနေ့ တချို့လည်း ဝန်ကြီးတွေဖြစ်နေပြီ တချို့လည်း တခြားတာဝန်တွေ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း လက်မှတ်ထိုးတဲ့ပုံမှာ တွေ့ပါလိမ့်မယ်။” ဟု ဆိုသည်။

မစ္စကလင်တန်က အဆိုပါကိစ္စကိုမေးမြန်းခြင်းမရှိကြောင်းနှင့် “အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မမေးပါဘူး။ မမေး တာထက် အမေရိကန်နိုင်ငံမှာ မိမိတို့သိထားတာထက် လွန်ကဲသော ထောက်လှမ်းရေး စနစ် ရှိပါတယ်။ လူပုဂ္ဂိုလ် တင် မကဘူး။ နည်းပညာ ထောက်လှမ်းရေးတွေ ရှိပါတယ်။ နည်းပညာထောက်လှမ်းရေး ဆိုတဲ့ အခါမှာ မိမိတို့ မသိတာတွေအပြင် မိမိတို့ သိတယ်ဆိုတဲ့ ဂြိုလ်တု ထောက်လှမ်းရေးလိုဟာမျိုးက သူလိုချင်တဲ့နေရာမှာ ဂြိုလ်တုကို တင်ထားပြီးတဲ့ အခါမှာ လိုချင်တဲ့ သတင်းအချက်အလက်တွေ အားလုံး ရယူနိုင်တဲ့ အနေအထား ရှိပါတယ်။” ဟုဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်သို့မသွားခင် နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသွားရာ အမေရိကန်အနေဖြင့် မြန်မာအပေါ်ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းရန် အဆင်သင့်မဖြစ်သေးဟု ပြောကြားသွားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ မကြာမီတွင် လွှတ်လိမ့်မည်ဟု မျှော်လင့်
ကြောင်းနှင့် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆက်ဆံရေး ဖြတ်တောက်မည်ဆိုသော မြန်မာဘက်က ကတိစကား
ပေးအပ်မှုအပေါ် ကြိုဆိုကြောင်း ပါရှိသည်။

အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးများ များစွာလုပ်ရန် လိုနေသေးသည့် မြန်မာအစိုးရ အနေဖြင့် ယခုလုပ်နေသည့်
ပြုပြင်ပြောင်းလဲရေး ကိစ္စများကို နောက်ပြန်မလှည့်ဖို့ အမေရိကန်ဝန်ကြီးက တိုက်တွန်း ဆွေးနွေးသွားခဲ့သည်ဟု သူရ ဦးရွှေမန်းက ပြောသည်။

အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်အောင်လုပ်ကိုင်ခြင်းကြောင့် တရုတ်၊ အိန္ဒိယအပါအဝင် အခြားသော မိတ်ဆွေနိုင်ငံများနှင့်လည်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်စေမှာ မဟုတ်ဟု သူက ဆက်ပြော သည်။ ဒီမိုကရေစီလိုလားသော မြန်မာပြည်တွင်း ပြည်ပအတိုက်အခံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် ခဲ့သည်။

မစ္စစ်ကလင်တန်က ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ဖေါ်ဆောင်ပေးဖို့နှင့် တိုင်းရင်းသားဒေသများရှိ စစ်ပွဲ ပဋိပက္ခ နယ်မြေတွင်း ကျရောက်နေသူတွေကို လူသားချင်းဆိုင်ရာ အထောက်အကူများ တိုးမြင့်ပေးရန်နှင့် ကြားဖြတ်
ရွေးကောက်တင်မြှောက်ပွဲ ပြီးသည့် အခါတွင် နိုင်ငံ့သမိုင်းကြောင်း ရွေးချယ်နိုင်ဖို့အတွက် လွှတ်တော် အမတ်များ တွင်သာ တာဝန်ရှိကြောင်း တိုက်တွန်းခဲ့သည့်အတွက် ကြိုးစားဆောင်ရွက်ပေးပါမည်ဟုလည်း သူရ ဦးရွှေမန်းက ကတိပေးခဲ့သည်။

တနေ့တည်းမှာပင် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ပေါ်ရှိ အမေရိကန် ကောင်စစ်ဝန် ရုံးရှေ့တွင်
မြန်မာတက်ကြွလှုပ်ရှားသူများနှင့် မြန်မာ့ဒီမိုကရေစီအရေး စိတ်ဝင်စားသူ အဖွဲ့ ၁၆ ဖွဲ့နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ လိုလားသူ နိုင်ငံခြားသားများ လူဦးရေ ၇၀ ကျော်က မြန်မာနိုင်ငံတွင်း စစ်မှန်သည့်ပြောင်းလဲမှုတွေဖြစ်ပေါ်လာရေး၊ တိုင်းရင်းသား ပြဿနာများ ဖြေရှင်းပေးရေး၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

“ဝန်ကြီး ကလင်တန်အနေနဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့သွားတဲ့နေရာမှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတို့၊ အပစ်ခတ်ရပ်စဲရေးတို့၊ နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ရေးတို့၊ တခုချင်းစီ လက်တွေ့ကျကျ အကောင်အထည်ဖေါ်လာအောင် ဦးသိန်းစိန် အစိုးရအနေနဲ့ အဲဒါတွေကို လစ်လျူမရှုအောင် အဓိက တိုက်တွန်းလိုတဲ့ အချက်တွေကို ကျနော်တို့အနေနဲ့ လာရောက်တောင်းဆိုရခြင်းဖြစ်တယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုဝင်းအောင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြ တောင်းဆိုသူများ၏ ထုတ်ပြန်ချက်နှင့် တောင်းဆိုချက်များကို အမေရိကန် သံအမတ်ကိုယ်စား တာဝန်ခံ တဦးက လာရောက် လက်ခံ ယူပေးသွားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဇွန်လပိုင်းကစတင်ကာ ကချင်လွှတ်မြောက်ရေးတပ်မတော် KIA နှင့်
မြန်မာအစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့မှုတွင် အစိုးရ စစ်တပ်က ဒေသခံ လူထု အပေါ် ကျူးလွန်မှုများရှိနေကြောင်း ပြောဆိုပြီး “ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးနဲ့
တွေ့ဆုံမှုတွေ လုပ်ပြပေမယ့်လည်း ခု ကျမတို့ကချင်ပြည်နယ်ထဲမှာ ထိုးစစ်ဆင်နေတာ၊ ဒေသခံတွေကို အနိုင်ကျင့်
နေတာတွေက မရပ်ဘူး။ ဒါတွေကို မြန်မာပြည်ရောက်နေတဲ့ ဝန်ကြီး ကလင်တန်အနေနဲ့ တိုက်တွန်းပေးဖို့ ကျမတို့ ကတောင်းဆိုတာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူ မဆိုင်းပန်က ဆိုသည်။

ဝန်ကြီး ကလင်တန်အနေဖြင့် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး မြန်မာ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းတွေ့ဆုံ
ဆွေးနွေးမှုအပေါ် ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB က ကြိုဆိုလိုက်သည်။

မင်းတုန်းမင်းမှ ဟီလာရီ ကလင်တန် အထိ

မြန်မာ – အမေရိကန် ဆက်ဆံရေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သမိုင်းဝင် အလည်အပတ်ခရီး သွားချိန်နှင့် တဆက်တည်း အမေရိကန်-မြန်မာ ဆက်ဆံရေးကို ယှဉ်ထိုး လေ့လာနိုင်ရန် အတွက် နှစ်နိုင်ငံအကြား အဓိက ဖြစ်ထွန်းမှုများကို နှစ်အလိုက် ဖော်ပြလိုက်ပါသည်။
၁၉၅၅ ခုနှစ်က ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန် ဖော်စတာ ဒါးလက်စ်(အလယ်ရှိ ဂုဏ်ပြုတပ်ဖွဲ့ဝင် အနောက်ဘက်) နှင့် မြန်မာ ၀န်ကြီးချုပ် ဦးဘဦး(ဓာတ်ပုံ - Life Magazine)

နိုဝင်ဘာ ၃၀ ရက်က စတင်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် အမေရိကန် ထိပ်တန်းသံအဖွဲ့နှင့် အတူ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်ပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ နိုဝင် ဘာ ၁၈ ရက်က အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကြေညာလိုက်သော ထိုခရီးစဉ်သည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်း လဲမှုများပိုမိုဖြစ်ထွန်းလာစေရန် အားပေးသည့် ကြိုးပမ်းချက်တခုအဖြစ် ရှုမြင်နိုင်သည့်အပြင် အနောက်နိုင်ငံများနှင့် သံတမန်ရေး အရ အထီးကျန်ဆန်နေသော မြန်မာနိုင်ငံကို ကူညီအားပေးရာ လုပ်ရပ်တခုအဖြစ်လည်း ရှုမြင်ကြပါသည်။
စစ်တပ်နောက်ခံ အစိုးရသစ်သည် ကမ္ဘာ့ သြဇာတိက္ကမ အကြီးဆုံးနိုင်ငံနှင့် ‘ပုံမှန်’ ဆက်ဆံရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်ဖြစ်သည်။
မြန်မာ – အမေရိကန် ဆက်ဆံရေး မှတ်တမ်း
၁၉၅၃ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်ကို ရွှေတိဂုံ ဘုရားတွင်တွေ့ရစဉ်
 ၁၈၅၆ ခုနှစ် ။  ။ မင်းတုန်းမင်းသည် အမေရိကန်နိုင်ငံနှင့် နီးနီးကပ်ကပ်ဆက်ဆံချင်ကြောင်း အမေရိကန်သမ္မတ ဂျိမ်းစ် ဗြူကန်နန် ထံသို့ စာရေးသည်။
၁၈၅၇ ခုနှစ် ။  ။ ဘူချာနန်က အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးလိုလားကြောင်းနှင့် မြန်မာ့ အချုပ်ချာအာဏာကို ထိပါးစေမည့်ဖြစ်ရပ်များကို သူ မမြင်တွေ့လိုကြောင်း ထပ်လောင်းကတိပြုရင်း မင်းတုန်းမင်းထံသို့ ပြန် စာပို့သည်။ အမေရိကန်သမ္မတက မြန်မာဘုရင်မင်းမြတ်ထံသို့ စာအုပ်နှင့် ရေနွေးငွေ့သုံး မီးရထားပုံစံငယ်ကို လက်ဆောင်
အဖြစ် ဆက်သသည်။
၁၉၄၈ ခုနှစ် ။  ။ အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုသည်။ ရန်ကုန်တွင် သံရုံးဖွင့်ပြီး အောက်တိုဘာလတွင် ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်သည်။
၁၉၄၈-၅၃ ခုနှစ် ။  ။ အမေရိကန်သည် မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ပေးသည့်အပြင် မြန်မာနိုင်ငံတွင်းခိုလှုံနေသော တရုပ်ကူမင်တန်(KMT) တပ်များကိုလည်း လျှို့ဝှက်ထောက်ပံ့ပေးသည်။ ထို အကူအညီသည် ၁၉၅၃-၅၄ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး ကူမင်တန်အများစု ထိုင်ဝမ်သို့ ပြန်ပို့ခံရသည်။
၁၉၅၀ ပြည့်နှစ် ။  ။ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုးရီးယားက ၀င်ရောက်သိမ်းပိုက်မှုကို မြန်မာနိုင်ငံက ရှုတ် ချသည်။ ဇူလိုင်လတွင် ကမ္ဘာ့ကုလသမဂ္ဂ တုံ့ပြန်ချက်ကို ထောက်ခံသည့် မဲ ထည့်သည်။ ဇွန်လတွင်ပင် ဗြိတိသျှ ဓနသဟာယနိုင်ငံများ အဖွဲ့က မြန်မာကို ဗြိတိသျှ စတာလင်ပေါင် ၆ သန်းချေးရန် သဘောတူသော်လည်း စက်တင်ဘာလတွင် မြန်မာနိုင်ငံ က အမေရိကန်အစိုးရ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(TCA) ထံမှ အကူအညီရယူသည်။
၁၉၅၅ ခုနှစ်တွင် တွေ့ရသော မြန်မာ ၀န်ကြီးချုပ် ဦးနု နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန် ဖော်စတာ ဒါးလက်စ်
၁၉၅၃ ခုနှစ် ။  ။ အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီး ရောက်ရှိသည်။ ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် ကြုံရသည်။ နယူးယောက် တိုင်းမ် သတင်းစာအဆိုအရ ပဲခူးတွင်“မြန်မာ နိုင်ငံသည် အမေရိကန်စစ်ဘီလူးများအတွက် နေရာမဟုတ်”ဟု ဖော်ပြသောစာတန်းနှင့်ဆန္ဒပြသူများက နစ်ဆစ်ကိုကြိုဆိုခဲ့ကြ သည်။
၁၉၅၅ ခုနှစ် ။  ။ ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဖော်စတာ ဒါးလက်စ် သည် ရန်ကုန်ကို အလည်ရောက်ရှိလာပြီး ၀န်ကြီးချုပ် ဦးနု အပါအ၀င် မြန်မာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံသည်။
၁၉၅၅ ခုနှစ် ။  ။ ဇွန်လတွင် ဦးနုသည် ၀ါရှင်တန်သို့ တရားဝင် သွားရောက်လည်ပတ်ပြီး အမေရိကန် လွှတ်တော်တွင် မိန့်ခွန်းပြောသည်။ အမေရိကန်သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါနှင့် မြန်မာဝန်ကြီးချုပ် ပူးတွဲထုတ်ပြန်သောကြောညာချက်၌“ရန်ကုန်မြို့တော်တွင် လတ်တလော ကျင်းပနေသော ဆဋ္ဌမ သံဃာရတနာ တင်ပွဲသည် ဒေသတခုလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်း စေ သည်”ဟု မှတ်ချက်ချခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံတွင် အဖမ်းခံထားရသော အမေရိကန် လေယာဉ်မှူးများအရေးကိုလည်း ပြန် လည် သုံးသပ်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၌ နိုင်ငံခြားတင်ပို့ရောင်းချမည့် ဆန်စပါးများ အဆမတန် ပိုလျှံခြင်းကြောင့် ဖြစ်ပေါ်လာသည့် “ရှုပ်ထွေးခက်ခဲသော စီးပွားရေးပြဿနာများ”များကိုလည်း ဆွေးနွေးခဲ့သည်။
၁၉၅၇ ခုနှစ် ။  ။ မြန်မာနိုင်ငံ သမ္မတ မန်းဝင်းမောင်သည် ဆေးကုသမှုခံယူရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ဒီဇင်ဘာ၂၃ရက်နေ့တွင် အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါနှင့် တွေ့ဆုံသည်။
၁၉၅၅ ခုနှစ် က ၀ါရှင်တန်တွင် အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင် နှင့် ၀န်ကြီးချုပ် ဦးနုကိုတွေ့ရစဉ်
၁၉၅၆-၆၄ ခုနှစ် ။  ။ မြန်မာနိုင်ငံသို့ အမေရိကန်က စားနပ်ရိက္ခာအထောက်အပံ့များ ၁၉၅၆ ခုနှစ်တွင် စတင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက ရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းချိန်၌ အမေရိကန်တွင် စစ်ပညာ သင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိပေါင်း ၁၀၀၀ ခန့် ရှိသည်။
၁၉၆၆ ခုနှစ်က အာဏာရှင် ဦးနေ၀င်း နှင့် အမေရိကန် သမ္မတ လင်ဒန် ဘီ ဂျွန်ဆင် တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်
၁၉၆၆ ခုနှစ် ။  ။ စက်တင်ဘာလတွင် ဗိုလ်ချုပ်နေ၀င်းသည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည် ပတ် ပြီး သမ္မတ လင်ဒန် ဘီ ဂျွန်ဆင်နှင့် တွေ့ဆုံသည်။ တရားဝင်ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံ ၏ ဘက်မလိုက်မူဝါဒကို နားလည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး“နှစ်ပြည်ထောင် နိုင်ငံသားများ၏ အပြန်အလှန် အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာနားလည်မှုအကျိုး ထမ်းရွက်ရာတွင်”ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ် ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ထပ်လောင်းပြောဆိုခဲ့သည်။
၁၉၇၄ ခုနှစ် ။  ။ အမေရိကန်နှင့် မြန်မာအစိုးရသည် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ အမေရိကန်က Bell 205 ရဟတ်ယဉ်များ မြန်မာနိုင်ငံအား ထောက်ပံ့ရန်လည်း သဘောတူသည်။
၁၉၈၂ ခုနှစ် ။  ။ အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်သို့ လာရောက် လည် ပတ် သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ပြောကြားသည်။
၁၉၈၈ ခုနှစ် ။  ။ နိုင်ငံတ၀န်း ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပေါ်နေသော စက်တင်ဘာလတွင် အာရှနှင့်ပစိဖိတ်ရေးရာ ကော် မတီ ဥက္ကဌ အောက်လွှတ်တော်အမတ် စတီဖင် ဂျေ ဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်လည်ပတ်ပြီး သမ္မတသစ် ဒေါက်တာ မောင်မောင်နှင့် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည့် အပါအ၀င် အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။
၁၉၈၈ ခုနှစ် ။  ။ နိုဝင်ဘာလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာသည် ထိုင်းမြန်မာနယ်စပ်အနီးရှိ သေဘောဘိုး ကျောင်းသားစခန်းသို့လာရောက်လည်ပတ်ပြီး ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်ကဖြိုခွင်း ခဲ့သဖြင့် ပြည်ပသို့ရောက်ရှိလာသူများအတွက် နိုင်ငံရေးထောက်ခံမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ကတိပေး ပြောကြား သည်။
၁၉၉၀ ပြည့်နှစ် ။  ။ အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်လိုက်သည်။ နှစ် ပေါင်း၃၀အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အပြတ်အသတ်အနိုင်ရလိုက်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုသောကြောင့် သံတမန်ဆက်ဆံရေးအဆင့်ကို သံအမတ်အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့ ယနေ့အထိ လျှော့ချလိုက်သည်။
၁၉၉၅ ခုနှစ် က တွေ့ရသည့် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံတမန် မက်ဒလင်း အောလ်ဘရိုက် နှင့် ဒေါ်အောင်ဆန်းစုကြည်
၁၉၉၄ ခုနှစ် ။  ။ ဖေဖော်ဝါရီလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် တွေ့ဆုံခွင့်ရသည်။ အမေရိကန် သမ္မတ ဘီလ်ကလင်တန်က ဒေါ်အောင် ဆန်းစုကြည်အတွက် ပေးပို့သော စာတစောင်အား အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် က ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးအပ်သည်။ အောက်လွှတ်တော်အမတ်သည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့်လည်း
တွေ့ဆုံသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏အနာဂတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးမည်ဟု သူက ပြောဆိုသည်။
၁၉၉၅ ခုနှစ် ။  ။ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ် လာသူ မက်ဒ်လင်း အောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့်တွေ့ဆုံသည်။ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၎င်းတို့ အစိုးရသည် လူထုထောက်ခံမှုအများအပြားရရှိနေသည်ဟု အောလ်ဘရိုက်ကို ပြောဆိုသည်။ နောက်တနေ့တွင် မစ္စ အောလ်ဘရိုက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်။
၁၉၉၇ ခုနှစ် ။  ။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အသင်းတွင် ၀င်ခွင့်ပြုခဲ့ခြင်းအပေါ် အမေရိကန်အစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။
၁၉၉၇ ခုနှစ် ။  ။ အမေရိကန် နိုင်ငံသားများ အနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို သမ္မတ ကလင်တန်က တားမြစ်ပိတ်ပင်သည်။ မြန်မာနိုင်ငံတွင် ငွေခ၀ါချခြင်း အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အမေရိကန်ပြည်ထောင်စုက တားမြစ်ပိတ်ပင်မှုချမှတ် လိုက်သည့်အပြင် တချို့သော မြန်မာစစ်တပ်အရာရှိများနှင့် မိသားစုဝင်များကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ပိတ်ပင်သည်။
၂၀၀၃ ခုနှစ် ။  ။ မေလ ၃၀ ရက် မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းအရပ်တွင် NLD ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဇူလိုင်လတွင် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်သည်။ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှင့် အမိန့်စာ အမှတ် ၁၃၃၁၀ အရ မြန်မာနိုင်ငံမှ ထုတ်ကုန် တင်သွင်းခြင်းကို တားမြစ်ခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခြင်း၊ စစ်အစိုးရနှင့် မြန်မာနိုင်ငံခြား ကူး သန်းရောင်းဝယ်မှု အဖွဲ့သုံးဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည်။ ထိုဒဏ်ခတ်ပိတ်ဆို့မှုများအရ အမေရိ ကန် အစိုးရက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ကူညီမှုတိုင်းကို ကန့်ကွက်သွားမည် ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် မြန်မာကို အရေးယူပိတ်ဆို့သည့် JADE Act ကို အမေရိကန် သမ္မတ ဂျော့ ဘုရှ် လက်မှတ်ထိုး အတည်ပြုနေစဉ်

၂၀၀၅ ခုနှစ် ။  ။ သမ္မတ ဘုရှ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားသော ကွန်ဒိုလီဇာ ရိုက်စ်က မြန်မာနိုင်ငံကို“ကမ္ဘာတ၀န်း အာဏာရှင်များ၏ ခံကတုတ် ခြောက်ခုအနက်”တခုဖြစ်သည်ဟု ပြောဆိုသည်။
၂၀၀၇ ခုနှစ် ။  ။ အစိုးရက လောင်စာဆီဈေး ရုတ်တရက်မြှင့်တင်လိုက်သဖြင့် ရန်ကုန်နှင့် နေရာ အနှံ့အပြားတွင် လူထုဆန္ဒပြပွဲများဖြစ်ပေါ်လာသည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်သည့်အတွက် သမ္မတ ဘုရှ်က လူ့ အခွင့်အရေး
ချိုးဖောက်မှုများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်ခံရသူ တဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည့် အမိန့် ကြေညာချက် အမှတ် ၁၃၃၄၈ ကို ထုတ်ပြန်သည်။ ထို့အပြင် ၎င်းတာဝန်ရှိသူများအား ဘဏ္ဍာ ရေးနှင့် ရုပ်ဝထ္ထုပစ္စည်း အထောက်အပံ့ပေးသော လူပုဂ္ဂိုလ် တဦးချင်းနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းဆည်း ရန် ယင်း အမိန့်တွင်ပါဝင်သည်။ ယခင်ပြစ်ဒဏ်ခတ်မှုအား တိုးချဲ့ထားသော အမိန့်စာဖြစ်သည်။
၂၀၀၈ ခုနှစ် က အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံနေစဉ်
၂၀၀၈ ခုနှစ် ။  ။ သမ္မတ ဘုရှ်သည် မြန်မာနိုင်ငံမှထွက်သော ကျောက်မျက် ရတနာများ တင်သွင်းခြင်းကို ကန့်သတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောလက်ရှိ သွင်းကုန်ကန့်သတ်မှုအား တိုးချဲ့သော Burma Jade Act ကို လက်မှတ်ရေး ထိုး ထုတ်ပြန်သည်။ မြန်မာကုမ္ပဏီ ၁၀ ခုထက်မနည်း အဆိုပါ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံရသည်။
၂၀၀၈ ခုနှစ် ။  ။ မေလတွင် ရဟတ်ယဉ်များ၊ ရေ နှင့်အစားအစာ တန်ပေါင်းများစွာ တင်ဆောင်လာသော အမေရိကန် လေ ယာဉ်တင် သဘောင်္(US Aircraft Carrier Essex)သည် ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီရန် မြန်မာ အစိုးရထံမှ ခွင့်ပြုချက်ကို ကမ်းလွန်ပင်လယ်ပြင်တွင် ရက်သတ္တပတ် ၃ ပတ်ကြာစောင့်ဆိုင်းသည်။ မြန်မာအစိုးရက ကယ် ဆယ်ရေး အစီအစဉ်ကို ပယ်ချလိုက်သည်။ သို့သော် အမေရိကန်အစိုးရကို အမေရိကန်ဒေါ်လာ ၁ ဒဿမ၂ သန်းတန်ဖိုးနီးပါးရှိအစားအစာနှင့်နေထိုင်စရာအကူအညီများ 185 DOD C-130 ကုန်တင်လေယာဉ်များဖြင့် ရန်ကုန်သို့ သယ်ဆောင်ခွင့်ပြုသည်။
၂၀၀၈ ခုနှစ် ။  ။ သြဂုတ်လတွင် အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံသည်။ သမ္မတ ကတော် လော်ရာ ဘုရှ် က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် ဒုက္ခသည် စခန်းများကို သွားရောက်သည်။
၂၀၀၉ ခုနှစ် တွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံသည်
၂၀၀၉ ခုနှစ် ။  ။ သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသဖြင့် ဆယ်စုနှစ်များစွာအတွင်း မြန်မာ စစ်ခေါင်းဆောင်နှင့်တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့သော အဆင့်မြင့်ဆုံးအရာရှိဖြစ် သည်။ မြန်မာနိုင်ငံအတွင်း တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို ထောက်ပြပြီး အမေရိကန်အစိုးရအား မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် ဂျင်မ် ၀က်ဘ်က အပြင်းအထန် စည်းရုံးသည်။
၂၀၀၉ ခုနှစ် ။  ။ စက်တင်ဘာလတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမရှိဘဲ မြန်မာအစိုးရ စစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့မှုလုပ်ဆောင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ် ။  ။ နိုဝင်ဘာလက စင်ကာပူနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတ အိုဘားမား က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား လက်ဆွဲနှုတ်ဆက်သည်။
မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်မည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်မည်ဟု သမ္မတ အိုဘားမားက ပြောဆိုသည်။ ၁၄ နှစ် အတွင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိအဖြစ် အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ ထိုခရီးစဉ်သည် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ်ချမှတ်သော မူဝါဒအသစ် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး၏ တစိတ်တဒေသဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ။  ။ နိုဝင်ဘာလ ၇ ရက်နေ့က အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ကျင်းပသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ
အား “လွတ်လပ်မှု နှင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟု သမ္မတ အိုဘားမားက ရှုတ်ချသည်။ ရွေးကောက်ပွဲမှတဆင့် စစ်အရာရှိဟောင်းများ ဦးဆောင်သော အမည်ခံအရပ်သားအစိုးရထံသို့ စစ်အစိုးရက အာဏာလွှဲပြောင်းပေးသည်။
၂၀၁၁ ခုနှစ် ။  ။ ဧပြီလတွင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား ဆက်သွယ်ဆောင်ရွက်သူအဖြစ် ဒဲရစ် မစ်ချယ်ကို မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက ခန့်အပ်သည်။
၂၀၁၁ ခုနှစ် ။  ။ စက်တင်ဘာ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိများနှင့် ၀ါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံသည်။ နောက်တနေ့တွင် သမ္မတ ဦး သိန်းစိန်က မြန်မာနိုင်ငံမြောက်ဘက်ခြမ်းတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ယာယီရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ ၀ါရှင်တန်က အရေးပါပြီး အပြုသဘောဆောင်သော လုပ်ရပ်တခုအဖြစ် ကြိုဆိုလိုက်သည်။
၂၀၁၁ ခုနှစ် ။  ။ နိုဝင်ဘာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ်ချယ်သည် သက်တမ်းနှစ်လ မပြည့်သေးသည့် အချိန်တွင် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့သွားရောက်ပြီး မြန်မာအစိုးရခေါင်းဆောင်များအပါအ၀င် ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ တွေ့ဆုံသည်။ မြန်မာနိုင်ငံမှ နောက်ထပ်ဖြစ်ပေါ်လာမည့် အပြုသဘောဆောင်သော အပြောင်း အလဲ များနှင့်အတူ အမေရိကန်အစိုးရကလည်း အပြန်အလှန်ဆောင်ရွက်သွားမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာ သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ ထိပ်သီး ညီလာခံ၌ အမေရိကန်သမ္မတ အိုဘားမား ၏ နောက်တွင် ရပ်နေသော သမ္မတ ဦးသိန်းစိန်ကိုတွေ့ရစဉ်

၂၀၁၁ ခုနှစ် ။  ။ နိုဝင်ဘာ ၁၈ ရက်တွင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် “တိုးတက်ပြောင်းလဲမှု အရိပ်အယောင်များ” ဖြစ် ပေါ်နေသည်ဟု ပြောဆိုလိုက်ပြီး “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တဦးချင်းအခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ် ငန်း များ ပိုမိုတိုးတက်လာစေရန် အမေရိကန်အနေဖြင့် ကူညီပေးနိုင်မှုများ” ရှာဖွေလေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဟု ထုတ်ပြန်ကြေညာသည်။
မြန်မာအစိုးရက အမေရိကန်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် အပြောင်းအလဲများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး သမ္မတ အိုဘားမား၏ ကြေညာချက်ကို ကြိုဆိုလိုက်သည်။
၂၀၁၁ ခုနှစ် ။  ။ ဒီဇင်ဘာ ၁ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နေပြည်တော်၌ တွေ့ဆုံသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍသစ် တခုကို ရောက်ရှိပြီ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြော သည်။

နေပြည်တော် သင်္ဂဟ ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ဟီလာရီ ပြောကြားခဲ့သည်များ

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၃၀ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၁ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ အစရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံခဲ့ပြီး မွန်းလွဲသုံးနာရီကျော်တွင် ခေတ္တတည်းခိုရာ သင်္ဂဟဟိုတယ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲ၌ ဟီလာရီကလင်တန်ပြောကြားခဲ့သော စကားရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်မာအစိုးရအနေနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ရေးသားခဲ့တဲ့ အပြင်ဥပဒေတွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀ဝကျော် လွှတ်ပေးခဲ့ပါတယ်။ ကျွန်မအနေနဲ့ ပြောခဲ့တာက အခုယူခဲ့တဲ့ ခြေလှမ်းတွေဟာ အစဉ်အလာမရှိခဲ့ပေမယ့် အစဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာက အားရစရာဖြစ်ပေမဲ့လို့ ၁၀ဝ၀ကျော် ကျန်ရှိနေပါသေးတယ်။ ဒီကိစ္စကို ကျွန်မအနေနဲ့ သီးခြားပြောခဲ့သလို လူသိရှင်ကြားပြောလိုတာကတော့ ဘယ်နိုင်ငံမှာမဆို ဘယ်သူကိုမှ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် ယုံကြည်ချက်တွေကြောင့် အကျဉ်းချထားခြင်း မရှိခဲ့ပါဘူး။  ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလွတ်လာပြီးတော့ နိုင်ငံရေးဖော်ဆောင်မှုမှာ ပါဝင်တာဟာ အားရစရာဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း နိုင်ငံရေးပါတီတွေ အားလုံးဟာ နိုင်ငံတစ်ဝှမ်း ရုံးတွေကို ဖွင့်လှစ်ခွင့်ရပြီးတော့ လွတ်လပ်ပြီး တရားမျှတပြီး ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ရရှိဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်ကတော့ တိုင်းရင်းသား ဒေသတွေမှာ တင်းမာမှုတွေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံးဖြစ်တဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုဖြစ်တဲ့အခါ ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ များစွာရှိပြီးတော့ ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးအမျိုးမျိုးလည်း ရှိပါတယ်။

မြန်မာသမ္မတကို ကျွန်မတိုက်တွန်းခဲ့တာကတော့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေကို လာရောက်တာကို ခွင့်ပြုဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ တကယ်တန်းတော့ အကဲစမ်းမှုတွေ ဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အခြေခံအကြောင်းတရားတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အားလုံးကို ငြိမ်းချမ်းရေးရရှိစေမှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအချက်တွေအပြင် အခြားအကဲစမ်းမှုတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အပစ်အခတ်ရပ်စဲရေး အကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် အရေးကြီးတာကတော့ အစိုးရတစ်ရပ်လုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ သဘောတူညီမှုတွေကို လိုက်နာစေဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ သန္ဓိဌာန် ခိုင်မာမှုကိုလည်း ကျွန်မတို့ ကြိုဆိုပါတယ်။

ဒီတိုးတက်မှုတွေကို အခုထက်ပိုပြီး ကျယ်ပြန့်အောင် မြှင့်တင်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ အစိုးရအတွင်းနဲ့ အစိုးရပြင်ပရှိ ခိုင်မာတဲ့ စစ်မှန်တဲ့ စေတနာရှိသူတွေကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေရဲ့ ရွေးလမ်းမှားတွေကြောင့် လွန်ခဲ့တဲ့ အတိတ်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အခုလိုမျိုး တိုးတက်မှုတွေ မြင်လာတာကို အပြုသဘောဆောင် တုန့်ပြန့်ဖို့ရှိပါတယ်။ အဲဒီတုန့်ပြန်ဆောင်ရွက်မယ့် အရာတွေဟာ မဲခေါင်ဒေသ အောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေ လေ့လာရာမှာ ပါဝင်နိုင်မှုနဲ့ ကမ္ဘာ့ဘဏ်၊ ADB စရှိတဲ့ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကို လာရောက်လေ့လာနိုင်ဖို့တို့ ဖြစ်ကြပါတယ်။ ဒါတွေအပြင် UNDP ရဲ့ အသေးစားငွေချေးလုပ်ငန်းတွေ၊ ပညာရေး ကဏ္ဍတွေမှာ ကူညီနိုင်မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

တစ်ချိန်က ဗီယက်နမ်နဲ့ ဆက်ဆံရေးမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်မှုထမ်းတွေကို ပြန်လည်ရှာဖွေရေးဟာ အကျိုးပြုခဲ့သလို မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road တည်ဆောက်စဉ်က ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေ ပြန်လည် ရှာဖွေရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း မြန်မာအစိုးရနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါတွေဟာ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် ကျွန်မတို့ဘက်က လုပ်ဆောင်သွားမှာတွေ ရှိပါတယ်။ မြန်မာ-အမေရိကန် သံတမန်ရေးဆက်ဆံမှု တိုးတက်ဖို့နဲ့ သံအမတ်ချင်း ဖလှယ်ဖို့လည်း ပါဝင်ပါတယ်။ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေကို တင်ပြနိုင်ဖို့လည်း လမ်းကြောင်းတစ်ရပ် ချမှတ်ထားပါတယ်။ ဒါဟာ နှစ်နိုင်ငံအပြန်အလှန် ယုံကြည် ကိုးစားမှုရရှိဖို့အတွက် ဖြစ်ပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံဟာ စပါးကျီတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်အချိန်မှာ တခြားနိုင်ငံတွေက ဖြတ်ကျော်သွားပြီးတော့ အရှေ့အာရှဒေသမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့်မလို့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့ မေးခွန်းရှိလာပါတယ်။ အခုချိန်မှာ အရေးကြီးတာက အမေရိကန် ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုနဲ့ ဆက်ဆံရေး မဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ မွေးရာပါ အခွင့်အရေးကို နိုင်ငံသားတွေ ခံစားနိုင်ဖို့အတွက် ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင်ရွက်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီလိုလုပ်မှလည်း အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေကြားရာမှာ ဘယ်လိုထွက်လာမလဲဆိုတာတော့ မသိပါဘူး။ အပြုသဘောဆောင် ဖြေကြားမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ တိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့အနေနဲ့လည်း အထောက်အကူပေးဖို့ အဆင်သင့်ပါပဲ။

မြန်မာသမ္မတနဲ့တွေ့တုန်းက မိုးရွာတုန်းရေခံ ဆိုတဲ့ မြန်မာစကားပုံတစ်ခုကို သူပြောခဲ့ပါတယ်။ ကျွန်မတို့ အနေနဲ့ မသိပါဘူး။ ခေါင်းဆောင်တွေယူတဲ့ ခြေလှမ်းတွေဟာ နောက်ပြန်ဆုတ်လို့ မရတဲ့ ခြေလှမ်းတွေလား၊ စီးပွားရေးကို ဖွင့်ပေးရင် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလား။ ဒီမေးခွန်းတွေဟာ ကျွန်မဖြေဖို့ မဟုတ်ပါဘူး။ ဒီမေးခွန်းတွေကို ဖြေရမယ့်သူတွေက နိုင်ငံသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ သန်းပေါင်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံသားတွေ လွတ်လပ်မှု ဂုဏ်သိက္ခာနဲ့ နေထိုင်ကြဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ မှိန်ပျပျတိုးတက်မှုတွေ တွေ့ရှိရပြီလို့ ပြောခဲ့ပါတယ်။ သမိုင်းကြောင်းအရတော့ မှိန်ပျပျ အလင်းရောင်တွေဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီမှိန်ပျပျ အလင်းရောင်တွေဟာ လွတ်လပ်မှုအတွက် ထတောက်နိုင်ဖို့နဲ့ အနာဂတ် ကောင်းစားရေးအတွက်ဆိုတာ ခေါင်းဆောင်တွေအပေါ်မှာ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ကြိမ်တစ်ခါ လာရောက်တဲ့ ခရီးစဉ်အပေါ် အခြေခံပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး မဟာမိတ်ထားရှိဖို့ ဖြစ်ပါတယ်။ မြန်မာသမ္မတကို စောစောက ပြောခဲ့တဲ့အတိုင်းပါပဲ။ အမေရိကန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းနှင့်အတူ ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။

စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဟီလာရီ၏ ဖြေဆိုမှုများ
စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သော ဟီလာရီ၏ ပြောစကားများကို ဆက်လက်ဖော်ပြပါသည်။ မေးခွန်းမေးမြန်းခြင်းကို အမေရိကန်တာဝန်ရှိသူများမှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ မစတင်မီ နာရီပိုင်းအလိုက ကြိုတင်ရယူခဲ့သော မေးခွန်းများကိုး မေးမြန်းစေခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ မေးမြန်းရာတွင် အမေရိကန်နိုင်ငံခြား သတင်းထောက်နှစ်ဦးနှင့်အတူ မြန်မာတိုင်း(မ်)နှင့် The Voice ဂျာနယ်တို့မှ မေးမြန်းခွင့်ရရှိခဲ့ပါသည်။ သတင်းထောက်များ မေးမြန်းခဲ့သည်များအနက် ဖြေကြားမှုအချို့ကို ကောက်နှုတ်ဖော်ပြပါသည်။

စီးပွားရေး ပိတ်ဆို့မှုအတွက် အဆင်သင့်မဖြစ်သေးကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တိုက်တွန်း
သမ္မတနဲ့နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ကိစ္စနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု ကိစ္စနှစ်ရပ်လုံးကို ကျွန်မတို့ဆွေးနွေးခဲ့ကြပါတယ်။  ဒါဟာကျွန်မတို့ရဲ့ဆွေးနွေးမှုမှာ အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုတောင်းဆိုပါတယ်။ ဘယ်နိုင်ငံမှာမဆို  နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်တည်း ရှိတာတောင် လွန်လွန်းလှပြီလို့ ကျွန်မတို့ယူဆပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေရှိတာ တွေ့ရပါတယ်။   နိုင်ငံရေးအကျဉ်းသားနှစ်ရာကို အောက်တိုဘာထဲမှာ လွှတ်ပေးခဲ့တာကို ကျွန်မတို့ ကြိုဆိုပါတယ်။ နိုင်ငံရေးအကျဉ်းအားလုံးလွှတ်ပေးဖို့ကို ကျွန်မတို့ထပ်လောင်း တောင်းဆိုပါတယ်။ ကျွန်မတို့အနေနဲ့ တစ်ချို့ခြေလှမ်းတွေကို ယူနိုင်ဖို့ရာ ဒီဟာကိုလုပ်ဆောင်ဖို့အရေးကြီးပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ  လွှတ်ပေးရေးဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်မှု၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီဖော်ဆောင်မှုဟာ ခက်ခဲတယ်ဆိုတာကို ကျွန်မတို့ နားလည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဒါကို ကျွန်မတို့ ဒီနေ့ဆွေးနွေးရာမှာလည်း လွှတ်တော်ဥက္ကဋ္ဌတွေနဲ့အပြင် သမ္မတနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။  အခုလိုအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း မကြာမီအနာဂတ်အတွင်းမှာ ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။

ကျွန်မအနေနဲ့ တရားဝင်ပြောကြား လိုတာကတော့ ဒီနေ့ ကျွန်မလာရောက်တဲ့ ခရီးစဉ်ဟာ နှစ်နှစ် တာကာလအတွင်း ကျွန်မတို့ လုပ်ဆောင်ချက်တွေကို ပြန်ပြောင်းတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ မြန်မာနိုင်ငံကို သွားရောက်တာ အနည်းဆုံး အကြိမ်နှစ်ဆယ် ရှိပါတယ်။ သူတို့တွေရဲ့ ကြိုးပမ်းမှုလည်း ပါပါတယ်။  ကျွန်မတို့အနေနဲ့ ၂၀ဝ၉ခုနှစ်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒကို  ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ အပြောင်းအလဲကို မြင်လိုပါတယ်။ အထူးသဖြင့် လူထုအားလုံးအတွက်ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကိုရောက်ရှိဖို့အတွက် ကျွန်မတို့ ကြိုးပမ်းနေပါတယ်။  နောက်ဆုံးဒီဆုံးဖြတ်ချက်ရရှိတဲ့အထိ ရောက်အောင်လည်း ကျွန်မတို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

မြန်မာသမ္မတနဲ့ဆွေးနွေးခဲ့ရာမှာ  ပြီးခဲ့တဲ့ ခြေလှမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခြေလှမ်းတွေဟာ စစ်မှန်ဖို့အရေးကြီးပါတယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ တိုင်းရင်းသား လူနည်းစုတွေ၊ နိုင်ငံရဲ့အတိုက်အခံအုပ်စုတွေနဲ့ ဆွေးနွေးပြီးတော့ အားလုံးအာမခံချက်ရရှိဖို့ကို ကျွန်မတို့ ကြိုးစားမှာဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့အဆင်သင့် မဖြစ်သေးပါဘူး။  လက်ရှိကျင့်သုံးနေတဲ့မူဝါဒကို  ပြုပြင်ပြောင်းလဲဖို့က လေ့လာရဦးမှာ  ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အစိုးရရဲ့ခြေလှမ်းတွေကို သေချာစွာ လေ့လာပြီးတော့ ကျွန်မအနေနဲ့ တုန့်ပြန်မှာဖြစ်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဒါဟာ အပြောပဲ မဟုတ်ဘဲနဲ့ လက်တွေ့ ဖော်ဆောင်ဖို့ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို အကဲဖြတ်လေ့လာပြီးတော့ ကျွန်မတို့အနေနဲ့ ဘက်စုံကနေပြီးတော့ ကြိုးပမ်းပြီးတော့ ဒီပြုပြင်ပြောင်းလဲမှုများကို လေ့လာမှာဖြစ်ပါတယ်။
တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အကောင်းမြင်
ကျွန်မတို့ အစိုးရသစ်နဲ့ ဆွေးနွေးညှိနှိုင်းမှု တစ်လျှောက်လုံး အပြုသဘောဆောင်တဲ့ အပြောင်းအလဲ တွေမြင်ဖို့ပါ။ ဆယ်စုနှစ်တစ်ခု ကြာလောက်ကစပြီး နိုင်ငံရေး ကုလားဖန်ထိုးသူတွေရဲ့ ပုံဖော်မှုကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့ ဝမ်းနည်းစရာ ကောင်းလှတဲ့ ဆက်ဆံရေး သမိုင်းကိုလည်း နိုင်ငံတကာကများစွာ စိတ်ဝင်စားစေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အပြောင်းအလဲတွေ ဖြစ်နေခဲ့ပြီးဖြစ်သလို ပြောင်းလဲမှုတွေ ဖြစ်နေတယ်လို့လဲ ပြောလို့ရတယ်။ ကျွန်မတို့ဟာ နိုင်ငံတိုင်းကို ပဋိပက္ခတွေကိုသာ ဖြစ်ပွားစေတဲ့နိုင်ငံတော့ မဟုတ်ပါဘူး။ ထောက်ပံ့မှုကိုသာ ပေးရုံသက်သက်ပါ။ အမြဲတမ်းလိုလို တရုတ်နဲ့ အာရှ-ပစိဖိတ်ဒေသအရေး ဆွေးနွေးတိုင်းလည်း မြန်မာ့အရေးကို အမြဲပါဝင် ထည့်သွင်းပြောကြားမြဲပါ။ အခုအစိုးရသစ်နဲ့ သီခြားတွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း မြန်မာ့အရေးကို အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ တည်ဆောက်နေကြတဲ့ တရုတ်အပါအဝင် အခြားအိမ်နီးချင်းနိုင်ငံတွေက စိတ်ဝင်စားတယ်ဆိုတာ အများကြီးကို ကြိုဆိုပါတယ်။ ကျွန်မတို့ စဉ်စားတယ်။ တရုတ်နိုင်ငံက စိတ်ဝင်စားရင် ကျန်တဲ့ နိုင်ငံတွေလည်း စိတ်ဝင်စားမှာပဲ။ ကျွန်မထင်ပါတယ်။ တစ်ဦးတည်းနဲ့ သူငယ်ချင်း ဖြစ်တာထက် သူငယ်ချင်း မိတ်ဆွေ အများကြီးရှိနေတဲ့အခါ ဘယ်လိုပဲ ယှဉ်ပြိုင်မှုတွေရှိနေပါစေ အကျိုးဖြစ်ထွန်းတာ ဒီနိုင်ငံပါပဲလို့ မြင်ပါတယ်။
ရလဒ်ကောင်းမျှော်လင့်
ဒီနေ့လို အစိုးရသစ်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုအရ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေပြီ ဆိုတာတွေ့ခဲ့တယ်။ ပြီးတော့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေအတွက် လိုအပ်တဲ့အဆင့်တွေကို ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံကိုယ်စား ကျွန်မက မျှော်လင့်ပါတယ်။ ဒီမှာ ထပ်ပြီးဖြေရှင်းရမယ့် အဆင့်တွေဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ နိုင်ငံရေးအကျဉ်းသား ထောင်ကျော် ကျန်ရှိနေသေးတဲ့ကိစ္စ၊ တိုင်းရင်းသားအရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကိစ္စတွေမှာ ဘယ်လောက်အထိဖြစ်လာမလဲဆိုတာ ကျွန်မတို့မျှော်လင့်ထားပါတယ်။
Ref: EMG

Thursday, 1 December 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိ

b35_10
ယနေ့ညနေ ၄နာရီခွဲခန့်တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို တွေ့ရစဉ်
  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၃၀ရက်နေ့ ညနေ လေးနာရီ မိနစ်၃၀အချိန်က အမေရိကန်လေယာဉ် ၈၀၀၀၂ ဖြင့် မြန်မာနိုင်ငံ၊ နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။
နှစ်ပေါင်း ၅၆နှစ်တာကာလအတွင်း သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နေပြည်တော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုခဲ့ပါသည်။ထို နောက် ဟီလာရီကလင်တန်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ခေတ္တတည်းခိုမည့် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြ ပါသည်။  
ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်မှာ သုံးရက်ကြာမြင့်မည် ဖြစ်ပြီး နိုဝင်ဘာလ ၃၀ရက်နေ့မှ ဒီဇင်ဘာလ၂ရက်နေ့ အထိ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစီအစဉ်အရ ဒီဇင်ဘာလ ၁ရက်နေ့တွင် ဟီလာရီကလင်တန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် နေ ပြည်တော်မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။
b35_10_2
နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့် ကြိုဆိုနှုတ်ဆက်
ဟီလာရီကလင်တန်နှင့်အတူ မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်လာရောက်ခဲ့ဖူးသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်နှင့် မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခဲ့ဖူးသော အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာတို့ လိုက်ပါလာကြောင်း သိရပါသည်။  အမေရိကန်ကိုယ်စားလှယ် အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံကြား သမိုင်းနှစ်ပေါင်းများစွာကရှိခဲ့သည့် သံတမန်ဆက်ဆံရေးကို အခြေခံပြီး ပြန်လည်ထိတွေ့ ဆက်ဆံမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ 
ခရီးစဉ်ကာလအတွင်း မြန်မာ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ရာ၌ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ တိုင်းရင်းသားအရေးကိစ္စများနှင့် နျူ ကလီးယားဆိုင်ရာကိစ္စရပ်များကို ဟီ လာရီကလင်တန်က ဆွေးနွေးသွား ဖွယ်ရှိကြောင်း သိရပါသည်။  ထို့အပြင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား အစိုးရအဖွဲ့၏ အာရှဆိုင်ရာ ပထ၀ီနိုင်ငံရေးအပေါ် ပြန်လည်အာရုံစိုက်မှုကို အဓိကထား ဦးတည်သွားမည့် ခရီးစဉ် အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ပြီး မြန်မာ- အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေး တိုး မြှင့်မှုများအတွက် သံတမန်ရေးကျကျ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ 
အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဝေဖန်မှုပြုလုပ်ခဲ့ သော်လည်း လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို အသိအမှတ်ပြုသော အားဖြင့် အမေရိကန် သမ္မတ ဘားရတ်အိုဘားမား က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပါသည်။  သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၈ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီ၌ ပြုလုပ်ခဲ့သော တတိယအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံနှင့်ပတ်သက်သော သီးခြားထုတ်ပြန်ချက်တစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ် ရန် အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ 
ဟီလာရီကလင်တန်သည် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ဖြစ်ပါသည်။
Ref:EMG

Wednesday, 30 November 2011

ထိပ်တန်း အတွေးအခေါ်ရှင် များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ၁၀၀ ရွေးချယ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။
“အာဏာရှင်အုပ်ချုပ်မှုအောက်မှ မြန်မာပြည် ရုန်းထွက်နိုင်ပြီ ဆိုပါက ထိုဖြစ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရ ပါးနပ်လိမ္မာမှု နှင့် ကြံ့ကြံ့ခံရပ်တည်လှုပ်ရှားမှုကြောင့် ဖြစ်ပေလိမ့်မည်” ဟု ယခုလထုတ် Foreign Policy မဂ္ဂဇင်းတွင် ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို မဂ္ဂဇင်း၏ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများစာရင်း အမှတ်စဉ် ၃၁ တွင် တွေ့ရသည်။
အာရပ်နွေဦးတော်လှန်ရေး ခေါင်းဆောင်များဖြစ်သည့် အီဂျစ်နိုင်ငံမှ Mohamed ElBaradei and Wael Ghonim တို့ကို အမှတ်စဉ် ၁ တွင် ဖော်ပြထားသည်။ အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၁၁ တွင် ရှိနေသည်။
Foreign Policy မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အနှစ် ၂၀ ကျော် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ထိုကာလအတွင်း ထိန်းသိမ်းခံရသည့် ကာလ ၁၅ နှစ် ရှိခဲ့သည်ဟု ရေးထားသည်။
ယမန်နှစ်က အချုပ်အနှောင်မှ ပြန်လွတ်လာသော်လည်း ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်မှုအောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှေ့သို့ တက်လှမ်းနေပုံ ရှိကြောင်း ဖော်ပြထားသည်။
အစိုးရသစ်၏ သမ္မတ ဦးသိန်းစိန်သည် စာနယ်ဇင်းချုပ်ကိုင်မှုများ ဖြေလျှော့ပေးခဲ့ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ကြောင်းလည်း Foreign Policy မဂ္ဂဇင်းက မှတ်ချက်ပြုထားသည်။

Tuesday, 29 November 2011

“လမင်းပြည့်သာ ဇာတိရွာ”

ဇာတိကျေးရွာ
ဖယ်ကြဉ်ခွာ
ဆယ်နှစ်မက ကြာခဲ့ပြီ။

နီးလျှက်နဲ့  ဝေး
ဝမ်းစာရေး
ချက်မြှုပ်မြေနဲ့  စိမ်းရသည်။

မြို့ ပြရင်ခွင်
လပြည့်လျှင်
ရင်မှာဆို့ တက် လွမ်းလှသည်။

လမင်းပြည့်လျှံ
သောသောညံ
ပူပန်မရှိ ပျော်ခဲ့သည်။

ပလွေကိုမှုတ်
ကိုဖိုးတုတ်
ငုတ်တုတ်ထိုင်ကာရင်ဖွင့်သည်။

ကလေးနှင့်ခွေး
အတူပြေး
ကောက်လှိုင်းဘေးမှာ ပျော်ကြသည်။

လူကြီးတစ်သိုက်
ဝိုင်းဖွဲ့ လိုက်
စကားအသိုက် စည်ကြသည်။

ပျိုမေတစ်သိုက်
ထုပ်စည်းလိုက်
ချွေးပြိုက်ပြိုက်ပင် ရွှဲတော့သည်။

ချက်အရက်ဆိုင်
စကားမြိုင်
လမင်းနိုင်နိုင် ပြုံးတော့သည်။

ဆွဲလည်းသံမွှေး
စေတီဘေး
ကိုရင်လေးတို့  ပျော်ကြသည်။

ညဥ့်နက်လွန်လေ
ဝင်းထိန်ပေ
လမင်းလှလှ ပြုံးပြသည်။

ပြုံးရယ်ခဏ
သင်္ခါရ
တရားနဲ့ သာ ဖြေရသည်။

ဇာတိကျေးရွာ
ဖယ်ချန်ခွာ
ဆယ်နှစ်မက ကြာခဲ့ပြီ။ ။

တစ်ကောင်ဘွား (ညောင်ရမ်း)

Ref

mwrn ရေဘေးကူညီ ထောင့်ပံ့ရေး


ထိုင်းနိုင်ပိုင် အလုပ်သမားသမဂ္ဂများအဖွဲ့နှင့် ရွှေ့ပြောင်းအလုပ်သမားအတွက်အခွင့်ရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းကာကထုပင်မြို့ အုံးနွဲ့ စိုင် 5 ဒေသတွင် ဆန် မာမာ့ ရေသန့် ဆပ်ပြာ စသည်တို့ထည့်ထားသော ပစ္စည်းအထုပ်ပေါင်း ၃၃၃ ထုပ်အား 27 11 2011 တွင်သွားရောက်လှူဒါန်းကြသည်။

အိမ်ပေါ်သို့ပစ္စည်းများတင်နေပုံ


mwrn ဥက္ကဌ ဦးအောင်ကျော်မှ ပစ္စည်းထုပ်လှူဒါန်းနေပုံ
အပြန်ခရီး
     


   

 

 

Monday, 28 November 2011

ရေဘေးကူညီနေပုံ

27.11.2011 ထိုင်းနိုင်ငံ ပိုင်အလုပ်သမားးသမဂ္ဂများအဖွဲ့နှင့် ရွှေ့ပြောင်းအလုပ်သမားအတွက်အခွင့်အရေးကွန်ယက် MWRN
တို့ပူးပေါင်းကာ ရေဘေးသက်နေသော မြန်မာအလုပ်သမားများထံဆန် ဆီ စသော ပစ္စည်းများအာ သွားရောက် လှူဒါန်းနေသော ဓါန်ပုံများ
ဒီလိုလှေကလေးနှင့်ပျော်စရာလေးနော်
Add caption

ကိုင်း......... လုပ်ချလိုက်ပြီ ဒို့လူတွေကတော့

ကိုင်း.... ဘယ်လိုလုပ်ကြမလဲ။
အရှေ့တောင်အာရှအားကစားအလံကို မြန်မာကတော့ ကိုကြီးကျော်သီချင်းနဲ့ကြိုသွားပါပြီ...။
မြန်မာ့ Music မြန်မာ့အပျိုတော်အက ကိုကြီးကျော်သီချင်းနှင့် အားကစားအလံ..... အင်း...ရသကတော့ ပေါင်မုန့်ကို ငပိရည်ဆန်းစားရသလိုပါ့။ ဒီပုံကိုကြည့်ခြင်းအားဖြင့် လာမည့် ၂၀၁၄ အာဆီယံဥက္ကဌမြန်မာက ကျဉ်းပပေးမယ့် အရှေ့တောင်အာရှဆိုင်ရာ အစည်းအဝေး ၆၀၀ ၀န်းကျင်ကိုလည်း စည်တော်ယွန်း၊ ရေကင်းဗျော၊ နှဲတော်နှင့် ၀င်းခင်းလို့ ကြိုဆိုကျင်းပမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလို့ ကြိုမြင်မိပါတယ်။ ဘာဘဲဖြစ်ဖြစ် ပြည်ထောင်စုသီချင်းကိုဆိုပြီး ပြည်ထောင်စု မောင်မယ်တို့ လက်တွဲညီညီအကကိုကြည့်ရတာတော့ မျက်ရည်လည်းဝဲ ကိုယ့်ပြည်ကို အသဲထဲက ဘယ်လောက်အထိချစ်တယ်ဆိုတာ အဲဒီမှဗူးပေါ်သလို ပေါ်တာဗျိုး။

ဗုဒ္ဓစွယ်တော်ကို ဖူးမြော်ရန် တန်းစီနေသူများ

 ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။

 ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
Ref: မဇ္ဈိမ

Sunday, 27 November 2011

မြောင်းထဲသို့ သွန်ပစ်လိုက်သည့် အစားအသောက်များမှ ဆီများအားစစ်ယူကာ ဟင်းချက်ဆီအဖြစ် ပြန်ရောင်း...

တရုတ်နိုင်ငံတွင် စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်စားမကုန်၍ မြောင်းအတွင်းစွန့် ပစ်ထား
သည့် စားကြွင်းစားကျန်များမှ ဆီများအားစစ်ယူခပ်ထုတ်ကာဟင်းချက်ဆီအဖြစ်ပြန်လည်ရောင်းချသည့် သ
တင်းတစ်ပုဒ်ကို လွန်ခဲ့ သည့် သီတင်းပတ်က ဒူဘိုင်းထုတ်နေ့ စဉ်သတင်းစာတွင် ဖတ်ရှုမိခဲ့ ရာမှ ကာလအ
တန်ကြာက ဖတ်ရှုခဲ့ ရပြီးဘာသာမပြန်ရသေးသည့် သတင်းတစ်ပုဒ်အား ပြန်ဆိုတင်ပြလိုက်ပါသည်...
နောက်ဆက်တွဲအနေဖြင့် ထိုသို့ ကျန်းမာရေးနှင့် မညီညွတ်သည့် ဆီများအားထုတ်လုပ်သည့် သတင်းအား
စုံစမ်းဖော်ထုတ်သည့် သတင်းထောက်အား အဆိုပါ လုပ်ငန်းရှင်ဟုယူဆရသူက ဓါးဖြင့် ထိုးသတ်လိုက်
သည့် အကြောင်းကိုပါ လွန်ခဲ့ သည့် သုံးရက်ခန့် က သတင်းစာတွင်ထပ်မံဖော်ပြခဲ့ ပါတယ်...

ဒါကြောင့် တရုတ်နိုင်ငံမှစားသုံးဆီများမြန်မာပြည်ဈေးကွက်သို့ ဝင်ရောက်နေသည်ဟုမကြားသိရသော်
လည်း ထိုကဲ့ သို့ မသန့် ရှင်းသောဆီများဖြင့် ကြော်လှော်ထုတ်လုပ်နိုင်ဖွယ်ရှိသည့် ကလေးသူငယ်များအ
ကြိုက် အသင့် စားသုံးနိုင်သည့် ဆီကြော်မုန့် များ ( အာလူးကြော်၊ ငါးမုန်ကြော် အစရှိသည်ဖြင့် ) ကတော့ 
ရွှေပြည်ကြီး၏ကျောင်းများ၊ ရပ်ကွက်ဈေးဆိုင်များ၊ ဆူပါမါးကက်၊ မီနီမါးကက် များတွင် ရောင်းချနေသည်က
တော့ အသေအချာမို့ နိုင်ငံ၏အနာဂတ်ရင်သွေးလေးများအတွက် သတိပြုမိစေရန်တင်ပြအပ်ပါတယ်...
 အပြင်မှာတော့ ဒီလိုလှလှပပလေးတွေထုတ်ပြီး အထဲကအစားအစာတွေကတော့ 
မသန့် တဲ့ ဆီတွေနဲ့ ကြော်ထားလျှင်...
( ဓါတ်ပုံကိုနမူနာအဖြင့် ပြသရန် ရည်ရွယ်ပါတယ်...အမှန်တကယ်ထိုတံဆိပ်မဟုတ်ပါ...)
( အကောင်းဆုံးကတော့ ကျန်းမာရေးဝန်ကြီးဌာန၊ စားသောက်ကုန်ကြီးကြပ်စိစစ်ရေးဆိုင်ရာ ခွင့် ပြုချက်မ
ပါသည့် မည်သည့် အသင့် စားသုံးနိုင်သည့် ဆီကြော်မုန့် မျိုးကိုမဆို ရောင်းချခွင့် မပြုသင့် ပါဘူး...)
ဒီ ဒူဘိုင်းနဲ့ ယူအေအီးမှာတော့ မူလတန်းကျောင်းများမှာ ( Junk Food ) လို့ ခေါ်တဲ့ အသင့် စားသုံးနိုင်
သည့် အဟာရမဖြစ်သောမည်သည့် မုန့် ကိုမဆိုရောင်းချခွင့် မပြုပါဘူး...
 စီးပွားရေးအရတွက်ခြေကိုက်ဖို့ အဓိကပဲ...ဘယ်သူတွေဒုက္ခရောက်ရောက် " ၀ " တို့ ကတော့ မမှုဘူးပဲ...

အကြော်ခံဆီ၊ ဟင်းချက်ဆီ ဆိုသည်ကား စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်၊ စားမကုန်၍သွန်
ပစ်လိုက်သည့် အစားအသောက်အကြွင်းအကျန်များတွင်ပါဝင်သည့် ဆီအား စစ်ထုတ်ခပ်ယူထားသည့် ဆီ
ကိုခေါ်ပါတယ်...
တစ်နည်းအားဖြင့် ဆိုလျှင် စားသောက်ဆိုင်များမှ အမှိုက်များစွန့် ပြစ်သည့် မြောင်း၊ ပိုက်များအတွင်းမှ စစ်
ယူထားသည့် ဆီပင်....

ပုံမှန်အားဖြင့် ဆိုလျှင် အဆိုပါစားကြွင်းစားကျန်များအား ၀က်စာအဖြစ်အသုံးပြုကာဝက်များအားကျွေးရန်
ဖြစ်သော်လည်း တရုတ်နိုင်ငံမှ လူစိတ်မရှိသူ၊ ကိုယ်ကျင့် တရားကင်းမဲ့ သည့် လူ့ တိရိစ္ဆာန်များက အဆိုပါ
စားကြွင်းစားကျန်များမှ ဆီများကိုစစ်ယူခပ်ထုတ်ကာ ဟင်းချက်ဆီအဖြစ်ဈေးနှုံးချိုသာစွာ ပြန်လည်ရောင်း
ချလေ့ ရှိကြတာဖြစ်ပါတယ်...

အလကားရတဲ့ ဆီမို့ ရောင်းတန်းဝင်ဆီသန့် များထက်စာလျှင်တော့ ဈေးအပုံကြီးသက်သာပါတယ်...

ဒီထက်ပိုပြီးစိုးရိမ်ထိတ်လန့် ဖို့ ကောင်းတာကတော့ လမ်းဘေးအကြော်သည်များ၊ ကလေးငယ်များအကြိုက်
အသင့် စားသုံးနိုင်သည့် အာလူးကြော်၊ ငါးမုန့် ကြော်စသည့် တရုတ်ပြည်မှလာသော မုန့် ထုတ်များအနေ
ဖြင့် ထုတ်လုပ်ရောင်းချသူများက ကုန်ကျစားရိတ်သက်သာအောင် အဆိုပါ ဆီညံ့ များအားသုံးစွဲထားနိုင်
တာပဲဖြစ်ပါတယ်...

တရုတ်နိုင်ငံ၊ ၀ူဟန်းမြို့ တော်မှ လူယုတ်မာစီးပွားရေးသမားတစ်ဦးကတော့ အကြော်ခံစစ်ထုတ်ဆီဟာ
စားသုံးရန်သင့် တော်ပါတယ် ( ဘေးအန္တရယ်မရှိပါဘူး ) လို့ ပင်အာမခံလိုက်ပါသေးတယ်...
ထိုကိစ္စကိုလွန်ခဲ့ သည့် ၂၀၀၉ ခုနှစ်ကတည်းကပင် တရုတ်နိုင်ငံတွင် တွေ့ ရှိဖော်ထုတ်နိုင်ခဲ့ ပါတယ်...
ထိုသို့ ဖော်ထုတ်တင်ပြနိုင်ခဲ့ မှုကြောင့် ဝူဟန်းမြို့ တော်အစိုးရနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ပြစ်
မှုကျူးလွန်သူများကို တစ်လကျော်ကြာစုံစမ်းဖော်ထုတ်ခဲ့ လို့ အညစ်အကြေးဆီ အမြောက်အများအား
တွေ့ ရှိသိမ်းဆည်းနိုင်ခဲ့ ပါတယ်....
သို့ သော် လူအများစိတ်ဝင်စားမှုလျော့ နည်းသွားချိန်တွင် အဆိုပါအညစ်အကြေးဆီများပြန်လည်ပေါ်
ထွက်လာလိမ့် မည်ဟု အများစုအနေဖြင့် မထင်မှတ်ထားခဲ့ ပေ...
လွန်ခဲ့ သည့် နှစ်စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်လျှို့ ဝှက်စုံစမ်းထောက်လှမ်းမှုကြောင့် 
ဟုန်ရှန်းဒေသတွင် အဆိုပါ ညစ်ညမ်းဆီ အမြောက်အများအားလျို့ ဝှက်စွာရောင်းချနေသည်ကိုတွေ့ ရှိ
ခဲ့ ရပြန်ပါတယ်...
စားသုံးတစ်ချို့ ကတော့ ထိုဆီကိစ္စဟာအထူးအဆန်းမဟုတ်ပဲအားလုံးသိရှိနေကြတာပဲလို့ ဆိုပါတယ်..


ကဲ ...ပေါက်ဖော်ကြီးတို့ တိုင်းပြည်ကလူစိတ်မရှိတဲ့ သူတစ်ချို့ ရဲ့ ဆီလုပ်ငန်းပုံများအားရှုစားကြပါကုန်...














တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို ရာထူးက ဖယ်ရှား

မြန်မာစစ်အစိုးရ လက်ထက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တဦး ဖြစ်ခဲ့သူ ဒု-ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော် ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း တနင်္သာရီ တိုင်းဒေသ ဝန်ကြီးချုပ် ဦးခင်ဇော် ဖြစ်လာခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားခံလိုက်ရပြီလို့ သိရပါတယ်။
အရင်က မန္တလေးတိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဝန်ကြီးချုပ် ဦးခင်ဇော်ဟာ ဆန်စပါး အထွက်နည်းတဲ့ တနင်္သာရီတိုင်းကို ဆန်တင်ပို့ခွင့် ပါမစ် ထုတ်ပေးရာမှာ မန္တလေးမြို့ အခြေစိုက် ‘အောင်မြင်သူ’ ကုမ္ပဏီ တခုတည်းကိုသာ နယ်ကျော် တင်သွင်းခွင့် ပေးထားတာကြောင့် မြိတ်၊ ထားဝယ်၊ ကော့သောင် ဒေသက ဆန်ကုန်သည်တွေ ဆန်ဖြန့်ဖြူးရာမှာ အခက်ကြုံရသလို တနင်္သာရီတိုင်း ဒေသခံ ပြည်သူတွေလည်း ဆန်ကို ဈေးကြီးပေး ဝယ်စားနေရတယ်လို့ ဒေသခံ ကုန်သည်တွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ တခြား ကဏ္ဍတွေမှာလည်း အာဏာကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာကြောင့် ဒါကို မကျေနပ်ကြတဲ့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက နေပြည်တော်ကို တိုင်ကြားရာက အခုလို ရာထူးက အဖယ်ရှားခံရကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးခင်ဇော်နဲ့ နီးစပ်တဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်သွယ်မေးမြန်းပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
Ref: RFA

အာဏာရှင်ဟောင်း ဦးသန်းရွှေ “အမှန်တကယ် အနားယူပါပြီ”

ဦးသန်းရွှေသည် အုပ်ချုပ်ရေးရာထူးတွင် မရှိတော့ကြောင်း မြန်မာ ထိပ်တန်း ခေါင်းဆောင်တဦးက သောကြာနေ့တွင်ပြောလိုက်သည်။
“ဗိုလ်ချုပ်မှူးကြီးက အမှန်တကယ် အနားယူပါပြီ” ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့တွင် သတင်းထောက်များကို ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ် ၂ ခုကြာ ဖိနှိပ်၊ အကျဉ်းချခဲ့ပြီးနောက် ဦးသန်းရွှေက မြန်မာစစ်တပ် အကြီးအကဲအဖြစ်မှ အနားယူလိုက်သည်။
ပြီးခဲ့သည့် မတ်လက စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ ထိုအချိန်မှစပြီး အစိုးရသတင်းစာမျက်နှာဖုံးတွင် ဖော်ပြခံရလေ့ရှိသော ဗိုလ်ချုပ်မှူးကြီးကို မတွေ့မြင်ရတော့ခြင်းဖြစ်သည်။
ကြာသပတေးနေ့ထုတ် သတင်းစာများတွင် ရန်ကုန်မြို့ရောက် မြတ်စွယ်တော်အတွက် ဦးသန်းရွှေ အလှူအတန်းလုပ်ကြောင်း ဖော်ပြထားသည်။ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့အမည်ကို သတင်းစာတွင် တွေ့ရခြင်းဖြစ်သည်။
သူကိုယ်တိုင် မြတ်စွယ်တော်ကို သွားရောက် ဖူးမျှော်ခြင်းဖြစ်ကြောင်း သတင်းစာတွင် ရေးထားခြင်းမရှိသည့်အပြင် သူ၏ ဓာတ်ပုံလည်း ပါဝင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာသော်လည်း မထင်မရှား နေထိုင်နေသည့် ဦးသန်းရွှေက လက်ရှိအစိုးရကို ချုပ်ကိုင်ထားဆဲဖြစ်သည်ဟု အများအပြားက ယူဆနေကြသည်။
သူရဦးရွှေမန်းကမူ အသက် ၇၈ နှစ် ရှိပြီဖြစ်သည့် ဦးသန်းရွှေသည်
စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီတွင်ပင် “အမှန်တကယ်” ပါဝင် ပတ်သက်ခြင်း မရှိတော့ဟု ဆိုသည်။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲတွင် မဲအများဆုံး ရခဲ့သည်။
“ထပ်ပြီး ရှင်းရှင်း ပြောရရင် ဗိုလ်ချုပ်မှူးကြီးက ပါတီမှာရော၊ အစိုးရအဖွဲ့မှာရော၊ ကျနော်တို့ လွှတ်တော်မှာရော အမှန်တကယ် ပါဝင် ပတ်သက်ခြင်း မရှိတော့ပါဘူး” ဟု သူက ပြောသည်။
ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီးတွင် အစိုးရအပေါ် တစုံတရာ သြဇာလွှမ်းမိုးမှု ရှိနေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။
ဦးသန်းရွှေသည် ရာထူးမှ အနားယူပါက အန္တရာယ်ရှိပုံကို သိရှိထားပြီးဖြစ်သည်။ သူက ယခင်အာဏာရှင်ဟောင်း ဦးနေ၀င်းကို ၂၀၀၂ ခုနှစ်က နေအိမ်အကျယ်ချုပ်ချခဲ့သည်။ ဦးနေ၀င်းမိသားစုဝင်တို့အား စစ်အစိုးရကို ဖြုတ်ချမှုဖြင့် အရေးယူအပြီး ထိုသို့ အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။
(AFP သတင်းကို မိုးမခက ဘာသာပြန်သည်။)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes